အပိုင်း ၄ ( U )

301 24 1
                                    

တော်ဝင်မဟာနွယ်
- အပိုင်း ၄
- GL Story
- စာရေးသူ ချယ်
- မှတ်ချက် - အပိုင်း ၃နောက်ဆုံးပိုင်းကို နည်းနည်းeditလေးလုပ်ထားတာကြောင့် အပိုင်း၃နောက်ဆုံးပိုင်းကိုဖတ်ပြီးမှ အပိုင်း၎ကို ဖတ်ပေးကြပါရန်
                 " မောနင်းဘွားဘွား "
                 " မောနင်းမြေးပျိုးလေး ဘွားဘွားမြေးလေး ဒီနေ့အရမ်းလှနေပါလား အပြင်သွားမလို့လားကွဲ့ "
                 " ဟုတ် ဘွားဘွား မမတော်ဝင်က ကုမ္မဏီခေါ်သွားပေးမယ်ဆိုလို့ပါ " ဘွားဘွားပြောသလိုပင် အဖြူရောင်ပေါ်ပန်းပွင့်လေးတွေနဲ့ဂါဝန်ဝဲဝဲလေးကို ဝတ်ပြီးဆင်းလာတဲ့ပျိုးမဟာနွယ်က တော်ဝင်ရဲ့မျက်လုံးထဲမှာ အတော်လေးကိုကြည့်လို့ကောင်းနေသည်။ ဘာမဆိုင်ညာမဆိုင် အတော်ကိုချစ်ဖို့ကောင်းနေတဲ့ပျိုးမဟာနွယ်ကို အခြားသူတွေမြင်ကြမှာကို တွေးမိပြီး တော်ဝင်ဒေါသထွတ်လာသလိုပင်။
                 " စိတ်ပျက်လို့ကောင်းလိုက်တာ အဲလောက်ကလေးကလားနဲ့ ဘယ်နေရာမှာများလှနေလို့လဲ "
                 " မမတော်ဝင်မကြိုက်ဘူးဆို ပျိုးသွားပြန်လဲလိုက်ပါမယ် "
                 " လဲစရာမလိုပါဘူးမြေးလေးရဲ့ လှပါတယ် သူ့ဘာသူမနာလိုလို့ပြောနေတာ မလဲနဲ့မြေးလေး "
                 " ဟုတ်ကဲ့ပါဘွားဘွား " ဘွားဘွားကမလဲခိုင်းတာနဲ့ ပျိုးလဲ အဝတ်ပြန်မလဲတော့ဘဲ မနက်စာကိုသာဆက်စားနေလိုက်သည်။ ထိုအခိုက်မှာ ပျိုးတို့သုံးယောက်ကထမင်းစားဝိုင်းက ရုတ်တရက်တိတ်ဆိတ်သွားပြီး ဘာမှန်းမသိအခြေအနေကအေးစက်တင်းမာလာသလိုမျိုး။ ဘွားဘွားကိုလှည့်ကြည့်တော့လဲ ပြုံးစိစိနဲ့ရယ်ချင်စိတ်ကိုအောင့်ထားပြီး ကော်ဖီကိုသာသောက်နေသည်။ ပျိုးလဲနားမလည်နိုင်တာနဲ့ မမတော်ဝင်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။
                 " ဟိုက်စ့်... " ပျိုးရဲ့ခေါင်းကိုချက်ခြင်းပြန်ငုံ့လိုက်ရသည်။ အေးစက်တင်းမာနေတဲ့အခြေအနေက မမတော်ဝင်ဆီကလာတာဘဲ။ ဒေါသခိုးတွေတရိပ်ရိပ်ထွတ်နေပြီး ပျိုးကိုစူးစိုက်ကြည့်နေတဲ့မမတော်ဝင်ကြောင့် ပျိုးအကြည့်လွှဲလိုက်ရသည်။ ပျိုးရဲ့စိတ်ထဲမှလည်း
                 " ငါတစ်ခုခုအမှားလုပ်ခဲ့သေးလား "
                 " ပျိုးမဟာနွယ် နင်ဘာလုပ်လိုက်သေးလဲပြန်စဉ်းစားစမ်း "
                 " ဟ ငါလဲဘာမှမလုပ်ထားပါဘူး "
                 " အဲတာဆို မမတော်ဝင်ကဘာလို့ဒေါသထွတ်နေတာတုန်း "
                 " အဲတာတော့ ငါလဲဘယ်သိမလဲ "
                 " ထားလိုက်တော့ဟာ မမတော်ဝင်ဘာသာဒေါသထွတ်နေတာ ငါနဲ့မှမဆိုင်တာ "
                 " အဟမ်း... ဘွားဘွားစားလို့ပြီးပြီး မြေးတို့လဲစားပြီးရင် သွားကြတော့လေ မြေးတော်ဝင်အလုပ်နောက်ကျနေမယ်နော် " တိတ်ဆိတ်နေတဲ့အခြေအနေကို ဘွားထိပ်ထားမဟေသီမှချောင်းဟန့်လို့ဖြိုခွဲလိုက်ရသည်။
                 " ဟုတ် ဘွားဘွား တော်ဝင်လဲစားလို့ပြီးပါပြီး အခုဘဲသွားပါတော့မယ် "
                 " အေး... အေ... မြေးပျိုးလေးကို ဂရုစိုက်နော်မြေးတော်ဝင် "
                 " ဘွားမြေးက ကလေးလဲမဟုတ်တော့ဘူးဘွားဘွား သူ့ဘာသူဂရုစိုက်နိုင်ပါတယ် " ဘွားဘွားကို တော်ဝင်စိတ်မကြည်တာနဲ့ဘုကလန့်သာပြန်ပြောပြီး တော်ဝင်ဘောက်ဆက်ဆက်နဲ့ထွတ်လာလိုက်သည်။
                 " ဘွားဘွား ပျိုးသွားပြီးနော် " ဘွားဘွားကိုနှုတ်ဆတ်ပြီးတာနဲ့ ရှေ့ကနေခြေလှမ်းကျဲနဲ့ထွတ်သွားတဲ့ မမတော်ဝင်ရဲ့အနောက်ကို ပျိုးအမှီလိုက်ရတော့သည်။
                 တော်ဝင်ကားစင်ဝင်းအောက်ကိုရောက်တဲ့အထိ ထိုကောင်မလေးကရောက်မလာနိုင်သေး။ ရောက်လာပြန်တော့လဲ ရှေ့ခန်းမှာဘဲထိုင်ရမလို နောက်ခန်းမှာဘဲထိုင်ရမလို ရွေးချယ်ရခတ်နေတဲ့သူမကြောင့် တော်ဝင်ရဲ့မရှည်တဲ့စိတ်ကိုမနည်းဆွဲဆန့်ထားရသည်။ နောက်ဆုံးတော့ အောင်မြင်စွာရွေးချယ်လို့ပြီးသွားတဲ့သူမက ကားနောက်ခန်းတံခါးကိုဆွဲဖွင့်နေသည်။ တော်ဝင်ကတော့ သူမအပေါ်သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားလေပြီး။
                 " ကိုယ်က မင်းရဲ့ဒရိုင်ဘာမဟုတ်ဘူးနော် ပျိုးမဟာနွယ် ရှေ့မှာလာထိုင် " တော်ဝင်ကိုယ်တိုင်ဘဲ သူမကိုကားရှေ့ခန်းထဲဆွဲထည့် ခါးပတ်ပါပတ်ပေးပြီးတာနဲ့ မောင်းထွတ်ခဲ့သည်။ မဟုတ်ရင်သူမကြောင့်နဲ့ ဒီနေ့ကုမ္မဏီကိုရောက်မှာမဟုတ်တော့ဘူး။ တော်ဝင်ရဲ့စိတ်ထဲမှလည်း သူမကို ငြီးတွားဖို့လဲမပျက်မကွက်
                 " စိတ်ပျက်ဖို့ကောင်းလိုက်တာ "
                 တော်ဝင်တို့ကုမ္မဏီရောက်တော့လည်း ဝိုင်းကြည့်နေကြတဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်သည်။ သူမကတော့ဘာမှမသိဘဲ မြင်မြင်သမျှကို အထူးအဆန်းသဖွယ် အံသြတကြီးလိုက်ကြည့်လို့နေသည်။ တော်ဝင်ရုံးခန်းထဲရောက်တော့လည်း မိန့်မိန့်ကြီးနဲ့ပြုံးပြုံးကြီးထိုင်နေတဲ့ ဗစ်တာတို့စုံတွဲကြောင့် ပျိုးမဟာနွယ်ကိုခေါ်လာမိတာ တော်ဝင်နောင်တရချင်သွားသည်။ ဗစ်တာကတော့ တော်ဝင်ကိုမြင်တာနဲ့ စပ်ဖြီးဖြီးရုပ်နဲ့
                 " ရို့ Royal မင်းကုမ္မဏီကိုခြေစလှမ်းတည်းက ကောင်မလေးတစ်ယောက်ကိုခေါ်လာတယ်လို့ သတင်းရောက်လာပြီးသား ဟုတ်မှဟုတ်ပါ့မလားလို့ စောင့်နေတာ တကယ်ကြီးဘဲ "
                 " ဒါလင်ကလဲ တော်ဝင်ကို စနေပြန်ပြီး နောက်ကကောင်မလေးက ဖြူဖြူသေးသေးလေးချစ်စရာလေဘဲ အဲတာဘယ်သူလဲတော်ဝင် မဟုတ်မှခယ်မလေးလား " တော်ဝင်သူငယ်ချင်းမကတော့ သူ့ချစ်လင်ကိုပြောကာ တော်ဝင်ကိုပါတစ်ဆက်တည်းမေးခွန်းထုတ်တော့သည်။ တော်ဝင်လဲ တံခါးဝမှာတောင့်တောင့်ကြီးရပ်နေတဲ့ ပျိုးမဟာနွယ်ကိုလှည့်ကြည့်ကာ
                 " ဟုတ်တယ် သူကနင်တို့ခယ်မ ငါယူထားတဲ့မိန်းမဘဲ အိမ်မှာနေရတာပျင်းနေတယ်ဆိုလို့ ခေါ်လာတာ "
                 " ခယ်မလေးက နူးနူးညံ့ညံ့လေးနဲ့ချစ်ဖို့ကောင်းမယ့်ပုံလေးဘဲ တော်ဝင်လိုမိန်းမကြမ်းကြီးနဲ့ဘယ်လိုမှမလိုက်ဖက်လိုက်တာနော် ဒါလင် "
                 " ဘာကွ ဂရေစ့် ငါ့လက်သီးက သူငယ်ချင်းကော ဘာကောမရွေးဘူးနော် "
                 " ခယ်မလေး အဲမှာဘဲရပ်မနေနဲ့လေ ဒီကိုလာ "
                 " အဲတာကိုယ့်သူငယ်ချင်းတွေဘဲ ဘာမှမကြောက်နဲ့ သွားပြီးစကားပြောနေ ကိုယ်စာရင်းတွေစစ်ဦးမယ် "
                 " ဟုတ် မမတော်ဝင် "
                 " ကိုယ်အလုပ်ပြီးရင် Boxing clubကို လိုက်ပို့ပေးမယ် "
                 " Hello ခယ်မလေး အစ်ကိုက Royalနဲ့အတူ ပြင်သစ်မှာကျောင်းတတ်ရင်း တွေ့ကြတာ အစ်ကို့နာမည်က ဗစ်တာ သူကတော့ Royalရဲ့ကျောင်းနေဘက်ငယ်သူငယ်ချင်း ဂရေစ့်တဲ့ ကိုယ့်ရဲ့ချစ်သူလေးပေါ့ "
                 " ဟုတ် အစ်ကိုဗစ်တာနဲ့အစ်မဂရေစ့် ညီမကပျိုးမဟာနွယ်ပါ တွေ့ရတာဝမ်းသာပါတယ်နော် "
                 " ဘယ်လိုလဲခယ်မလေး Royalကဂရုစိုက်ရဲ့လား ကောင်းကောင်းရောဆက်ဆံရဲ့လား ခယ်မလေးပေါ်မကောင်းရင် အစ်ကို့ကိုပြောနော် အစ်ကိုကခယ်မလေးအတွက်ဆုံးမပေးမယ် "
                 " မမတော်ဝင်က ပျိုးကိုကောင်းကောင်းဆက်ဆံပါတယ် ဂရုလဲစိုက်ပေးပါတယ် အစ်ကိုဗစ်တာ " စိတ်ပျက်ဖို့ကောင်းလိုက်တာလို့ ခနခနပြောတတ်တာကိုတော့ ပျိုးစိတ်ထဲမှာဘဲထားလိုက်သည်။
                 " အင်း တော်ဝင်က ငယ်ငယ်လေးတည်းက ဖွားဖွားရဲ့တင်းကြပ်တဲ့ထိန်းချုပ်မှုတွေကြားထဲက ကြီးပြင်းလာတာဆိုတော့ နည်းနည်းတော့ခက်ထန်တယ် အေးစက်တယ် ကြမ်းတမ်းတယ် "
                 " မမတော်ဝင်ကလဲ ပျိုးအပေါ်မှာအရမ်းကြမ်းကြမ်းတမ်းတမ်းမဆက်ဆံပါဘူး "
                 " သူက ငယ်ငယ်တည်းက မိဘနှစ်ပါးလုံးဆုံးရှုံးခဲ့ရတယ် တင်းကြပ်တဲ့စည်းကပ်တွေနဲ့ထိန်းချုပ်ခံရတယ် ချစ်ခင်ကြင်နာမှုဆိုတာကို မခံစားခဲ့ရတော့ ဘယ်လိုချစ်ပေးရမယ် ဘယ်လိုနွေးထွေးပေးရမယ်ဆိုတာကို မသိဘူး အဲတာကြောင့် ခယ်မလေးကဘဲနားလည်ပေးပါ " မမတော်ဝင်ရဲ့သူငယ်ချင်း အစ်မဂရေစ့်ရဲ့စကားကြောင့် စာပွဲမှာထိုင်ပြီးအလုပ်လုပ်နေတဲ့ မမတော်ဝင်ကိုလှမ်းကြည့်မိသည်။ ပျိုးကိုလှမ်းကြည့်တဲ့မမတော်ဝင်နဲ့အကြည့်ချင်းဆုံသွားတာကြောင့် ပျိုးပြုံးပြလိုက်သည်။
                 " မမတော်ဝင်ကို ပျိုးအမြဲနားလည်ပေးနေမှာပါ အစ်မဂရေစ့် "
                 " တီ... တီ... တီ... "
                 " 1...2...3... ရှော့ "
                 " မရသေးဘူး ထပ်လုပ် "
                 " 1...2...3... ရှော့ "
                 " နောက်တစ်ခေါက် "
                 " 1...2...3... ရှော့ "
                 " အိုကေရပြီး လူနာနှလုံးပြန်ခုန်လာပြီး " လူနာကုတင်ပေါ်မှာ အသက်လုနေတဲ့တစ်ဦးတည်းသောမောင်လေးကို ကြည့်ပြီး နွေးမျက်ရည်ကျနေရသည်။
                 " သမီးကြီး သားငယ်နှလုံးခုန်ရပ်သွားပြန်ပြီးဆို "
                 " ဟုတ်တယ်ဖေဖေ အခုတော့အဆင်ပြေသွားပါပြီး "
                 " တော်သေးတာပေါ့ အဆင်ပြေသွားရင်ဘဲရပြီး "
                 " ဖေဖေ သမီးလေ မောင်လေးအခုလိုဖြစ်နေတာကို မကြည့်ရက်တော့ဘူး သမီးတို့တွေမောင်လေးကို လက်လွှတ်ပေးလိုက်ရအောင်နော် "
                 " ဘယ်လိုတောင်ပြောရက်လိုက်တာလဲသမီးကြီး ဟိုမှာလှဲနေတာ သမီးကြီးရဲ့တစ်ဦးတည်းသောမောင်လေးပါ သမီးရဲ့သွေးသားရင်းပါ အဲတာကိုလက်လွှတ်ဖို့ပြောရဲတယ်နော် "
                 " မောင်လေးရဲ့နှလုံးကသာခုန်နေတာ ဦးနှောက်ကသေနေပြီးဖေဖေ အဲအဓိပ္ပါယ်ကိုဖေဖေသိရဲ့လား မောင်လေးကသေလူနဲ့မခြားတော့ဘူး ဖေဖေရဲ့အတ္တတွေအတွက်နဲ့မောင်လေးကိုဆွဲထားတာ နှစ်နှစ်ဆယ်တောင်ရှိနေပြီးဖေဖေ ဘာတွေထပ်လုပ်ချင်သေးတာလဲ မောင်လေးကိုလွှတ်ပေးလိုက်ပါ "
                 " တော်ပြီး သမီးကြီး ဒီစကားကိုဒီမှာတင်ရပ်ပါ သမီးရဲ့မောင်လေးသတိမလစ်ခင်က ဖေဖေ့ကိုဘယ်လိုပြောသွားလဲသမီးသိရဲ့လား ' ဖေဖေ ကျွန်တော်ကိုမဖြစ်မနေကယ်တင်ပေးပါတဲ့ ' သားငယ်လေးကိုယ်တိုင် ဖေဖေ့ကိုပြောသွားတာပါသမီးကြီးရယ် "
                 " အဲတာကိုသမီးနားလည်ပါတယ် ဖေဖေလဲတတ်နိုင်သလောက်လုပ်ပေးပြီးပြီးလေ ဒီလောက်ဆိုလုံလောက်ပါပြီး မောင်လေးကို ဆက်ပြီးမဆွဲထားကြရအောင် "
                 " မရဘူးသမီးကြီး ဖေဖေ့သားငယ်ကို ဖေဖေရအောင်ကယ်မှာ သားငယ်ကိုယ်တိုင်ပြောသွားတာမို့ ကျိန်သေပေါက်သတိရလာမှာ သားငယ်လေးသတိရလာတဲ့နေ့က ဒေါ်ထိပ်ထားမဟေသီကျဆုံးတဲ့နေ့ဘဲ "
                 " ဖေဖေ့ရဲ့အငြိုးတွေက ကြောက်ဖို့ကောင်းလိုက်တာ " သမီးကြီးနွေးရဲ့စကားတွေ ဦးထိန်သာမာန်မကြားချင်တော့၍ ကျောခိုင်းလို့သာလှည့်ထွတ်လာခဲ့သည်။ ဦးထိန်သာမာန်အနေနဲ့ထိုနေ့ကအဖြစ်အပျက်ကို လုံးဝမမေ့နိုင်သေးပေ။ သားငယ်လေးနောက်ဆုံးသတိမလစ်ခင်အချိန်ထိ သူ့ရဲ့မျက်လုံးကိုစေ့စေ့ကြည့်ပြီး အခေါက်ခေါက်အခါခါမှာသွားခဲ့သည်မှာ
                 " ဖေဖေ ကျွန်တော်အသက်ရှင်ချင်သေးပါတယ် ကျွန်တော်ကိုဆက်ဆက်ကယ်တင်ပေးပါ " ဆိုတဲ့ အဲဒီစကားကြောင့် ဦးထိန်သာမာန်အနေနဲ့ သားငယ်လေးကိုတစ်ရက်မှလက်မလျော့ခဲ့။ သားငယ်လေးကို တစ်ယောက်ပြီးတစ်ယောက်လက်လျော့လိုက်ဖို့ ပြောနေတာတွေကိုဆန့်ကျင်ပြီး သားငယ်လေးအသက်ကိုဆွဲဆန့်ထားသည်မှာ နှစ်နှစ်ဆယ်တောင်ရှိသွားခဲ့ပြီး။ သမီးကြီးပြောသလို သူအငြိုးကြီးတယ်ဆိုဆို သားငယ်လေးကို အခုလိုဖြစ်စေတဲ့အဓိကတရားခံ ဒေါ်ထိပ်ထားမဟေသီကို ဦးထိန်သာမာန်ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။
                 " သားငယ်ရေ မင်းသတိရဖို့ကောင်းပြီး မင်းကိုအခုလိုဖြစ်အောင်လုပ်တဲ့သူတွေက ကောင်းကောင်းနေနေတဲ့အချိန် မင်းကအခုလိုဘဲ အိပ်နေတော့မှာလားကွာ "
                 =====================
         တော်ဝင်မဟာနွယ်လေးပြန်ရောက်လာပါပြီး updateမမှန်တဲ့သာသာမို့ စိတ်ပျက်နေကြပြီးလား သာသာအကြွေးပြန်ဆပ်တဲ့အနေနဲ့ ဒီနေ့ကိုနှစ်ပိုင်းဆက်ပြီးတင်ပေးပါမယ်နော်။ မနက်ဖြန်ညပိုင်းကို နောက်တစ်ပိုင်းတင်ပေးပါမယ်။ မနက်ဖြန်ညပိုင်းကိုတင်ပေးပြီးရင် နောက်အပိုင်းတွေကို ၃ရက်ခြားတစ်ခါ updateမှန်အောင် ကြိုးစားတင်ပေးပါမယ်ရှင့်
         သာသာနောက်ဆက်ရေးမယ့်အပိုင်းတွေနဲ့ဆက်စပ်မှုရှိအောင်လို့ introနဲ့အပိုင်းသစ်မှာနည်းနည်းပြင်ဆင်ထားတာလေးရှိပါတယ် အစကနေပြန်မဖတ်ချင်တဲ့သူက ဒါကိုဘဲဖတ်ရင်ရပါပြီးနော်
- Introမှာ မိဘတွေဆုံးတုန်းက တော်ဝင်ရဲ့အသက်ဆယ်နှစ်ရှိပါပြီးလို့ပြောထားတာကို ငါးနှစ်လို့ပြောင်းလိုက်ပါတယ်။
- အပိုင်း၁မှာ ပျိုးမဟာနွယ်ရဲ့အသက်နှစ်ဆယ့်ငါးနှစ်ကို နှစ်ဆယ်နှစ်လို့ပြောင်းလိုက်ပါတယ်။ တော်ဝင်ထက် သုံးနှစ်ငယ်တယ်ဆိုတဲ့နေရာမှာ ငါးနှစ်ငယ်တယ်လို့ပြောင်းထားပါတယ်။

တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )Where stories live. Discover now