အပိုင်း ၃ ( U )

617 53 8
                                    

- တော်ဝင်မဟာနွယ်
- အပိုင်း ၃
- GL Story
- စာရေးသူ ချယ်

             " ဝုန်း "
             " အ့ " ဒန်းလော့မွေ့ယာကြီးပေါ် ပျိုးကိုပစ်ချလိုက်တဲ့အရှိန်က မသေးလှတာကြောင့် ပျိုးကျောပင်အောင့်တတ်သွားသည်။
             " ဘာ! မင်းဘာပြောလိုက်တယ် ပျိုးမဟာနွယ် ပြန်ပြောစမ်း! " မမတော်ဝင်ရဲ့အော်လိုက်တဲ့အသံကြောင့် ပျို့လန့်သွားသော်လည်း စိတ်ကိုတင်းကာ ပျိုးဖြစ်ချင်တာကို ရဲရဲတင်းတင်းပြောလိုက်သည်။
              " ပျိုးကို ကွာရှင်းပေးပါ "
              " ငါ လက် မ ခံ ဘူး " တစ်လုံးချင်း ပြတ်ပြတ်သားသားပြောလာတဲ့မမတော်ဝင်ကြောင့် ပျိုးစိတ်ညစ်သွားသည်။
              " ဘာဖြစ်လို့လဲ မမတော်ဝင် တကယ်ဆို ပျိုးကွာရှင်းခွင့်တောင်းရင် မမတော်ဝင်ပျော်ရမှာလေ အစတည်းက မမတော်ဝင်လဲ ပျိုးကိုလက်ထပ်ချင်တာမဟုတ်ဘူးမလား ဘွားဘွားကဖိအားပေးလို့လက်ထပ်ခဲ့တာဘဲ ပျိုးလဲ "
              " ဘာလဲ မင်းလဲ ငါ့ကိုလက်ထပ်ချင်တာမဟုတ်ဘူးပေါ့ မင်းအဖေရောဂါကိုကုချင်လို့ ငါ့ကိုအသုံးချခဲ့တာလေ အခုမင်းအဖေလဲသေသွားပြီးဆိုတော့ မင်းအသုံးမလိုတော့တာနဲ့ ငါ့ကိုကွာရှင်းချင်နေတာလား ပျိုးမဟာနွယ် " မမတော်ဝင်ပြောတဲ့စကားတွေမှန်နေတာကြောင့် ပြန်လည်တုံ့ပြန်ဖို့ အင်အားမရှိ ၊ နှုတ်ဆိတ်လို့သာ မျက်ရည်ဝဲရသည်။
              " ............. " တော်ဝင်ပြောတဲ့စကားကို ပြန်မဖြေဘဲနှုတ်ဆိတ်နေသည်။ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းဘဲဆိုတဲ့သဘောကို သက်ရောက်တာကြောင့် တော်ဝင် ပို၍ပင်ဒေါသထွတ်လာသည်။
              " တောက်! ပျိုးမဟာနွယ် ငါပြန်လာမှတွေ့မယ် မင်းအေးအေးဆေးဆေးအခန်းထဲမှာနေနေလိုက်တာ ပိုကောင်းမယ် " စာပွဲပေါ်မှာတင်ထားတဲ့ကားသော့ကိုယူပြီး ဒေါသတကြီးထွတ်သွားတဲ့ မမတော်ဝင်ကိုကြည့်ပြီး ပျိုးမသိမသာသက်ပြင်းချရသည်။ ပျိုးကွာရှင်းခွင့်တောင်းတာကို မမတော်ဝင်ဘာကြောင့်လက်မခံတာလဲဆိုတာ ပျိုးနားမလည်တော့ပေ။ ဘွားဘွားကဘဲ မမတော်ဝင်ကိုဖိအားပေးထားတာလား မသိနိုင်တာကြောင့် ပျိုးကိုယ်တိုင် ဘွားဘွားဆီမှာ ကွာရှင်းခွင့်တောင်းဖို့ဆုံးဖြတ်လိုက်သည်။
              " ဘုန်း... "
              " ဘုန်း... ဘုန်း... ဘုန်း " တော်ဝင်မဟေသီတစ်ယောက် ရှိသမျှဒေါသတွေကို Boxing Bag ( လက်ဝှေ့ထိုးတဲ့ သဲအိတ် ) အား အပြင်းအထန်းထိုးပြီးပုံချနေသည်။ Boxing ထိုးရတာကို သဘောကျတဲ့တော်ဝင်က သူမရဲ့ဝါသနာတူ ဆိုးတူဆိုးဖတ်သူငယ်ချင်းနှစ်ယောက်နဲ့အတူ Boxing clubလေးတစ်ခုကို စပ်တူဖွင့်ထားသည်။ ယခုလိုနေ့ခင်းကြောင်တောင် နွေပူပူမှာ သူမပိုင်တဲ့ Boxing clubကိုရောက်ချလာပြီး အမောနိုင်မပန်းနိုင်ထိုးနေတဲ့တော်ဝင်ကိုကြည့်ပြီး ကျန်တဲ့သူတွေပါပူလောင်နေရသည်။ နောက်ဆုံးကြည့်မနေနိုင်တဲ့သူကဘဲ သူမအနားကိုရောက်လာပြီး
              " ဟေ့ Royal မင်းဘာဖြစ်လာတာလဲ "
              " နိုး ဗစ်တာ ကိုယ်ဘာမှမဖြစ်ပါဘူး " ပြင်သစ်မှာ ကျောင်းတတ်တုန်းက ခင်မင်ခဲ့ရတဲ့တော်ဝင်ရဲ့သူငယ်ချင်းကြီး ဗစ်တာရဲ့မေးခွန်းကို Boxing ထိုးမပြတ်ဘဲ ခပ်လွယ်လွယ်သာတုံ့ပြန်လိုက်သည်။ တော်ဝင်ကို Royalလို့သာခေါ်တတ်တဲ့ ဗစ်တာက တော်ဝင်ရဲ့အဖြေကို မကြိုက်ဟန် မျက်မှောင်ကိုစုကျုံ့လို့
              " ရို့ Royal ဘာမှမဖြစ်ဘူးဆိုလဲ Boxing ထိုးတာ ရပ်တန့်လိုက်တော့ မင်း clubကိုစရောက်တည်းက ထိုးနေတာ နှစ်နာရီကျော်ကြာနေပြီး ဘာဖြစ်လာလဲဘဲပြောစမ်းပါ "
              " ဟုတ်တယ်တော်ဝင် အဲကြိုးဝိုင်းထဲကနေထွတ်လာစမ်းပါဟယ် "
              " ပြွတ်... ချစ်တယ် ဒါလင် "
              " ဒုန်း... " မျက်စိရှေ့မှာ လာroပြနေတဲ့ သူငယ်ချင်းအတွဲကို အမြင်ကပ်တာနဲ့ Boxing လက်အိတ်နဲ့ကောက်ပစ်လိုက်သည်။
              " အ့! fuck! Royal "
              " အဲတာဘယ်သွားမလို့လဲတော်ဝင် "
              " နင်တို့တစ်တီတူးနေတာကို မမြင်ချင်တော့လို့သွားတော့မယ် "
              " Where Royal "
              " Bar မှာ အမူးသောက်ပြီး သောက်ပြဿနာရှာချက်လို့ "
              " တော်ဝင်ကို တစ်ယောက်တည်းလွှတ်မထားနဲ့ဒါလင် ဘွားတော်သိရင် တကယ်ပြဿနာအကြီးကြီးတတ်မှာ "
              " Yes Baby , Royal နောက်ကိုလိုက်တာပေါ့ "
              လက်သည်းတွေကို တစ်ချောင်းနဲ့တစ်ချောင်းကုတ်ခြစ်ပြီး ထိုင်နေတဲ့မြေးချွေးမပျိုးကိုကြည့်ပြီး ဒေါ်ထိပ်ထားမဟေသီကဘဲ စကားစရသည်။
              " မြေးပျိုးလေး ပြောစရာရှိလို့ ဘွားဘွားဆီလာတာမလား ဘာပြောမလို့လဲပြောလေ "
              " ဟို... ဟိုလေဘွားဘွား " ပျိုးကိုယ်တိုင် ဘွားဘွားဆီမှာ ကွာရှင်းခွင့်တောင်းဖို့လာတာပေမယ့်လည်း ဘွားဘွားရှေ့ရောက်တော့ ပျိုးပြောလို့မထွတ်။
              " ပြောလေ မြေးလေးပြောပြမှ ဘွားဘွားသိမှာပေါ့ ဘွားဘွားဆူမှာကြောက်လို့ဆိုရင်တော့ ဘာမှမကြောက်နဲ့ ဘွားဘွားကိုပွင့်ပွင့်လင်းလင်းပြော "
              " ဟို... ပျိုး မမတော်ဝင်နဲ့ကွာရှင်းချင်ပါတယ်ဘွားဘွား "
              " ဟောတော် ဘာဖြစ်လို့ကွာရှင်းချင်တာတုန်း မြေးလေးကို ဘွားမြေးတော်ဝင်က နှိပ်စက်လို့လား "
              " အဲလိုတော့မဟုတ်ပါဘူးဘွားဘွားရယ် မမတော်ဝင်က ပျိုးအပေါ်ကိုကောင်းပါတယ် "
              " အဲတာဆို မြေးလေးကဘာလို့ကွာရှင်းချင်ရတာတုန်း "
              " မမတော်ဝင်က ပျိုးကိုမချစ်မနှစ်သက်ဘဲ ဘွားဘွားပေးစားလို့လက်ထပ်ရတာဆိုတော့ ပျိုးကြောင့် မမတော်ဝင်စိတ်ညစ်မှာဆိုးလို့ပါ "
              " သူစိတ်ညစ်လဲညစ်ပါစေပေါ့ မြေးလေးပျိုး စိတ်မညစ်ရင်ရပြီး "
              " အဲလိုလဲမဟုတ်ဘူးဘွားဘွားရဲ့ ပျိုးတို့ကိုကွာရှင်းခွင့်ပေးပါဘွားဘွား "
              " အော်... ဘွားဘွားမေ့နေလို့ မြေးလေးကို ဘွားဘွားပေးစရာရှိတယ် "
              " ရော့ ဒါလေးက မြေးလေးရဲ့ဖေဖေပေးသွားတာ သူမရှိတော့တဲ့အခါ မြေးလေးကိုပေး ပေးပါဆိုလို့ " ဘွားဘွားထိပ်ထားမဟေသီပေးတဲ့ ယွန်းသေတ္တာဘူးလေးနဲ့စာအိတ်လေးတစ်ခုကို ပျိုးရိုရိုသေသေလှမ်းယူလိုက်ပြီး
              " ဘွားဘွား ပျိုးတို့ကွာရှင်းဖို့ "
              " ဘွားဘွားနားချင်ပြီး မြေးလေး "
              " ဟုတ် ဘွားဘွား "
              အခန်းထဲကနေထွတ်သွားတဲ့ မြေးလေးပျိုးကိုကြည့်ပြီး သနားပေမယ့်လည်း ဒေါ်ထိပ်ထားမဟေသီပေးဆပ်ရမယ့် အပြစ်ကြွေးတွေ ဆပ်ဖို့အတွက် ဒီကလေးကိုအနားမှာခေါ်ထားဖို့လိုသည်။
              ပျိုးအခန်းထဲကိုပြန်ရောက်လာခဲ့ပြီး ဘွားဘွားပေးလိုက်တဲ့ ယွန်းသေတ္တာဘူးလေးနဲ့ စာအိတ်လေးကိုသေချာကြည့်လိုက်သည်။ ယွန်းသေတ္တာဘူးလေးကသော့ခတ်ထားသည်။ စာအိတ်ငယ်လေးကို ပျိုးဖွင့်ဖောက်လိုက်တဲ့အခါ ငွေရောင်သော့ချောင်းလေးတစ်ချောင်းရယ် စာတစ်စောင်ရယ်ထွတ်ကျလာသည်။ စာမှာရေးထားတာတွေကို ပျိုးဖတ်ကြည့်ရသည်မှာ
              " ဖေဖေ့သမီးပျိုးလေး သမီးသာဒီစာကို ဖွင့်ဖတ်နေပြီးဆိုရင် ဖေဖေဒီလောကမှာမရှိလောက်တော့ဘူး သမီးကိုဖေဖေမှာခဲ့ချင်တာလေးရှိလို့ ဖေဖေစာချန်ထားခဲ့တာပါ သမီးလက်ထဲမှာကိုင်ထားတဲ့ယွန်းသေတ္တာလေးကို သိမ်းထားပါသမီးပျိုးလေး သမီးဖွင့်ဖို့လိုအပ်လာတဲ့အချိန်ကိုရောက်လာမှဖွင့်ပါ တစ်ချိန်ချိန်တော့ဖွင့်ရမှာပါ ဘယ်အချိန်လဲဆိုရင် အမုန်းတရားနဲ့ချစ်ခြင်းတရားကို သမီးလေးရွေးချယ်ရခတ်နေတဲ့အချိန်မှာ သမီးဖွင့်လိုက်ပါ သမီးအတွက်တစ်ခုခုတော့အထောက်အကူဖြစ်စေမယ်လို့ဖေဖေယုံတယ် ပြီးတော့ သမီးပျိုးလေး ဒီအိမ်ထောင်ကိုထိန်းသိမ်းပါ ဘယ်ဆုံးဖြတ်ချက်ကိုမှလွယ်လွယ်မချပါနဲ့ "
              ဖေဖေရဲ့စာကတော့ထိုမျှအထိသာ။ ဖေဖေဘာကိုဆိုလိုတာလဲဆိုတာ ပျိုးနားမလည်ပေမယ့် ဖေဖေ့ဆန္ဒအတိုင်းသာဆို ဒီယွန်းသေတ္တာလေးကို ပျိုးအနေနဲ့ယခုချက်ခြင်းဖွင့်ကြည့်ဖို့မလိုသေးဘူးဆိုတာတော့သေချာသည်။ ဖေဖေ့ရဲ့ယွန်းသေတ္တာလေးနဲ့ စာကိုသေချာထုတ်သိမ်းပြီး ဘွားဘွားလဲ ပျိုးတို့နှစ်ယောက်ကွာရှင်းဖို့ကိုဘယ်လိုမှသဘောမတူ ဖေဖေကလဲ ဒီအိမ်ထောင်က်ုထိန်းသိမ်းစေချင်တဲ့အတွက် ဘွားဘွားလဲစိတ်ချမ်းသာအောင် ဖေဖေ့ဆန္ဒကိုလဲ လိုက်လျောနိုင်အောင် ကွာရှင်းဖို့အတွေးကိုထုတ်ပြီး ပျိုးအိပ်လိုက်သည်။ ဘယ်လောက်ထိအိပ်ပျော်သွားလဲမသိ တစ်ယောက်ယောက်ကလှုပ်နှိုးနေတာကြောင့် ပျိုးနိုးလာသည်။
              " ပျိုးမဟာနွယ် ထစမ်း "
              " ပျိုးမဟာနွယ် မင်းကိုထလို့ပြောနေတယ်နော် "
              " ပျိုးမဟာနွယ်! "
              " အင်း... ထပြီး " နိုးတာနဲ့ ပျိုးရဲ့နှာခေါင်းထဲချဉ်စူးစူး ချဉ်စုတ်စုတ်အနံ့ကတိုးဝင်လာတာကြောင့် ပျိုးမျက်မှောင်ရှုံ့သွားသည်။ ရှေ့ကလူကို ကြည့်ကာ
              " မမတော်ဝင် အရက်တွေသောက်... "
              " ပြွတ် "
              " ! " ပျိုးစကားမဆုံးခင် ပျိုးရဲ့နှုတ်ခမ်းကို လာနမ်းတဲ့သူကြောင့် ပျိုးရုတ်တရက်ကြောင်အသွားသည်။ ပျိုးသတိဝင်လာတဲ့အချိန်
              " ဖြန်း! "
              " အ့... ပျိုးမဟာနွယ် မင်း! " ပျိုးလဲ သတိဝင်လာတဲ့အချိန်လုပ်မိလုပ်ရာလုပ်ချလိုက်သည်က ပျိုးရဲ့လက်တစ်ဖက်က မမတော်ဝင်ရဲ့ပါးဆီကိုရောက်သွားတာပင်။
              " ပြွတ်... ပြွတ် "
              " မင်းမှတ်ထားပျိုးမဟာနွယ် မင်းက ငါ့မိန်းမဘဲ မင်းထွတ်သွားချင်တိုင်း ထွတ်သွားလို့ရမယ်ထင်နေလား "
              " ပျိုး ဘွားဘွားနဲ့ပြောပြီးပါပြီး "
              " ဘွားဘွားနဲ့လဲပြောစရာမလိုဘူး ဘွားဘွားကမင်းမိန်းမမို့လို့လား မင်းပြောစရာရှိရင် ငါ့လာပြောလေ "
              " ပျိုးတောင်းပန်ပါတယ် နောက်ဆိုမမတော်ဝင်ကိုဘဲပြောပါ့မယ် ပျိုး မမတော်ဝင်နဲ့လဲမကွာရှင်းတော့ပါဘူး ပျိုးတောင်းပန်ပါတယ် "
              " ကောင်းတယ် မင်းအဲလိုစောစောအမြင်မှန်ရသွားတာကောင်းတယ် "
              " ပြွတ်... မင်းကို ဆုချတာ " သူပြောချင်တာပြော သူလုပ်ချင်တာလုပ်ပြီး အိပ်ပျော်သွားတဲ့အမူးသမားမမတော်ဝင်ကို ပျိုးအရင်ဆုံးလုပ်လိုက်မိသည်က ဒူးနှစ်ဖက်ကွေး ပုဆစ်တုတ်ထိုင်ကာ လက်အုပ်ချီပြီး သုံးကြိမ်တိုင်တိုင်ဦးချလိုက်သည်။ ပါစပ်မှလဲ
              " ပျိုးရုတ်တရက်ကြောင်သွားလို့ ပါးရိုက်မိတာပါ ပျိုးပြုသမျှကို ရှိခိုးတောင်းပန်ပါတယ် ပျိုးကိုခွင့်လွှတ်ပါ "
              " အရှင်ဘုရား တပည့်တော်မ မသိလို့မှားခဲ့မိတာတွေအတွက် ရှိခိုးတောင်းပန်ပါတယ် ခွင့်လွှတ်ပါဘုရား "
              " ဟူး... တော်သေးတာပေါ့ ကြီးတဲ့သူကိုပါးရိုက်မိလို့ ငရဲကျတော့ဖို့ နည်းနည်းလေးဘဲလိုတော့တယ် "
              သူမလုပ်သမျှကို အိပ်ချင်ယောင်ဆောင်ပြီး ပြုံးယောင်သန်းနေတဲ့သူတစ်ယောက်လဲရှိသေးသည်။ ထိုအချိန်တွေးမိတာတစ်ခုက
              " စိတ်ပျက်ဖို့ကောင်းလိုက်တာ "
              " အာ ကျွတ်... ကျွတ်... ခေါင်းကိုက်လိုက်တာ " ညကသောက်စားထားတာတွေကြောင့် ဒီမနက်မှာ တော်ဝင်ခေါင်းမကြည်ဘဲ နိုးထလာရသည်။ တော်ဝင်လဲလန်းသွားအောင် ရေချိုးသန့်စင် အဝတ်စားလဲပြီးတာနဲ့ အချိန်ကတစ်နာရီလောက်ကုန်သွားသည်။ တော်ဝင်အောက်ထပ်ဆင်းပြီး ထမင်းစားခန်းထဲရောက်တော့ ဘွားဘွားနဲ့ပျိုးမဟာနွယ်တို့ မနက်စာစားနေကြသည်။ ဘွားဘွားကတော့ တော်ဝင်ကိုမြင်တာနဲ့ ဟွန့်ခနဲနှာမှုတ်သည်။ တော်ဝင်လဲ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ဘာမှမပြောဘဲသာငြိမ်နေလိုက်သည်။
              " တော်ဝင်မဟေသီ "
              " ရှင် ဘွားဘွား "
              " မြေးလေးက ပန်းချီဆွဲတာဝါသနာပါတယ်တဲ့ အဲတာသင့်တော်တဲ့သင်တန်းလေးစုံစမ်းပြီးအပ်ပေးလိုက် အကြိုအပို့ပါတစ်ခါတည်းတာဝန်ယူနော် "
              " ဟုတ်ကဲ့ စိတ်ချပါဘွားဘွား ဘွားဘွားရဲ့အချစ်ဆုံးမြေးချွေးမလေးကို မှဲ့တစ်ပေါက်မစွန်းရအောင် တော်ဝင်တာဝန်ယူပေးပါမယ် "
              " အဲလောက်လဲမလိုပါဘူး ပျိုးကိုယ့်ကိုယ်ကိုစောင့်ရှောက်နိုင်ပါတယ် ပျိုး ကလေးမဟုတ်ပါဘူး " ကဲသည်းနေတဲ့ဘွားဘွားကို အမြင်ကပ်လို့ရွဲ့ပြောတဲ့စကားကို အတည်ထင်ပြီး တော်ဝင်ကိုပြန်ခံပတ်နေတဲ့ပျိုးမဟာနွယ်ကိုကြည့်ပြီး
              " စိတ်ပျက်ဖို့ကောင်းလိုက်တာ " ဟုသာပြောနိုင်တော့သည်။
         --------------------------------
တော်ဝင်မဟာနွယ်လေး ပြန်ရောက်လာပါပြီး။ မေ့များမေ့သွားကြပြီးလား။ အကြာကြီးစောင့်ခိုင်းမိလို့ ကိုယ်တောင်းပန်ပါတယ်နော်။ နှစ်ရက်ခြားတစ်ခါ updateမှန်အောင်တင်ပေးပါမယ်။ ကိုယ့်ကိုပြန်ပြီးအားပေးကြမယ်မလား။

တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )Where stories live. Discover now