အပိုင်း ၁၀ ( U )

347 21 5
                                    

တော်ဝင်မဟာနွယ်
- အပိုင်း ၁၀
- GL Story
- စာရေးသူ ချယ်
                  CEOခေါ်လာတဲ့ လက်ထောက်အတွင်းရေမှူးဆိုတဲ့ကောင်မလေးကြောင့် ယူရီအသက်ရှင်ချင်စိတ်တွေပျောက်ဆုံးနေပြီးဖြစ်သည်။ ယူရီရဲ့လက်ထောက်ဖြစ်တဲ့အတွက် သိထားသင့်တဲ့အလုပ်အကြောင်းတွေရှင်းပြနေပေမယ့် သူမရဲ့စိတ်က အလုပ်မှာလုံးဝမရှိ ဘယ်မှာရှိနေလဲဆိုတော့ ယူရီရဲ့မျက်နှာမှာဘဲရှိနေတာဖြစ်သည်။ အမှန်ပင် ယူရီအလုပ်ကိစ္စကို ရှင်းပြနေတဲ့တစ်လျှောက်လုံး သူမရဲ့မျက်လုံးတွေက ယူရီ့မျက်နှာကိုဘဲ မျက်တောင်တစ်စက္ကန့်တောင် မခတ်ဘဲကိုကြည့်နေတာ။ ယူရီရှင်းပြနေတာကို စိတ်ဝင်စားခြင်းမရှိတဲ့အတွက် စိတ်ပေါက်ပေါက်နဲ့ ခေါင်းခေါက်ချလိုက်သည်။
                  " ဒေါက်... ဒီမှာ " မထင်မှတ်ဘဲ ခေါင်းခေါက်ခံလိုက်ရတာကြောင့် အိန်ဂျယ်အံသြသွားသည်။
                  " အိန်ဂျယ်ရဲ့မမက ဒေါသအိုးလေးဘဲ ဟီး... ချစ်စရာလေး " အိန်ဂျယ်ရဲ့အတွေးထဲမှာတော့ ထိုသို့တွေးနေပေမယ့် လက်တွေ့မှာတော့ အိန်ဂျယ်ရဲ့မမသနားလာစေဖို့အတွက်
                  " ဟင့်... မမ အိန်ဂျယ်ကိုနာအောင်လုပ်တယ် အိန်ဂျယ်နာသွားပြီး ဟင့်... အီး... " ယူရီခေါက်လိုက်တာ အားမပါပေမယ့်လည်း သူမကြည့်ရတာ တကယ်နာသွားပုံရသည်။ မျက်ရည်လေးအဝဲသားနဲ့ပြောနေတဲ့သူမကို သနားသွားကာ ယူရီခေါက်လိုက်တဲ့နေရာကို ခပ်ဖွဖွလေးပွတ်ပြီး
                  " နာသွားရင်ဆောရီ အစ်မရှင်းပြနေတာကို မင်းကသေချာနားမထောင်လို့ လက်ပါသွားမိတာ "
                  " မ က အရမ်းချစ်ဖို့ကောင်းတာဘဲ "
                  " ဘာ... "
                  " အာ... ဘာမှမဟုတ်ဘူး မ ဒီတစ်ခါ အိန်ဂျယ်သေချာနားထောင်ပါမယ်နော် ဆက်ရှင်းပြနော် "
                  " ပြီးရော ဒီအလုပ်ကို လုပ်မယ်လို့တွေးထားရင် တာဝန်ကျေပွန်အောင်လုပ်တဲ့သူမျိုးကိုဘဲ အစ်မသဘောကျတယ် "
                  " အိန်ဂျယ်သာ သေချာလုပ်မယ်ဆိုရင် အိန်ဂျယ်ကို မ သဘောကျမှာလား "
                  " အမ်... "
                  " ဘာမှမဟုတ်ဘူး မ ဆက်ရှင်း ဆက်ရှင်း "
                  " ဒီကောင်မလေးစကားပြောပုံတွေက အရမ်းထူးဆန်းတာဘဲ နိုင်ငံခြားသူတွေက စကားကို ဒီလိုဘဲနားလည်လွယ်အောင်မပြောတတ်တာလား " ဒီအတွေးကို ယူရီစိတ်ထဲမှာဘဲထားကာ သူမကိုအလုပ်အကြောင်း ဆက်ရှင်းပြပေးနေသည်။ လေးနာရီကြာအောင် ရှင်းပြလို့ပြီးတဲ့အချိန်မှာတော့ တောင့်တင်းနေတဲ့အကြောအခြင်တွေကို ဖြေလျော့ပြီး
                  " နောက်ဆုံးတော့အားလုံးရှင်းပြပြီးပြီး မဆိုးပါဘူး မင်းက နားလည်သဘောပေါက်လွယ်သားဘဲ "
                  " ဟီး... အိန်ဂျယ်သာ စိတ်ပါရင် ဘာမဆိုသင်လွယ်တတ်လွယ်ပါတယ် မရဲ့"
                  " ဟုတ်ပါပြီး အချိန်လည်းမနည်းတော့ဘူး ကန်တင်းမှာ နေ့လည်စာသွားစားကြတာပေါ့ မသွားခင် CEOရုံးခန်းထဲဝင်ပြီးတော့ ညနေအချိန်ဇယားတွေကို ပြောပြပေးရမယ် CEOလက်မှတ်ထိုးရမယ့် ဖိုင်တွေကိုလည်း ပို့ပေးရမယ် နောက်ဆို အစ်မမအားရင် လက်ထောက်ဖြစ်တဲ့မင်းက လုပ်ရမယ် "
                  " ဟုတ် ဒါနဲ့ အိန်ဂျယ် မကို တစ်ခုလောက်မေးလို့ရမလား "
                  " မေးလေ "
                  " မ အနေနဲ့ လိင်တူချစ်တာကို ဘယ်လိုထင်လဲ "
                  " ဘယ်လိုမှမထင်ဘူးလေ လိင်တူတူ လိင်ကွဲကွဲ အချစ်ကအချစ်ဘဲလေ ပြီးတော့CEOကလည်း လိင်တူလက်ထပ်ထားတဲ့သူဆိုတော့ လိင်တူချစ်ခြင်းနဲ့ပတ်သတ်ပြီး အစ်မနဲ့တော့မစိမ်းဘူးပေါ့ "
                  " မရော လိင်တူချစ်တဲ့သူတစ်ယောက်ဘဲလား "
                  " ဟင့်အင်း မဟုတ်ဘူး အစ်မက အဖြောင့်စစ်စစ် ရေမရောဘူး "
                  " ပြဿနာမရှိဘူးပါဘူး ဖြောင့်နေတဲ့ မကို အိန်ဂျယ်ကိုယ်တိုင် ရေရောပေးမှာ ဟက်... " CEOလက်မှတ်ထိုးရမယ့် ဖိုင်တွေကိုယူပြီး ရုံးခန်းထဲဝင်သွားတဲ့ မရဲ့နောက်ကျောကိုကြည့်ပြီး အိန်ဂျယ်ညစ်ကျယ်ကျယ်အတွေးတစ်ခု ထွတ်လာသည်။ ထိုနောက် CEOရုံးခန်းထဲဝင်သွားတဲ့ မရဲ့နောက်ကို အိန်ဂျယ်လိုက်လာခဲ့သည်။
                  " ဒီဖိုင်တွေက CEOလက်မှတ်ထိုးရမယ့်ဖိုင်တွေပါ တစ်ချက်စစ်ပြီး လက်မှတ်ထိုးပေးပါ " တော်ဝင်ရဲ့အတွင်းရေးမှူးယူရီပေးတဲ့ဖိုင်တွေကို စစ်ဆေးပြီးလက်မှတ်ထိုးနေရင်း
                  " ဒီညနေချိန်းထားတာရှိလာ ယူရီ "
                  " ရှိပါတယ်CEO ညနေခြောက်နာရီမှာ မိတ်ဖတ်ကုမ္မဏီဒါရိုက်တာနဲ့ ညစာစားဖို့ ချိန်းထားပါတယ် "
                  " ဖျက်လိုက် "
                  " အမ်! ဖျက်လို့မရတော့ဘူးလေCEO အဲကုမ္မဏီဒါရိုက်တာနဲ့ ချိန်ထားကိုဖျက်တာ ငါးခေါက်ရှိနေပါပြီး ဒီတစ်ခေါက်ထပ်ဖျက်မယ်ဆိုရင် ကုမ္မဏီအတွက်မကောင်းပါဘူးCEO "
                  " ဖျက်လို့မရရင်လဲ မင်းဘဲငါ့ကိုယ်စားသွားလိုက် "
                  " သူက CEOနဲ့တိုက်ရိုက်တွေ့... "
                  " မရဘူးလို့ပြောလိုက် ဒီည ငါ့မိန်းမလေးနဲ့အပြင်ထွတ်လည်မလို့ "
                  " အော် ဟုတ် ဟုတ် "
                  " မင်းကို ငါလုပ်ပိုင်ခွင့်အပြည့်ပေးလိုက်မယ် သူနဲ့တွေ့ပြီး သူတောင်းဆိုတာကို မင်းကိုယ်တိုင် ညှိနှိုင်းပြီးလုပ်ပေးလိုက် "
                  " ဟုတ်ကဲ့ပါ CEO "
                  " ဒါနဲ့ ဒီညငါ့မိန်းမလေးနဲ့ လျှောက်သွားဖို့လေ Romanticဆန်တဲ့နေရာလေး ဘာလေးသိလား "
                  " အဲလိုနေရာမျိုးဆို... "
                  " နေ... နေ... ငါ့ဘာသာဘဲရှာလိုက်တော့မယ် မင်းတို့က Faတွေဆိုတော့ သိမှာမှမဟုတ်တာ " ဒီCEOတစ်ယောက်ကြောင့် ယူရီဒေါသတွေအလိပ့်လိုက်ထွတ်လာသည်။
                  " အား... ငါဘာလို့ ဒီလိုCEOမျိုးဆီမှာမှ အတွင်းရေးမှူးဖြစ်နေရတာလဲ " စိတ်ထဲကနေတော့ အော်ဟစ်ကျိန်ဆဲနေပေမယ့်လည်း တကယ့်လက်တွေ့မှာ
                  " ဟုတ်ကဲ့ပါ CEO "
                  " အိန်ဂျယ် " ဒေါသကြောင့် မျက်နှာနီရဲနေတဲ့ မကို ကြည့်ပြီး အိန်ဂျယ်သဘောကျနေတုန်း စီနီယာRoyalက ခေါ်လိုက်တာကြောင့်
                  " ဟုတ် စီနီယာRoyal ပြောပါ "
                  " ဒါက ကုမ္မဏီ အိမ်ကအခေါ်အဝေါ်တွေ အိမ်မှာဘဲထားခဲ့ပါအိန်ဂျယ် အလုပ်နဲ့personalခွဲထားပါ "
                  " ဟုတ်ကဲ့ပါ CEO "
                  " ဒီည မိတ်ဖတ်ကုမ္မဏီဒါရိုက်တာနဲ့ချိန်ထားတာကို ယူရီနဲ့အတူလိုက်သွားလိုက်ပါ အပြန်ကိုလာကြိုဖို့ ကားလွှတ်ပေးလိုက်မယ် "
                  " ဟုတ်ကဲ့ပါ အပြန်လာမကြိုလဲရပါတယ် CEO ကုမ္မဏီကားကို အိန်ဂျယ်ကိုယ်တိုင်ဘဲ မောင်းလိုက်ပါမယ် အိန်ဂျယ်လိုင်စင်ရပါပြီး "
                  " ကောင်းပြီး ကုမ္မဏီကားကိုယူသွားလိုက် ယူရီကိုအိမ်ပြန်ပို့ပြီးမှ ပြန်လာပါ "
                  " စိတ်ချပါCEO ဟီး... " အကြောင်းအရင်းမရှိ မှိုရတဲ့မျက်နှာလို ပြုံးရွှင်နေတဲ့အိန်ဂျယ်ကို တော်ဝင်မျက်ခုံးပင့်ကြည့်လိုက်သည်။ ဒီဇိုင်းကာလာ ဘာညာအနေအထားကတော့ တစ်ခုခုတော့တစ်ခုခုဘဲ။
                  " ရှယ်ယာဝင်ဦးမာန်ဟိန်းရဲ့အချက်အလက်တွေက ရှာရတာမလွယ်ပါဘူး ဥက္ကဌကြီး "
                  " ဘာကြောင့်လဲ မောင်ကျော်မိုး "
                  " မသိပါဘူးဥက္ကဌကြီး နိုင်ငံခြားမှာနေလာပြီး မြန်မာပြည်ပြန်ရောက်တာ လပိုင်းဘဲရှိပါသေးတယ် ပြန်ရောက်ရောက်ချင်း သူပထမဆုံးလုပ်တဲ့အလုပ်က ကုမ္မဏီမှာရှယ်ယာဝင်တာပါဘဲ အဲထက်ဘာမှရှာလို့မရတော့ပါဘူး ဥက္ကဌကြီး "
                  " ဒီထက်ပိုပြီး ငါသိချင်သေးတယ် သူ့ရဲ့နောက်ကြောင်းကိုရှာမရတာက ထူးဆန်းနေတယ် နည်းနည်းလောက်ထပ်ပြီးစုံစမ်းကြည့်ပါ ရသမျှနည်းလမ်းသုံးပြီးတော့ "
                  " ဟုတ်ကဲ့ပါဥက္ကဌကြီး "
                  " ကောင်းပြီး မင်းသွားလို့ရပြီး "
                  " ကျွန်တော် အတင့်ရဲစွာနဲ့ တစ်ခုလောက်မေးလို့ရမလားဗျ "
                  " မေးလေ "
                  " အဲလူကိုသာ ဥက္ကဌကြီးရှာတွေခဲ့မယ်ဆိုရင် ဘာလုပ်မှာပါလဲ အရင်လိုများ "
                  " မင်းအထင်လွဲနေပြီးမောင်ကျော်မိုး အဲလိုမဟုတ်ဘူး ငါသူ့ကိုပြန်ရှာနေရတဲ့အကြောင်းအရင်းက အရင်ကလုပ်ခဲ့တဲ့အမှားတွေအတွက် ငါပြန်ပြီးတောင်းပန်ချင်လို့ပါ ငါလုပ်ခဲ့တာတွေအတွက်လဲ ငါနောင်တရနေပါပြီး ငါမသေခင်အချိန်လေးမှာ သူ့ကိုတွေ့အောင်ရှာပြီးငါ့အပြစ်တွေအတွက် ငါပြန်ပြီးပေးဆပ်ချင်တယ် အဲလိုမျိုးလုပ်ခွင့်ရပါ့မလား "
                  " လုပ်ခွင့်ရမှာပါဥက္ကဌကြီး ကျွန်တော်အစွမ်းကုန်ကြိုးစားပြီးရှာပေးပါ့မယ် "
                  " ကျေးဇူးပါမောင်ကျော်မိုး ငါအဲနေ့ပြီးကတည်းက ကောင်းကောင်းအိပ်လို့မရခဲ့ဘူး ငါ့ကိုအိပ်မတ်ဆိုးတွေက အမြဲတမ်းခြောက်လှန့်နေခဲ့တာ ငါဖြစ်နိုင်ရင် လွတ်မြောက်ချင်ပြီး " တစ်ချိန်တုန်းက အတ္တတွေ၊ မာနတွေ၊ ဟိတ်ဟန်အပြည့်နဲ့ဥက္ကဌကြီးက ထိုသို့ဆိုလာတော့လဲ သနားဖို့အရမ်းကောင်းသည်။ လူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်အမှားလေးက လူပေါင်းများစွာရဲ့ဘဝတွေကိုဖျက်ဆီပြစ်လိုက်တာကိုလဲ လက်တွေ့သိလာရတော့ သံဝေဂယူစရာပင်။
                  " ကျွန်တော်ကို သွားခွင့်ပြုပါဦး ဥက္ကဌကြီး "
                  " ကောင်းပြီး "
                  မီးရောင်စုံတွေကြား လူတွေရှုပ်နေတဲ့ညဈေးတန်းကလဲ ညတစ်ညရဲ့အလှအပတွေထဲက တစ်ခုအပါအဝင်ဖြစ်သည်။ အငွေ့တစ်ထောင်းထောင်းထနေတဲ့ စားစရာတွေကလဲ သွားရည်ကျချင်စရာ။ ဈေးတန်ပြီး ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့အထည်ဆိုင်လေးတွေကလဲ တပုံတပင်။ အမှတ်တရပစ္စည်းဆိုင်မှာလဲ ဆန်းပေ့ ပြားပေ့ဆိုတဲ့ ဖန်စီပစ္စည်းလေးတွေကလည်း လူအများကိုဆွဲဆောင်နိင်လေသည်။ များပြားလှတဲ့လူအုပ်ကြားထဲမှာ တွေ့တွေ့သမျှလိုက်ကြည့်ကာ စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့ကောင်မလေးတစ်ယောက်နဲ့ ထိုကောင်မလေးရဲ့ပျော်ရွှင်မှုကိုကြည့်ပြီး ကျေနပ်ပီတိဖြစ်နေတဲ့ကောင်မလေးတစ်ယောက်တို့ အတူရှိကြသည်။ ကလေးတစ်ယောက်လို ပျိုးမဟာနွယ်လက်ညိုးထိုးပူဆာသမျှကို တော်ဝင်မဟေသီတစ်ယောက် အပြုံးမပျက် မငြီးမငြူလိုက်လံဖြည့်ဆည်းပေးနေသည်။ ပြုံးပျော်နေတဲ့သူတို့နှစ်ယောက်ကို မြင်တဲ့သူတိုင်းဆီကို အပျော်တွေကူးစက်ပြီး ပြုံးသွားစေသည်။ မမတော်ဝင်ရဲ့လက်ကိုတွဲကာ လျှောက်နေရင်း တစ်နေရာကိုအရောက်မှာ ပျိုးရဲ့ခြေလှမ်းတွေရပ်တန့်လိုက်သည်။ ရုတ်တရက်ရပ်သွားတဲ့ပျိုးကို မမတော်ဝင်ကပြန်လှည့်ကြည့်ပြီး
                  " ကိုယ့်မိန်းမလေး ဘာဖြစ်လို့လဲ "
                  " မမတော်ဝင် ပျိုး ဟိုဟာစားချင်တယ် ဒါပေမယ့်... " တော်ဝင်မိန်းမလေးလက်ညိုးထိုးပြတဲ့နေရာကို လှမ်းကြည့်လိုက်တော့ ကိုရီယားတော့ပိုကီနဲ့ fish cake ရောင်းတဲ့လှည်းသေးသေးလေးကို တွေ့ရသည်။ ဆိုင်ရှေ့မှာ လူတွေကျိတ်ကျိတ်တိုးနေတာကြောင့် မဝံ့မရဲ့ပူဆာရှာတဲ့မိန်းမလေးကို
                  " ဒါလင်လို့ခေါ်ရင် ဝယ်ကျွေးမယ် "
                  " ဟာ... မမတော်ဝင်ကလဲ လူတွေအများကြီးကို ရှက်စရာကြီး "
                  " အဲတာဆိုလဲ ဝယ်မကျွေးတော့ဘူး ကိုယ်တို့ရှေ့ကိုဘဲ ဆက်သွားကြမယ် "
                  " မမတော်ဝင်အရမ်းအကျင့်ပုတ် ခေါ်မယ်... ခေါ်မယ် "
                  " ခေါ်စေဗျာ "
                  " ဒါလင် ဘေဘီကို တော့ပိုကီလေးဝယ်ကျွေးပါနော် နော်လို့... "
                  " ဟား... ကိုယ့်မိန်းမလေးကို အရမ်းချစ်ဖို့ကောင်းတာဘဲကွာ "
                  " တော်ပါပြီး ပျိုးခေါ်ပြီးပြီးနော် တော့ပိုကီဝယ်ကျွေးတော့ဆို "
                  " ကောင်းပါပြီးဗျာ ကိုယ်သွားဝယ်ပေးမယ် ကိုယ့်မိန်းမလေးကတော့ လူရှင်းတဲ့ဟိုအပင်အောက်မှာ ခနသွားစောင့်နေနော် "
                  " ဟုတ် ပျိုးစောင့်နေမယ်နော် မြန်မြန်လာနော် "
                  " မကြာဘူး ဟုတ်ပြီးလား "
                  တော့ပိုကီရောင်းတဲ့လှည်းလေးနဲ့ မိန်းမလေးစောင့်နေတဲ့နေရာနဲ့က ဘယ်လောက်မှမဝေးတဲ့အတွက် တော်ဝင်မိန်းမလေးကို လှမ်းမြင်နေရသည်။ အပြာနုရောင်လက်တစ်လုံးဂါဝန်တိုလေးက ဖြူနုနေတဲ့အသားအရည်နဲ့လိုက်ဖတ်လွန်းသည်။ ကျောလယ်လောက်ရှိတဲ့ဆံပင်လေးတွေကို ဖြန့်ချထားပြီး အရမ်းကြီးပြင်မထားဘဲ ရှင်းသန့်ကြည်လင်နေတဲ့အလှမျိုးနဲ့ တော်ဝင်မိန်းမလေးက ဖြူစင်တဲ့ကလေးလေးတစ်ယောက်လိုပင်။ တော်ဝင်ကိုလှမ်းကြည့်ကာ သွားဖြူဖြူလေးတွေပေါ်တဲ့ထိ ပြုံးနေတဲ့မိန်းမလေးရဲ့အကြည့်တွေထဲမှာ တော်ဝင့်အပေါ်ချစ်ခင်စုံမတ်မှုတွေကို တော်ဝင်အထင်အရှားမြင်တွေ့ရသည်။
                  စိတ်မရှည်တတ်တဲ့မမတော်ဝင် ပျိုးစားချင်တယ်ဆိုတာနဲ့ဘဲ ကျိတ်ကျိတ်တိုးနေတဲ့လူအများကြီးကြားထဲမှာ စိတ်ရှည်လက်ရှည်နဲ့စောင့်ပြီးဝယ်ပေးနေသည်။ ကုမ္မဏီကပြန်ရောက်တာနဲ့ အဝတ်မလဲဘဲ တန်းပြီးထွတ်လာတာကြောင့် ခဲပုတ်ရောင်အနောက်တိုင်းဝတ်စုံနဲ့မမတော်ဝင်က တည်ကြည်ခန့်ညားလို့နေသည်။ အညိုရောင်လှိုင်းကြီးတွန့်ဆံပင်ကို အပြောင်သိမ်းကာ ခပ်မြင့်မြင့်စည်းထားတဲ့အတွက် ပြေပြစ်တဲ့မဟာနဖူးနဲ့တောက်ပရွှန်းလဲ့နေတဲ့ စိမ်းပြာရောင်မျက်ဝန်းတွေက တည်ကြည်တဲ့မျက်နှာပြင်ကို ပံ့ပိုးကူညီပေးထားသည်။ ခြောက်ပေကျော်တဲ့အရပ်ကြီးနဲ့လူတွေကြားထဲမှာ ထင်းထွတ်နေတဲ့ မမတော်ဝင်ပုံစံက အားကိုးထိုက်တဲ့အိမ်ထောင်ဦးစီးတစ်ယောက်လိုပင်။ ဒီလိုလူမျိုးကိုပိုင်ဆိုင်ခွင့်ရတဲ့ ပျိုးအတွက်က ကြီးမားတဲ့ကံကောင်မှုတစ်ခုပင်ဖြစ်သည်။
                  " ရော့ ကိုယ့်မိန်းမလေးစားချင်တာရပါပြီး fish cakeလေးပါဝယ်လာပါတယ် အစပ်တော့လျော့ပေးထားတယ်နော် ကိုယ့်မိန်းမလေးဗိုက်အောင့်မှာဆိုးလို့ "
                  " ဟုတ်... အဲတာကြောင့် မမတော်ဝင်ကို အရမ်းချစ်တာ "
                  " အမယ်နော် လိုတာရလို့ချစ်တာမလား "
                  " အဲလိုမဟုတ်ပါဘူးနော် ပျိုးက မမတော်ဝင်ကို အရင်တည်းက ချစ်တာပါနော် အခုလိုမုန့်ဝယ်ကျွေးတော့ ပိုချစ်တာပေါ့ ဟီး... "
                  " ဒီကောင်မလေးကတော့ နောက်ထပ်ဘာစားချင်သေးလဲ အခုစားမှာက အစပ်တွေပါတယ်ဆိုတော့ ချိုတာလေးသောက်ရအောင် ဖာလူဇာသောက်မလား ဒီနားမှာ ဖာလူဇာဆိုင်ကောင်းကောင်းလေးကိုယ်သိတယ် "
                  " အွန်း... သောက်မယ် သောက်မယ် "
                  " ဟား... ကိုယ့်မိန်းမလေးက အစားသရဲလေးဘဲ "
                  " မမတော်ဝင်ကလဲလို့ "
                  " ကိုယ်တို့သွားကြမယ် ဒီအထုတ်တွေပေး ကိုယ်ကိုင်ပေးထားမယ် ကိုယ့်မိန်းမလေးက ကိုယ့်လက်ကိုကိုင်ထား "
                  " ဟုတ် "
                  တော်ဝင်တို့ ဖာလူဇာဆိုင်လေးမှာ စားသောက်ပြီး ထွတ်လာတော့ အချိန်ပင်မနည်းတော့ပေ။
                  " ကိုယ့်မိန်းမလေး အချိန်လဲမနည်းတော့ဘူး ကိုယ်တို့အိမ်ဘဲတန်းပြန်ကြမယ်နော် "
                  " ဟုတ် ပြန်ကြရအောင်မမတော်ဝင် နောက်ကျနေပြီးဆိုတော့ ဘွားဘွားစိတ်ပူနေလောက်ပြီး "
                  " စောစောက စားသောက်နေတုန်းကကျတော့ ဘွားဘွားကိုသတိမရဘဲ အခုမှဘွားဘွားကို သတိရတယ်ပေါ့လေ "
                  " မမတော်ဝင်နော်... "
                  " ကိုယ်က ချစ်လို့စတာပါ " အိမ်ကိုပြန်ဖို့ ကားရပ်ထားတဲ့နေရာကို သွားနေရင်း တစ်နေရာအရောက်
                  " မမတော်ဝင် ဟိုဟာက ဘာလဲဟင် "
                  " အဲတာလား အဲတာက အာတာပူစီလို့ခေါ်တယ် တစ်ချို့က ဌက်သိုက်မုန့်လို့လဲခေါ်ကြတယ် သူက ချိုချိုလေး စားလို့ကောင်းတယ် စားချင်လို့လား " တော်ဝင်စားချင်လို့လားမေးတော့ ပြန်တောင်မငြင်း ပုတ်သင်ညိုလေးလို ခေါင်းတညိမ့်ညိမ့်နဲ့ပင်။
                  " ကဲလာ တူတူသွားဝယ်စားကြမယ် "
                  " ဟုတ် မမတော်ဝင် " အာတာပူစီဆိုင်လေးကိုရောင်တော့ ဆိုင်ရှင်ကောင်မလေးဆီမှာ အာတာပူစီနှစ်ခုဝယ်လိုက်သည်။ အာတာပူစီရတော့ ကလေးတစ်ယောက်လိုပျော်ရွှင်နေတဲ့မိန်းမလေးကို တော်ဝင်ပြုံးကြည့်နေမိသည်။ ကြည့်နေရုံနဲ့တင် မတင်းတိမ်နိုင်တဲ့တော်ဝင်က ဖုန်းကိုထုတ်ပြီး တော်ဝင်မိန်းမလေးရဲ့အပြုံးလှလှတွေကို အမိအရဖမ်းယူထားလိုက်သည်။
                  " မမတော်ဝင်ကလည်း ပျိုးတစ်ယောက်တည်းမရိုက်နဲ့လေ ပျိုးတို့တွေနှစ်ယောက်တူတူရိုက်ကြမယ် "
                  " ကောင်းပါပြီးဗျာ " တော်ဝင်လဲ အနားကနေဖြတ်သွားတဲ့သူတစ်ယောက်ကို အကူအညီတောင်းပြီး ပုံရိုက်ခိုင်းလိုက်သည်။ အာတာပူစီတစ်ယောက်တစ်ခုဆီကိုင်ထားတဲ့ ကောင်မလေးနှစ်ယောက်ရဲ့အကြည့်ချင်းစုံနေကြတဲ့ပုံလေးက ဖုန်းထဲကနေလှလှပပထွတ်ပေါ်လာသည်။
                  ===================
           သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။ သာသာရဲ့စာတွေကို အားပေးကြရင် အခုနေရာတိုင်းမှာဖြစ်နေတဲ့ရေဘေးအတွက် တတ်နိုင်သလောက်ကူပေးကြပါနော်။ သာသာစာဖတ်သူများအားလုံး ရေးဘေး မီးဘေး စစ်ဘေးကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံးဘဲ ကျန်းမားပျော်ရွှင်ကြပါစေ။ 15.9.24 အပိုင်းသစ်တင်ပါ့မယ်။

အာတာပူစီ

အာတာပူစီ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )Where stories live. Discover now