အပိုင်း ၈ ( U )

249 20 2
                                    

တော်ဝင်မဟာနွယ်
- အပိုင်း ၈
- GL Story
- စာရေးသူ ချယ်

                 ပြင်သစ်ကနေထွတ်လာတဲ့လေယာဉ်က မကြာခင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်တော့မည်ဖြစ်သည်။ လေယာဉ်ပြတင်းပေါက်ကနေတစ်ဆင့် မြန်မာပြည်ရဲ့ပြယုတ်ဖြစ်တဲ့ ရွှေရောင်ဝင်းဝင်းနဲ့ဘုရားစေတီများကို စပြီးမြင်တွေ့ရတာနဲ့ အိန်ဂျယ်နှုတ်ခမ်းပါးလေးတွေက တဖြည်းဖြည်းကော့ညွတ်လာသည်။ အိန်ဂျယ်ရဲ့ရင်ခုန်သံသည်လည်း တဖြည်းဖြည်းမြန်ဆန်လာသည်။ ငါးနှစ်ကျော်ဝေးကွာနေတဲ့ အိန်ဂျယ်ရဲ့ရင်ခုန်သံကိုဖြစ်ပေါ်စေတဲ့သူနဲ့တွေ့ရတော့မှာမို့ သူမရဲ့ရင်ခုန်သံတွေက တားမရစီးမရ။ မတွေ့ရတာကြာနေပြီးမို့ စီနီယာRoyalလဲ ဘာတွေပြောင်းလဲနေမလဲဆိုတာကို စိတ်လှုပ်ရှားနေသည်။ လေယာဉ်ဆင်းသက်ပြီးတဲ့နောက် များပြားလှတဲ့လူအုပ်ကြီးထဲကနေ စီနီယာRoyalကို အိန်ဂျယ်လွယ်လွယ်ကူကူပင်ရှာတွေ့သည်။ ခြောက်ပေရှည်တဲ့အရပ်ကြီးက လူအများကြားမှာထင်းထွတ်နေတာကြောင့် အိန်ဂျယ်အနေနဲ့ ရှာရတာမခက်ခဲပါ။ တွေ့ပြီးဆိုမှတော့ စီနီယာRoyalဆီကို အပြေးလေးသွားကာ ဖတ်တွယ်ခွတတ်ပြီး စီနီယာRoyalရဲ့ ပါးမို့မို့ထက်ကို အနမ်းတစ်ပွင့်ပေးလိုက်သည်။ ရုတ်တရက်ကြီးပေါ်လာပြီး မမတော်ဝင်ပေါ်ခွတတ်ကာနမ်းလိုက်တဲ့ ကလေးမလေးတစ်ယောက်ကြောင့် ပျိုးမျက်နှာပျက်သွားပေမယ့်လည်း ဟန်ဆောင်ပြုံးရင်းဘာမှမဖြစ်သလိုနေလိုက်သည်။ မမတော်ဝင်ကတော့ ထိုကလေးမလေးရဲ့ကိုယ်လေးကို ပြုတ်မကျအောင်ထိန်းကိုင်ပေးထားပြီး မျက်နှာကလဲမပြုံးပင်မပျက်။ ထိုကောင်မလေးကို အောက်ကိုချပြီး ပါးကိုခပ်ဖွဖွဆွဲလိမ်ကာ
                 " ဒီကလေးမကတော့ အခုထိကလေးဆန်နေတုန်းဘဲလား ပြောပါဦး "
                 " စီနီယာကလဲ အိန်ဂျယ်ကစီနီယာရှေ့မှာဆို အမြဲကလေးဘဲဟာကို "
                 " စကားကတော့တတ်တယ် လာ ကိုယ်မင်းနဲ့မိတ်ဆတ်ပေးစရာရှိတယ် " မမတော်ဝင်က ထိုကလေးမလေးရဲ့လက်ကိုဆွဲပြီး ပျိုးရဲ့ရှေ့ကိုခေါ်လာပြီး
                 " ဒါက ကိုယ့်ရဲ့မိန်းမလေး ပျိုးမဟာနွယ်တဲ့ မိန်းမလေး သူက ကိုယ်တတ်ခဲ့တဲ့ကျောင်းက ဂျူနီယာ အိန်ဂျယ်လို့ခေါ်တယ် ကိုယ့်အတွက်တော့ ညီမအရင်းလေးလိုဘဲ "
                 " တွေ့ရတာဝမ်းသာပါတယ် ပျိုးကိုလဲ မမတော်ဝင်ကိုခင်သလို ခင်နိုင်ပါတယ်နော် " ပျိုးနှုတ်ဆတ်လို့ပြီးရော ထိုကောင်မလေးက ပျိုးကိုဖတ်ကာ ပျိုးရဲ့နားနားကိုကပ်ပြီး
                 " အိန်ဂျယ်က စီနီယာRoyalကို ခင်တာမဟုတ်ဘူး ချစ်တာ "
                 " ဟင်... " ပျိုးတစ်ယောက်တည်းကြားရရုံ လေသံတိုးတိုးလေးနဲ့ပြောတာကြောင့် မမတော်ဝင်ကတော့ဘာမှမသိ။ ပျိုးကိုပြောချင်တာပြောပြီးတာနဲ့ မမတော်ဝင်ဆီသွားပြီး လက်ကိုဆွဲရမ်းကာ ကလေးတစ်ယောက်လို ချွဲနွဲ့လို့နေသည်။ မမတော်ဝင်သည်လည်း ထိုကောင်မလေးရဲ့အပြုအမှုတွေကို ကျင့်သားရနေသလို ပြုံး၍သာနေသည်။
                 မဟေသီစံအိမ်ကုမ္မဏီရဲ့အစည်းအဝေးခန်းမထဲမှာ ဦးမာန်ဟိန်းနဲ့ ဒေါ်ထိပ်ထားမဟေသီတို့တွေ စီးပွားရေးရင်းနှီးမြှပ်နှံမှုအတွက်ကို ဆွေးနွေးနေကြသည်။
                 " ဥက္ကဌကြီးရဲ့ဆွေးနွေးတင်ပြချက်တွေက အရမ်းကောင်းပါတယ် ရှေ့လျောက်လဲအောင်မြင်နိုင်တဲ့အလားအလာအများကြီးရှိမယ်ထင်ပါတယ် ကျွန်တော်လဲအများကြီးစဉ်းစားမနေတော့ပါဘူး ဥက္ကဌကြီးရဲ့လုပ်ငန်းမှာ သိန်းသုံးသောင်းရင်းနှီးမြှပ်နှံပါမယ် "
                 " ကျွန်မတို့လုပ်ငန်းမှာ ယုံယုံကြည်ကြည်နဲ့မြှပ်နှံပေးတာကျေးဇူးပါ အကျိုးအမြတ်တွေအတွက်အကောင်းဆုံရလဒ်ဖြစ်စေဖို့ မဟေသီစံအိမ်ကုမ္မဏီက အာမခံပါတယ် "
                 " ကျွန်တော်မျှော်လင့်နေပါမယ်ဥက္ကဌကြီး အားလုံးအဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့စာချုပ်လက်မှတ်လေးထိုးကြတာပေါ့ "
                 " ကောင်းပါပြီး " လုပ်ငန်းစာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့ တစ်ယောက်နဲ့တစ်ယောက်လက်ဆွဲနှုတ်ဆတ်ကြသည်။
                 " ဒါနဲ့ CEOတော်ဝင်မဟေသီကို မတွေ့မိပါလား "
                 " CEOက ကိစ္စလေးရှိလို့ ခွင့်ယူထားပါတယ် "
                 " ဟုတ်ကဲ့ပါခင်ဗျာ ငယ်ငယ်ရွယ်ရွယ်နဲ့အရည်အချင်းရှိတယ်ဆိုတဲ့ CEOရဲ့သတင်းတွေကိုကြားထားတော့ တွေ့ဖူးချင်လို့မေးကြည့်တာပါ ဥက္ကဌကြီး "
                 " စိတ်မပူပါနဲ့ နောက်ဆိုမကြာမကြာတွေ့ရမှာပါ "
                 " ဟုတ်တာပေါ့ဗျာ စာချုပ်ကိစ္စတွေလဲပြီးပြီးဆိုတော့ ကျွန်တော်ကိုခွင့်ပြုပါဦးဗျာ "
                 " ကောင်းကောင်းသွားပါ နောက်ထပ်တွေ့ကြတာပေါ့ဦးမာန်ဟိန်း "
                 " မောင်မိုးကျော် " ရင်းနှီးမြှပ်နှံတဲ့ရှယ်ယာဝင်ကိစ္စပြီးသွားတာနဲ့ ဒေါ်ထိပ်ထားမဟေသီရဲ့စိတ်ထဲမတင်မကျဖြစ်နေတာကြောင့် အတွင်းရေးမှူးမောင်မိုးကျော်ကိုခေါ်လိုက်သည်။ သူမရဲ့ဘေးမှာ နှစ်သုံးဆယ်ကျော်အလုပ်လုပ်လာတဲ့သူဖြစ်တာကြောင့် တစ်ခုခုဆို အားကိုးရတယ် စိတ်ချရတဲ့သူဖြစ်တယ်။
                 " ဟုတ်ကဲ့ သခင်မကြီး ပြောပါ "
                 " စောစောကတစ်ယောက်နဲ့ပတ်သတ်သမျှ ငါအကုန်သိချင်တယ် သူ့အကြောင်းစုံစမ်းပေးပါ "
                 " ဗျာ ဘာဖြစ်လို့လဲသခင်မကြီး " သခင်မကြီးအနေနဲ့ ရှယ်ယာဝင်တွေနဲ့ပတ်သတ်ပြီး စုံစမ်းခိုင်းလေ့မရှိတာကြောင့် ပြန်မေးရခြင်းဖြစ်သည်။
                 " ဘာလို့လဲငါလဲမသိဘူး သူ့ရဲ့အကြည့် သူ့ရဲ့မျက်လုံးတွေက ငါသိတဲ့သူတစ်ယောက်နဲ့တူတယ်မောင်မိုးကျော် "
                 " မဟုတ်မှ သခင်မကြီးရှာနေတဲ့ဟိုတစ်ယောက် "
                 " ဟုတ်တယ် သူရဲ့အကြည့်စူးစူးနဲ့ မျက်ဝန်းတွေက သူနဲ့တူတယ် "
                 " ဟုတ်ကဲ့ပါသခင်မကြီး ကျွန်တော်စုံစမ်းကြည့်ပါမယ် "
                 ထမင်းစာပွဲဝိုင်းလေးမှာ ပျိုးရယ် မမတော်ဝင်ရယ် မမတော်ဝင်ရဲ့မိတ်ဆွေဖြစ်သူ အိန်ဂျယ်ဆိုတဲ့ကောင်မလေးရယ် သုံးယောက်တူတူထမင်းစားနေကြသည်။ ဘွားဘွားကတော့ ဒီနေ့အရေးကြီးအစည်းအဝေးရှိတာကြောင့် ကုမ္မဏီကိုသွားသည်။ မမတော်ဝင်ကြိုက်တတ်တဲ့ဟင်းတွေကို ထိုကောင်မလေးကထည့်ပေးနေပြီး ထိုကောင်မလေးကြိုက်တတ်တဲ့ဟင်းတွေကိုလည်း မမတော်ဝင်ကထည့်ပေးနေသည်။ ပျိုးကတော့ သူတို့ကိုပွဲကြည့်ပရိတ်သတ်အနေနဲ့သာ ဘေးကနေထိုင်ကြည့်နေရသည်။
                 " ဒီဟင်းတွေက မမပျိုးရဲ့လက်ရာမလား စီနီယာ "
                 " ဟုတ်တာပေါ့အိန်ဂျယ်လေးရဲ့ ဘယ်လိုလဲစားလို့ကောင်းတယ်မလား "
                 " ဟင့်အင်း သာမာန်ပါဘဲစီနီယာရယ် "
                 " အိန်ဂျယ်ထင်ထားတာ အရမ်းတော်ပြီး အရာရာပြည့်စုံတဲ့မမတော်ဝင်ရဲ့လက်တွဲဖော်ဆိုတော့ အများကြီးမျှော်လင့်ထားတာ အခုတွေ့တော့ အိန်ဂျယ်တောင်စိတ်ပျက်သွားတယ် မမတော်ဝင်ရဲ့လက်တွဲဖော်က မမတော်ဝင်နဲ့မလိုက်ဖက်ဘူးသိလား "
                 " ဟေ... အဲလိုမပြောရဘူးလေ အိန်ဂျယ်လေး " ပျိုးကို ကြည့်ပြီး ပျစ်ပျစ်နှစ်နှစ်ဝေဖန်တဲ့ ထိုကောင်မလေးကြောင့် ပျိုးမျက်နှာပျက်ယွင်းနေပြီးဖြစ်သည်။ ပျိုးမျက်နှာပျက်နေတာကိုသိတဲ့မမတော်ဝင်က ထိုကောင်မလေးကိုခေါင်းပုတ်ကာ ဆူငေါက်တော့သည်။ မမတော်ဝင်ဆူတာကို ထိုကောင်မလေးက ဇတ်ကလေးပုလို့ အပြုံးမပျက်ခံယူနေတာကိုကြည့်ရင်း ပျိုးရင်ဘက်တွေအောင့်တတ်လာသည်။ ထိုကောင်မလေးကတော့ ပျိုးကိုအောင်နိုင်သူအပြုံးနဲ့ ကြည့်နေသည်။
                 " ဒါနဲ့ စီနီယာကလက်ထက်တာ အိန်ဂျယ်ကိုလဲ မဖိတ်ဘူးနော် စီနီယာကိုစိတ်ဆိုးတယ် "
                 " စိတ်မဆိုးပါနဲ့အိန်ဂျယ်ရယ် ကိုယ်လဲဘွားဘွားပေးစားတာကြောင့် ရုတ်တရက်ကြီးဖြစ်သွားလို့ပါ "
                 " စီနီယာတို့ကို ဘွားဘွားကပေးစားထားတာလား အဲတာဆိုတစ်ယောက်နဲ့တစ်ယောက်မချစ်ကြဘူးပေါ့ "
                 " အစတုန်းကတော့ မချစ်ကြဘူးပေါ့ အခုကတော့ ကိုယ့်မိန်းမလေးကို အရမ်းချစ်နေပြီးလေ " ပျိုးကိုကြည့်ပြီးပြောတဲ့ မမတော်ဝင်ရဲ့ဝန်ခံစကားကြောင့် ပျိုးပျော်ရွှင်သွားသည်။ မျက်ဝန်းတွေအရောင်တောက်ပြီး မျှော်လင့်တကြီးနားထောင်နေတဲ့ ထိုကောင်မလေးကတော့ မမတော်ဝင်စကားကိုကြားတာနဲ့ မျက်နှာပျက်သွားတာက သိသိသာသာ။
                 " ဟုတ်ပါပြီး အိန်ဂျယ်ကိုမဖိတ်တဲ့အတွက်တော့ စိတ်ဆိုးနေသေးတယ်နော်စီနီယာ အိန်ဂျယ်ကိုစိတ်ဆိုးပြေအောင် တစ်ခုခုတော့လုပ်ပေးရမယ် "
                 " ပြောပါဦး ကိုယ်ဘာလုပ်ပေးရမလဲ "
                 " စီနီယာရဲ့ကုမ္မဏီမှာ စီနီယာနဲ့အတူတူအလုပ်လုပ်ချင်တယ် အိန်ဂျယ် မြန်မာပြည်ရောက်လာရတဲ့ရည်ရွယ်ချက်ကလဲ အဲတာကြောင့်ဘဲ စီနီယာ "
                 " အဲတာက ကိုယ့်အတွက်မခက်ခဲပါဘူး အိန်ဂျယ်လုပ်ချင်ရင် ကိုယ်စီစဉ်ပေးမယ်လေ အိန်ဂျယ်ကဘယ်ဌာနမှာလုပ်ချင်တာလဲ "
                 " စီနီယာရဲ့အနားမှာဘဲ တစ်နေ့လုံးနေချင်တာမို့လို့ စီနီယာရဲ့အတွင်းရေမှူးလုပ်ချင်တယ် ရမလား "
                 " အမ်! ကိုယ့်မှာအတွင်းရေမှူးက ယူရီရှိတယ် ဒါပေမယ့် အိန်ဂျယ်လုပ်ချင်တယ်ဆိုရင်တော့ လက်ထောက်အတွင်းရေမှူးလုပ်ပေါ့ အဲတာဆိုအိန်ဂျယ်ဖြစ်ချင်သလို ကိုယ့်အနားမှာနေလို့ရတယ် ဟုတ်ပြီးလား "
                 " တကယ်ပြောတာနော် စီနီယာ " ဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်ရလို့ ပျော်ရွှင်နေတဲ့ထိုကလေးမလေးနဲ့ ဖြစ်ချင်တာကိုလုပ်ပေးလိုက်ရလို့ အပြုံးတွေသက်ဝင်တွေနေတဲ့ မမတော်ဝင်ကြားမှာ ပျိုးကလူပိုတစ်ယောက်လိုဘဲ ဖြစ်လာတာကြောင့် ထမင်းစားဝိုင်းကနေ ထထွတ်ရန်ပြင်တော့သည်။
                 " ပျိုးစားပြီးပြီး မမတော်ဝင် "
                 " အိန်ဂျယ်လဲစားပြီးပါပြီး စီနီယာစားပြီးရင် နားရင်နားတော့လေ အိန်ဂျယ် မမပျိုးကိုကူသိမ်းပေးလိုက်မယ်နော် "
                 " ရပါတယ် ဒါတွေပျိုးဘဲသိမ်းပါမယ် အိန်ဂျယ်လဲ ခရီးပန်းလာတာ နားလိုက်လေ "
                 " ကူသိမ်းခိုင်းလိုက်ပါမိန်းမလေးရဲ့ သူလုပ်ချင်တာမလုပ်ရရင် အရမ်းကောက်တတ်တာ ကိုယ်မချော့နိုင်လို့ပါ " ပြောပြီး စားပွဲဝိုင်းကနေထွတ်သွားတဲ့ မမတော်ဝင်ကို ပျိုးဒီတိုင်းသာငေးကြည့်နေလိုက်တော့သည်။
                 " မမပျိုး... "
                 " ဟမ်... " ပျိုးပန်ကန်တွေ ဆေးကြောနေတုန်း ထိုကောင်မလေးက ခေါ်လိုက်တာကြောင့် ပျိုးလှည့်မကြည့်ဘဲ ထူးလိုက်သည်။
                 " စီနီယာRoyalကို ချစ်လား "
                 " အရမ်းချစ်တာပေါ့ "
                 " အဲတာဆိုကွာရှင်းပေး "
                 " ဟမ့် ဘာကြောင့်မင်းပြောတဲ့အတိုင်း ပျိုးလုပ်ပေးရမှာလဲ "
                 " ဟက်... တန်လို့လား "
                 " ဘာ !! "
                 " စီနီယာRoyalနဲ့ မမပျိုးနဲ့တန်လို့လား စီနီယာလို အဖက်ဖက်ကပြည့်စုံတဲ့သူတစ်ယောက်က မမပျိုးလို ဘာအထောက်အပံ့မှမပေးနိုင်ဘဲ အိမ်ထဲမှာဘဲထမင်းချက်ဟင်းချက်တဲ့သူမျိုးနဲ့ တန်မယ်ထင်လား "
                 " မင်း... မင်းဘာပြောချင်တာလဲ "
                 " တုံးချင်ယောင်ဆောင်မနေပါနဲ့မမပျိုးရယ် စီနီယာRoyalရဲ့လုပ်ငန်းနဲ့ပတ်သတ်ပြီး ဘာသိလဲ စီးပွားရေးနဲ့ပတ်သတ်ပြီး ဘာတိုင်ပင်လို့ရလဲ လက်တွဲဖော်တစ်ယောက်အနေနဲ့ အားကိုးတိုင်ပင်ဖို့မရဘဲနဲ့ စီနီယာRoyalနားမှာ နေပြီးဘာလုပ်မှာလဲ ကွာရှင်းလိုက်ပါ "
                 " ဒါက ပျိုးတို့ရဲ့အိမ်ထောင်ရေးကိစ္စပါ မင်းဝင်စွက်ဖက်စရာမလိုပါဘူး မင်းက ဒီအိမ်ကိုခနလာတဲ့ဧည့်သည်ဘဲ ဧည်သည်က ဧည့်သည်လိုဘဲနေပါ "
                 " ဧည့်သည်လို့ဘယ်သူပြောလဲမမပျိုး တစ်နေ့မှာ အိန်ဂျယ်က ဒီအိမ်ရဲ့မိသားစုဝင်ဖြစ်လာမှာလေ စီနီယာRoyalနဲ့ ရင်ဘောင်တန်းပြီးအလုပ်လုပ်နိုင်တယ် လုပ်ငန်းနဲ့ပတ်သက်ပြီး အားကိုးတိုင်ပင်လို့ရတယ် စီးပွားရေးနဲ့ပတ်သတ်ပြီးအမြင်လဲရှိတယ် အဲတော့ စီနီယာRoyalနားမှာ နေဖို့အသင့်တော်ဆုံးသူက ဘယ်သူလဲ မမပျိုးသိမှာပါ " ပျိုးကိုကူညီသလိုလိုနဲ့ ထိုးနှက်ချက်ပြင်းပြင်းတွေပေးသွားပြီး သူမကတော့ထမင်းစားခန်းထဲကနေ ကျော့ကျော့လေးထွတ်သွားသည်။ သူပြောသမျှကို နားထဲကနေမထွတ်တဲ့ပျိုးကတော့ မမတော်ဝင်အတွက် ဝန်ထုတ်ဝန်ပိုဖြစ်နေပြီးလား စဉ်းစားနေရပြီးဖြစ်သည်။
                 ဒေါ်ဒေဝီခင်တစ်ယောက် ဦးမာန်ဟိန်းဆိုတဲ့သူနဲ့တွေ့ပြီးတဲ့နောက် ပျိုးမဟာနွယ်နဲ့ တော်ဝင်မဟေသီရဲ့အိမ်ထောင်ရေးကိုဘယ်လိုပြိုကွဲအောင်လုပ်ရမလဲဆိုတာကိုဘဲ နေ့နေ့ညညစဉ်းစားနေရသည်။ ဒေဝီခင်အနေနဲ့အချိန်ဆွဲနေလို့တော့မရ။ ဦးမာန်ဟိန်းက သူမရဲ့သားမင်းမျိုးရှိန်အတွက်လဲ အလုပ်စီစဉ်ပေးထားသည်။ သူမရဲ့လောင်းကစားကြွေးတွေလဲအကုန်ဆပ်ပေးထားတဲ့အပြင် သုံးဖို့ဖြုန်းဖို့ငွေကြေးလုံလုံလောက်လောက်ကိုပေးထားသေးသည်။ ပျိုးမဟာနွယ်နဲ့ တော်ဝင်မဟေသီကိုခွဲပြီးရင် နိုင်ငံခြားမှာသွားနေဖို့အတွက်ကိုလဲ အကုန်အဆင်သင့်ပြင်ပေးထားသည်။ ဦးမာန်ဟိန်းကတော့ သူ့ဘက်ကတိပေးထားတဲ့အတိုင်း အကုန်လုပ်ပေးထားပြီးပြီးမို့ ဒေါ်ဒေဝီခင်ဘက်ကဘဲ တာဝန်ကျေဖို့လိုတော့သည်။ ဒေါ်ဒေဝီခင်လုပ်ပေးရမှာက ပျိုးမဟာနွယ်နဲ့တော်ဝင်မဟေသီကို သုံးလအတွင်းဘယ်လိုနည်းလမ်းသုံးပြီးဖြစ်ဖြစ် ရအောင် ခွဲဖို့ပင်ဖြစ်သည်။
                 " မေမေ " ဒေါ်ဒေဝီခင်အတွေးများနေတာမျိုးရှိန်ခေါ်မှဘဲ သတိဝင်လာသည်။
                 " ဘာတွေတွေးနေတာလဲ မေမေ ကျွန်တော်ခေါ်နေတာကြာလှပြီး "
                 " ဟိုနှစ်ယောက်ကို ဘယ်လိုခွဲရမလဲစဉ်းစားနေတာပေါ့ကွယ် "
                 " အဆင်ပြေအောင်လုပ်မှရမယ်နော် မေမေ ဘောစ့်ကို စိတ်ပျက်အောင်မလုပ်မိစေနဲ့နော် ဘောစ့်က ကျွန်တော်တို့အတွက်အများကြီးလုပ်ပေးထားတာသိတယ်မလား "
                 " ငါသိပါတယ် မင်းမျိုးရှိန်ရယ် ငါ့ကိုဆရာ မလုပ်ပါနဲ့အေ ငါ့ဟာနဲ့ ငါတောင်ခေါင်းရှုပ်နေရတဲ့ကြားထဲ "
                 " ရော့ မေမေ ဒါက ဘောစ့်ပေးခိုင်းလိုက်တာ ပျိုးမဟာနွယ်တို့ အိမ်ထောင်ပြိုကွဲဖို့အတွက် အသုံးဝင်မယ်လို့ပြောတယ် " ဒေါ်ဒေဝီခင် သားပေးတဲ့အညိုရောင်စာအိတ်လေးကို ထုတ်ယူလိုက်သည်။
                 " ဟမ့် ဘုရား... ဘုရား... " သားပေးတဲ့သတင်းအတိုင်းသာဆိုရင် ပျိုးမဟာနွယ်တို့အိမ်ထောင်ပြိုကွဲဖို့က ကျိန်သေပေါက်ပင်ဖြစ်သည်။
                 ===================
           စောင့်ပေးကြတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်နော်။ ဒီနေ့အပိုင်းက နည်းနည်းများရှုပ်နေသလိုဖြစ်နေလား ပြောပြပါဦးနော်။ နောက်လဲရှုပ်ထွေးစရာအပိုင်းတွေ ပါလာမှာမို့ နားမလည်တာလေးရှိရင် မေးလို့ရပါတယ်နော်။ နှစ်ပိုင်းတင်ပေမယ်လို့ပြောခဲ့ပေမယ့် ကိုယ်မအားလို့ တစ်ပိုင်းဘဲတင်ပေးဖြစ်တာ နားလည်ခွင့်လွှတ်ပေးပါနော်။ အပိုင်းသစ်ကို 8.9.24ရက်နေ့ တင်ပေးပါမယ်နော်။
               

တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )Where stories live. Discover now