အပိုင္း ၇ ( U )

306 22 4
                                    

တော်ဝင်မဟာနွယ်
- အပိုင်း ၇
- GL Story
- စာရေးသူ ချယ်
                " ငါစုံစမ်းခိုင်းတာတွေရပြီးလား နေမျိုး "
                " ဟုတ် ဒါတွေက ဆရာစုံစမ်းခိုင်းထားတာတွေပါ "
                " ကောင်းပြီး ကြည့်ရအောင် "
                " မဟေသီစံအိမ်ကုမ္မဏီရဲ့ဥက္ကဌကြီး ဒေါ်ထိပ်ထားမဟေသီ၊ CEOတော်ဝင်မဟေသီ၊ တော်ဝင်မဟေသီရဲ့အိမ်ထောင်ဖက် ဇနီးပျိုးမဟာနွယ်... "
                " ဘယ်လို နေမျိုး ဒါဘာလဲငါ့ကိုရှင်းပြပါဦး မင်းမှားပြီးစုံစမ်းထားတာလား "
                " မမှားပါဘူးဆရာ တော်ဝင်မဟေသီက မိန်းကလေးချင်းလက်ထပ်ထားတာပါ သူမရဲ့ဇနီးပျိုးမဟာနွယ်ဆိုတာက မဟာနွယ်အိမ်တော်ရဲ့ဆက်ခံသူ ဦးဟန်သွင်မဟာနွယ်ရဲ့တစ်ဦးတည်းသောသမီးပါ "
                " ဘာကွ မင်းအခုပြောလိုက်တာက မဟာနွယ်အိမ်တော်လို့ပြောလိုက်တာလား "
                " ဟုတ်ပါတယ်ဆရာ "
                " ဟား... ဒေါ်ထိပ်ထားမဟေသီ သိပ်တော်တာပါလား သမီးနဲ့မဆက်လိုက်ရတဲ့အိမ်ထောင်ရေးကို မြေးဖြစ်သူနဲ့ပြန်ဆက်ထားတာပေါ့ ဒါကလဲမိန်းကလေးချင်းတဲ့လား "
                " ပျိုးမဟာနွယ်နဲ့ပတ်သက်တာတွေ ထပ်စုံစမ်းပေးပါ "
                " ဆရာလိုအပ်မယ်ထင်လို့ စုံစမ်းထားပါတယ် "
                " စိတ်ဝင်စားစရာဘဲ ဟန်သွင်မဟာနွယ်ကသေသွားပြီးပေါ့ မသေခင်အဖြစ်မှန်တွေသိသွားရဲ့လား သူတို့နှစ်ယောက်ကို ငါဆီခေါ်လာခဲ့ "
                " ဟုတ်ကဲ့ပါဆရာ " သူ့ရဲ့လူယုံနေမျိုး ထွတ်သွားပြီးမကြာခင်မှာဘဲ ဖေဖေဝင်လာသည်။
                " သားငယ် "
                " ဖေဖေ "
                " သားငယ်အခုမှနေကောင်းခါစရှိသေးတယ် နားနားနေနေလုပ်ပါသား "
                " ကျွန်တော်နားမနေနိုင်ပါဘူးဖေဖေရယ် ကျွန်တော်တို့ကို ဒီအခြေအနေထိရောက်အောင်လုပ်ထားတဲ့သူတွေကို အပြစ်ပေးပြီးမှဘဲ ကျွန်တော်နားနေနိုင်မယ်ထင်ပါတယ် "
                " သားငယ်ရဲ့စိတ်ကို ဖေဖေနားမလည်လို့ပြောတာမဟုတ်ပါဘူး သားငယ်တစ်ခုခုဖြစ်သွားမှာကို စိတ်ပူတာပါ သားငယ်ကိုဖေဖေ ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ဘူး "
                " ကျေးဇူးပါဖေဖေ ကျွန်တော်ကိုလုံးဝလက်မလျော့ခဲ့လို့ "
                " မလိုပါဘူးကွာ သားငယ်ကို ဖေဖေအခုလိုပြန်မြင်ရရင်ဘဲ ဖေဖေကြိုးစားရကျိုးနပ်ပါတယ် အခုတော့ဖေဖေစိတ်ဖြောင့်ဖြောင့်နဲ့ မျက်လုံးမှိတ်နိုင်ပါပြီး "
                " မဟုတ်တာပြောရော့မယ်ဖေဖေရယ် ဖေဖေအသက်ရှည်ရှည်နေရမှာပါ ပြီးတော့ဒေါ်ထပ်ထားမဟေသီရဲ့ကျဆုံးခန်းကို ဖေဖေစောင့်ကြည့်ရမှာပေါ့ဗျာ " သားငယ်ရဲ့စကားကို ဦးထိန်သာမာန်သဘောတကျနဲ့ရယ်လိုက်သည်။
                " ဟား... ဟား... ဟုတ်တာပေါ့ကွာ သားငယ်ပြောတာမှန်တာပေါ့ ဒါနဲ့ဖေဖေဘာကူဖို့လိုသေးလဲသားငယ် "
                " ကျွန်တော် မဟေသီစံအိမ်ကုမ္မဏီမှာ ရှယ်ယာဝင်ဖို့ကူညီပါဖေဖေ နောက်ပြီးကျွန်တော်ရဲ့နာမည်ရင်းကိုဖျောက်ပေးပါဖေဖေ "
                " အိုကေဖြစ်စေရမယ် သားငယ် " ဖေဖေပြန်ထွတ်သွားတာနဲ့သူမျက်နှာသူ ပြန်ကိုင်မိသည်။ ကားအက်စီဒန့်ဖြစ်ပြီးတော့ မှန်ကွဲစတွေအများကြီးစိုက်ဝင်နေတာကြောင့် သူရဲ့မျက်နှာကအဖေအရင်းတောင် မမှတ်မိတော့တဲ့အထိ လုံးဝကိုပျက်စီးသွားသည်။ သူ့မျက်နှာပြန်ကောင်းဖို့အတွက် ခွဲစိတ်မှုပေါင်းများစွာလုပ်ပြီးတာတောင် အရင်မူလမျက်နှာကိုပြန်မရနိုင်တော့ပေ။ အဲတာကဘဲ သူ့ရဲ့လက်စားချေဖို့အစီအစဉ်မှာ အားသာချက်တစ်ခုဖြစ်လာသည်။ အခြားသူတစ်ယောက်ရဲ့မျက်နှာလိုဖြစ်နေတဲ့အတွက် နာမည်သာပြောင်းလိုက်မယ်ဆိုရင် ဒေါ်ထိပ်ထားမဟေသီဟာ သူ့ကိုဘယ်လိုမှမှတ်မိနိုင်မှာမဟုတ်ဘူးဆိုတာ သေချာသည်။
                " ဒေါ်ထိပ်ထားမဟေသီ ကျွန်တော်ပြန်လာပြီး ခင်ဗျာရဲ့ကျဆုံးခန်း ဒီနေ့ကစပြီးလို့ မှတ်ထားပေတော့ ဟား... ဟား... " သူ့အတွေးနဲ့သူ ဘဘောကျရယ်မောပြီးနောက် စာပွဲပေါ်မှာတင်ထားတဲ့ဓာတ်ပုံကိုမြင်ပြီး သူ့မျက်နှာပြန်တည်သွားသည်။ တစ်စုံတစ်ဦးကို လွမ်းဆွတ်သတိရနေတဲ့ ကြေကွဲစရာအသံသြရှရှထွတ်ပေါ်လာသည်။
                " မင်းကိုအရင်လွှတ်လိုက်ရလို့ စိတ်မကောင်းပါဘူးကွာ အစ်ကိုသွေးကြွေးတွေဆပ်ပြီးရင် မင်းဆီကိုလိုက်လာခဲ့ပါမယ် "
                ဒေါ်ဒေဝီခင် ဖဲပွင့်လေးတွေကိုဖြည်းဖြည်းချင်းပွတ်ဆွဲနေသည်။ ရှေ့ဖဲက ကင်း၊ နောက်ဖဲက စပိတ်တစ်၊ ဆွဲဖဲကို အသာလေးကောက်လှန်လိုက်တော့ ကိုးပွင့်ကြီးတတ်လာတဲ့အချိန် ဒေါ်ဒေဝီခင်စိတ်ပျက်ပျက်နဲ့ စုတ်သပ်လိုက်သည်။
                " ကျစ် "
                " ဘယ်လိုလဲဒေဝီ ဒီနေ့လဲလက်ကီးမကောင်းပြန်ဘူးလား "
                " ဖက်... " သူနဲ့အတူဖဲကစားဖော်ရဲ့မေးခွန်းကို သူ့ဖဲချပ်တွေ လှန်ချရင်းသာ ပြန်ဖြေလိုက်သည်။ ဒီရက်တွေဆက်တိုက်ရှုံးပွဲတွေချည်းဖြစ်နေတာကြောင့် ဒေါ်ဒေဝီခင်တော်တော်ကို ဘူပိတ်နေသည်။ ဖဲကြွေးတွေကလဲ လည်ပင်းထိနစ်နေပေမယ့် ဒေါ်ဒေဝီခင်စိတ်မပူပါ။ ပျိုးမဟာနွယ်က သူငွေလိုတိုင်း ထုတ်လို့ရနေသည့် ငွေထုတ်စက်ကြီးပင်ဖြစ်သည်။  အခုတော့ပါလာတဲ့ပိုက်ဆံလဲကုန်ပြီးမို့ အိမ်ပြန်ဖို့သာပြင်လိုက်သည်။ လောင်းကစားရုံထဲကနေထွတ်လာတဲ့အချိန် အနက်ရောင်ဗန့်ကားတစ်စီးက ဒေါ်ဒေဝီခင်ရှေ့ကိုလာရပ်ပြီး ကားပေါ်ကိုအတင်းဆွဲတင်ခံလိုက်ရသည်။ ဒေါ်ဒေဝီခင် ကားပေါ်ရောက်မှ သူတို့ထဲကလူတစ်ယောက်က
                " ခင်ဗျာကို ကျွန်တော်တို့ဆရာကတွေ့ချင်လို့ ခေါ်ခိုင်းလိုက်တာပါ အသက်အန္တရာယ်မဖြစ်စေရဘူးမို့ အေးအေးဆေးဆေးလိုက်ခဲ့ပေးပါ "
                " အို... အဲတာဆိုလဲ အေးအေးဆေးဆေးရှင်းပြပြီးခေါ်လေဟဲ့ အဲလိုဆွဲလားရမ်းလားလုပ်ဖို့ လိုလို့လား "
                " ကျွန်တော်တို့မှာ အချိန်မရှိလို့ပါ "
                " ကျွီး... " ဒေါ်ဒေဝီခင်ပါလာတဲ့ကားက လျှင်မြန်တဲ့အရှိန်နဲ့သွားနေရင်း တစ်နေရာအရောက်မှာရုတ်တရက်ဘရိတ်ဆွဲလိုက်တာကြောင့် ကျွီခနဲမြည်ပြီး ရပ်တန့်သွားသည်။ သူတို့က နောက်ထပ်ကောင်လေးတစ်ယောက်ကို သူမနည်းတူကားပေါ်ဆွဲတင်လိုက်ကြသည်။ ထိုကောင်လေးကို ဒေါ်ဒေဝီခင်သေချာကြည့်မိတော့ သူမရဲ့သားဖြစ်နေသည်။
                " ဟင်! သားမင်းမျိုးရှိန် "
                " မေမေ သူတို့ကဘယ်သူတွေလဲ ကျွန်တော်တို့ကိုဘာလို့ဖမ်းခေါ်နေကြတာလဲ ဘာလဲမေမေ့ဖဲကြွေးတွေ မဆပ်နိုင်လို့ဖမ်းတာလား ဆပ်မယ်လို့ပြောလိုက်လေမေမေရဲ့ ပျိုးမဟာနွယ်ဆီက တောင်းလို့ရတယ်လေ " ဘုမသိဘမသိနဲ့ သွေးရူးသွေးတန်းနဲ့ လျှောက်ပြောနေတဲ့သားဖြစ်သူကို
                " အဲလိုမဟုတ်ပါဘူးသားရယ် စိတ်အေးအေးထား ဘာဖြစ်လို့ခေါ်တာလဲတော့ မေမေမသိသေးဘူး သူတို့ပြောတာကတော့ သူတို့ဆရာကတွေ့ချင်လို့ခေါ်တာတဲ့ အသက်အန္တရာယ်မဖြစ်စေရဘူးအာမခံတယ်တဲ့ အကြောင်းအရင်းကတော့ သူတို့ဆရာဆိုတဲ့သူနဲ့တွေ့မှဘဲ သိရမှာပေါ့ "
                " ဟုတ်ကဲ့ပါမေမေ " မေမေက အသက်အန္တရာယ်မရှိဘူးဆိုလို့ မင်းမျိုးရှိန်လဲဘာမှမပြောတော့ဘဲ အေးအေးဆေးဆေးသာလိုက်လာခဲ့သည်။ မအေးဆေးလို့လဲမရဘူးလေ သူတို့ပုံစံတွေကိုကြည့်ရတာ မင်းမျိုးရှိန်ပြန်ချလို့လဲနိုင်မယ့်သူတွေမဟုတ်ဘူး။ သူတို့တွေအကုန်လုံးကတုတ်ခိုင်သန်မာပြီး ဗလတွေကအကြီးကြီးတွေဖြစ်သည်။ နိုင်ငံခြားက ဂန်းစတားတွေပုံစံနဲ့တောင် ဆင်တူသေးသည်။ သူမသိလိုက်တာက သူ့ကိုခေါ်လာတဲ့သူတွေက ဂန်းစတားတွေနဲ့ဆင်တူတာမျိုးမဟုတ်ဘဲ တကယ့်ဂန်းစတားစစ်စစ်တွေဖြစ်နေတာကိုပင်။ စနစ်တကျလေ့ကျင့်ထားတဲ့ သတ်ရဲဖြတ်ရဲသည့် လက်မရွံလူသတ်သမားတွေဘဲဖြစ်သည်။
                ဒီနေ့ ပျိုးမီးဖိုချောင်းထဲမှာအလုပ်ရှုပ်နေသည်။ အကြောင်းကတော့ မမတော်ဝင် ပြင်သစ်မှာကျောင်းတတ်တုန်းက ရင်းနှီးခဲ့တဲ့မိတ်ဆွေတစ်ယောက် အိမ်လာလည်မည်ဆိုတာကြောင့်ပင်ဖြစ်သည်။ မမတော်ဝင်ကတော့ ပျိုးကိုဝိုင်းကူပေးနေသည်။ ဝိုင်းကူပေးတယ်ဆိုတာထက် ပျိုးနားမှာကပ်နေတာဆိုပိုမှန်ပါသည်။ ဟင်းချက်နေတဲ့ပျိုးရဲ့ခါးကိုနောက်ကိုသိုင်းဖတ်ပြီး ပျိုးပုခုံးပေါ်မေးတင်ကာ
                " ကိုယ့်မိန်းမလေး ကိုယ့်ကြောင့်ပင်ပန်းနေပြီး ကိုယ့်မိတ်ဆွေကလည်း အိမ်ချက်မြန်မာထမင်းဟင်းလေးစားချင်တယ်ဆိုတာကြောင့်ပါ "
                " ဘာမှအပန်းမကြီးပါဘူးမမတော်ဝင်ရဲ့ ပျိုးတို့အိမ်စားဖို့ချက်တာထက် နည်းနည်းလေးပိုချက်လိုက်ရတာလေးဘဲရှိတာပါ "
                " ပြွတ်စ့်... ကိုယ့်မိန်းမလေးက အရမ်းချစ်ဖို့ကောင်းတာဘဲကွာ " ပျိုးရဲ့ပါးကိုနမ်းပြီး ပြောလာတဲ့စကားကြောင့် ပျိုးရှက်ပြုံးလေးပြုံးမိသည်။ မမတော်ဝင်က ပျိုးတို့ရဲ့အိမ်ထောင်ရေးအခြေအနေကို ပြောင်းလဲဖို့ပြောခဲ့တဲ့အချိန်ကနေစပြီး မမတော်ဝင်တကယ်ကိုပြောင်းလဲပေးခဲ့ပါသည်။ အခုကတော့ အပြောင်းလဲလွန်နေသလားလို့တောင် ပျိုးထင်မိသည်။
                " ဘယ်နေရာချစ်ဖို့ကောင်းတာလဲ မမတော်ဝင်ရယ် ဒီလောက် ချွေးနံ့တွေနဲ့ဟင်းနံ့တွေနဲ့ပေါင်းပြီး နံ့စော်နေတာကိုများ " ပျိုးထိုသို့ပြောတော့ ပျိုးရဲ့လည်ပင်းကိုနမ်းရှိုက်ပြီး
                " ကိုယ်မိန်းမလေးရဲ့ကိုယ်သင်းနံ့က ကိုယ်အကြိုက်ဆုံးအမွှေးနံ့သာတစ်ခုဘဲသိလား " တော်ဝင်အနေနဲ့ သူ့မိန်းမလေးကို အသက်မျှလောက်ချစ်ရပါသည်။ တော်ဝင်မရခဲ့ဖူးတဲ့ နွေးထွေးမှုကိုပေးခဲ့သည်။ အချစ်က ဘာလဲဆိုတာကို သင်ပေးခဲ့သည်။ တော်ဝင်ယုံကြည်မိတာတစ်ခုက တော်ဝင်ပင်ပန်းလာတဲ့အချိန်၊ ဘွားဘွားရဲ့အမိန့်အာဏာတွေနဲ့ မွန်းကြပ်လာတဲ့အချိန်မှာ သူ့မိန်းမလေးရဲ့ရင်ခွင် သူ့မိန်းမလေးရဲ့ကိုယ်သင်းရနံ့က တော်ဝင်အတွက် အေးချမ်းရာ နားခိုရာအိုအေစစ်လေးတစ်ခုဖြစ်တယ်ဆိုတာပါဘဲ။
                " အဟမ်း... " ဒေါ်ထိပ်ထားမဟေသီရေသောက်ချင်လို့မီးဖိုချောင်းထဲအဝင် ဟင်းချက်နေတဲ့မြေးပျိုးလေးကို နောက်ကနေသိုင်းဖတ်ထားတဲ့ မြေးတော်ဝင်ကိုတွေ့လိုက်ရသည်။ မြေးတော်ဝင်ရဲ့အရပ်က မြေးပျိုးလေးနဲ့ယှဉ်ရင် တော်တော်လေးကိုရှည်ပါသည်။ အရပ်ချင်းညီအောင် မြေးတော်ဝင်ရဲ့ခြေထောက်တွေကိုကားထားပြီး မြေးပျိုးလေးကိုဖတ်ထားတာကြောင့် ဒေါ်ထိပ်ထားမဟေသီ အသံထွတ်ပြီးရယ်မိတော့သည်။ ဘွားဘွားရဲ့ရယ်သံကို ကြားလိုက်ရလို့ ပျိုးတို့နှစ်ယောက်လုံး ဘွားဘွားကိုလှည့်ကြည့်မိသည်။
               " ဘွားဘွားတစ်ယောက်တည်း ဘာတွေသဘောကျနေတာလဲ ပျိုးကိုလဲပြောပြဦးလေ "
               " ဘာမှမဟုတ်ပါဘူးမြေးပျိုးလေးရဲ့ မြေးပျိုးလေးဟင်းချက်နေတာ ပူလှပြီးကို မြေးတော်ဝင်ကဖတ်ထားပြီး ပိုပူအောင်မလုပ်နဲ့လေ " တော်ဝင်ကတော့ ဘွားဘွားက သူ့မိန်းမလေးကိုမဖတ်ထားနဲ့ဆိုတာကြောင့် မျက်နှာစူပုတ်သွားပြီး ပျိုးဘက်ကိုလှည့်ကာ
               " ကိုယ်မိန်းမလေး တကယ်ဘဲပူနေသလား "
               " ပျိုးမပူပါဘူး ရပါတယ်မမတော်ဝင်"
               " ပြွတ်စ့်... ပြွတ်စ့်... အဲတာဆိုဆက်ဖတ်ထားမယ်နော် " ဒေါ်ထိပ်ထားမဟေသီကတော့ မြေးနှစ်ယောက်ကိုမနိုင်ဟန် ခေါင်းတခါခါဖြင့် မီးဖိုချောင်းထဲကနေထွတ်သွားသည်။ ဒါတောင် ဒီမြေးနှစ်ယောက် သူကိုယ်တိုင်ပေးစားထားလို့သာဘဲ။ သူတို့ဘာသာချစ်ကြိုက်လို့ယူကြတာဆိုရင် ဒီအဘွားကြီးကို ရှိတယ်လို့တောင်ထင်မှာ မဟုတ်တော့ဘူးပေဘဲ။
               " ဒါနဲ့မိန်းမလေး ကိုယ့်မိတ်ဆွေကိုသွားကြိုရင် ကိုယ်နဲ့အတူ အဖော်လိုက်ပေးနော် ကိုယ်တစ်ယောက်တည်းမသွားချင်လို့ "
               " ကောင်းပါပြီးရှင် ပျိုးလိုက်ခဲ့ပေးပါမယ် "
               " ပြွတ်စ့်... ချစ်တယ်ကိုယ့်ရဲ့မိန်းမလေး "
               " ပျိုးလဲ အရမ်းချစ်တယ်မမတော်ဝင် "
               "ဒေါ်ဒေဝီခင် ကျွန်တော်နောက်ကိုလိုက်ခဲ့ပေးပါ " မေမေ့ကိုခေါ်တော့ မင်းမျိုးရှိန်လဲ မေမေ့နောက်ကနေလိုက်လာခဲ့သည်။ သို့သော် မေမေ့ကိုလာခေါ်တဲ့ထိုလူက မင်းမျိုးရှိန်ကိုတားကာ
               " ဒေါ်ဒေဝီခင်တစ်ယောက်တည်းကိုဘဲ ခေါ်ခိုင်းလိုက်တာပါ ခင်ဗျာမပါဘူး "
               " ဘာလဲကွ ငါမပါရင်လဲ ငါ့ကိုဘာလို့ခေါ်လာတာလဲ ငါပါလိုက်မှာ ငါ့အမေတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မှာလဲ "
               " မင်းအမေနဲ့စကားပြောပြီးရင် မင်းအလှည့်ရောက်လာမှာမို့လို့ အေးအေးဆေးဆေးစောင့်နေ မင်းတို့နှစ်ယောက်လုံးကောင်းကောင်းမွန်မွန်ပြန်ရမယ် "
               " သားမင်းမျိုးရှိန် ဘာမှစိတ်မပူနဲ့ သူတို့လဲ မေမေတို့ကို ဘာမှမလုပ်ဘူးပြောထားတာဘဲလေ မေမေခနနေပြန်လာမယ် "
               " ဟုတ်ကဲ့ပါမေမေ " ဒေါ်ဒေဝီခင်လဲ သူမသားကိုမှာကြားပြီးတာနဲ့သူ့ကိုလာခေါ်တဲ့သူနောက် လိုက်လာခဲ့သည်။ အခန်းတစ်ခန်းရှေ့ရောက်တာနဲ့ သူမကိုလာခေါ်တဲ့သူက တံခါးဖွင့်ပေးပြီး
               " ဝင်သွားလိုက်ပါ အထဲမှာဆရာစောင့်နေပါတယ် " ဒေါ်ဒေဝီခင်အခန်းထဲဝင်သွားလိုက်တော့ စာပွဲထိပ်မှာထိုင်နေတဲ့လူတစ်ယောက် သူရှေ့မျက်နှာချင်းဆိုင်ခုံတွင်ထိုင်ရန် ညွှန်ပြတာနဲ့ ထိုနေရာမှာဘဲထိုင်လိုက်သည်။ ထိုလူကဘယ်သူလဲ ဘာကြောင့်သူတို့သားအမိကို ခေါ်ရတာလဲဆိုတာမသိပေမယ့် စူးရှတဲ့မျက်ဝန်း ပြတ်သားတဲ့အကြည့်တွေနဲ့ ထိုလူကအတော်လေးကိုကြည့်လို့ကောင်းသည်။
               " ဒေါ်ဒေဝီခင်နော် ကျုပ်နာမည် ဦးမာန်ဟိန်းပါ ကျုပ်ပြောစရာရှိလို့ခေါ်ခိုင်းလိုက်တာပါ "
               " ဘာကိစ္စနဲ့ဒီလိုခေါ်ရတာလဲဆိုတာ ပြောပါ "
               " ခင်ဗျာမှာ လောင်းကစားကြွေးတွေအများကြီးဘဲလို့ သိထားတယ် ဟုတ်လား "
               " အဲတာရှင်နဲ့ဘာဆိုင်လဲ ရှင့်ကိစ္စသာရှင်ပြောပါ "
               " ဟုတ်ပါပြီး လိုရင်းဘဲပြောတာပေါ့ ခင်ဗျာရဲ့လင်ပါသမီးပျိုးမဟာနွယ်နဲ့ တော်ဝင်မဟေသီတို့အိမ်ထောင်ရေးကို ပြိုကွဲအောင်လုပ်ပါ ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ပေးမယ်ဆို ခင်ဗျာရမယ့်အကျိုးအမြတ်က မနည်းစေရဘူးဆိုတာသိထားပါ "
               " ရှင်အရင်ပြောကြည့်ပါ ကျွန်မရမယ့်အကျိုးအမြတ်ကို "
               " ဒီမှာရှိနေတဲ့ခင်ဗျာရဲ့လောင်းကစားကြွေးတွေကို ကျုပ်အကုန်ဆပ်ပေးမယ် ခင်ဗျာရဲ့လင်ပါသမီးကိုပါခေါ်ပြီး ခင်ဗျာတို့သားမိနှစ်ယောက်ပါ နိုင်ငံခြားမှာကောင်းကောင်းနေလို့ရအောင် အိမ်၊ ခြံ၊ ကား၊ ပိုက်ဆံအကုန် ကျုပ်ထောက်ပံ့ပေးမယ် ခင်ဗျာသားအတွက် အလုပ်ကောင်းကောင်းတစ်ခုစီစဉ်ပေးမယ် ဘယ်လိုလဲ "
               " ရှင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမယ် ရှင်သာကတိတည်ပါ "
               " ဟား... ဟား... " ဒေါ်ဒေဝီခင်ထွတ်သွားတာနဲ့ ဦးမာန်ဟိန်းအားရကျေနပ်စွာ ရယ်မောလိုက်သည်။
               " လူတွေ လူတွေ ငွေလေးနည်းနည်းလောက်ပုံပေးလိုက်တာနဲ့ သူများရဲ့ကျွန်လုပ်ဖို့ဆုံးဖြတ်လိုက်တာဘဲ အဲတာကြောင့်လဲ ငွေက ဒုတိယဘုရားသခင်ဖြစ်လာတာ မဆန်းပါဘူး "
               မေမေထွတ်လာပြီးနောက် မေမေ့ကိုခေါ်သွားတဲ့သူကဘဲ သူကိုလိုက်လာခဲ့ဖို့ပြောပြီး အခန်းတစ်ခန်းထဲကိုပို့ပေးသည်။ အခန်းထဲရောက်တော့ အခန်းထဲမှာစောင့်နေတဲ့လူက သူကိုခေါ်လာတဲ့လူတွေရဲ့ပိုပြီး အရှိန်အဝါကြီးပုံရသည်။ သူရဲ့အေးစက်တဲ့အကြည့်နဲ့ သြဇာအာဏာကြီးတဲ့အသံက အလွန်ကြောက်စရာကောင်းပြီး မြွေတစ်ကောင်လိုအဆိပ်ပြင်းတဲ့သူဆိုတာကို မင်းမျိုးရှိန်သတိထားမိသည်။
               " ငါ့နာမည် ဦးမာန်ဟိန်း လိုရင်းဘဲပြောတာပေါ့ကွာ "
               " ဟုတ် အန်ကယ်ပြောပါ " မေမေနဲ့လဲအသက်အရွယ်သိပ်မကွာဘူးထင်တာကြောင့် မင်းမျိုးရှိန်ထိုသို့သာခေါ်လိုက်သည်။
               " မင်း ပျိုးမဟာနွယ်ကိုပြန်မလိုချင်ဘူးလား မင်းပြန်လိုချင်တယ်ဆိုရင် ငါလုပ်ပေးနိုင်တယ် အပေးအယူအနေနဲ့ မင်းကငါ့လက်အောက်ခံလူတစ်ယောက်အဖြစ် ငါခိုင်းတာလုပ်ပေးရမယ် လုပ်နိုင်မလား "
               " ပျိုးမဟာနွယ်ကိုသာ တကယ်ပြန်ရမယ်ဆိုရင် အန်ကယ်ဘာခိုင်းခိုင်းလုပ်ပါမယ် လူသတ်ရမယ်ဆိုရင်တောင်သတ်မယ်ဗျာ "
               " ကောင်းပြီး မင်းသွားလို့ရပြီး "
               " ဟား... ဟား... ဟား... ဒီနေ့ကသိပ်ပျော်ဖို့ကောင်းတဲ့နေ့ဘဲကွာ " မင်းမျိုးရှိန်ထွတ်သွားတော့လဲ ဦးမာန်ဟိန်းထပ်ပြီးသဘောတကျရယ်မောလိုက်ပြန်သည်။ သူ့ရဲ့နှုတ်ကနေလဲ
               " လူတွေ လူတွေ သူတို့ရဲ့ဆန္ဒလေးနည်းနည်းလောက်ကို အကောင်အထည်ဖော်ပေးလိုက်တာနဲ့ကို ထိုလူရဲ့ခြေတော်ရင်းမှာ ဝပ်ဆင်းဖို့အဆင်သင့်ပါဘဲလား ကိုယ်တိုင်အောင်မြင်အောင်လုပ်ဖို့တော့ မစဉ်းစားတတ်ကြဘူး "
               ====================
          ဘယ်လိုလဲဖတ်လို့အဆင်ပြေကြရဲ့လားပြောပါဦးနော်။ နောက်အပိုင်းသစ်ကို 1.9.24ရက်နေ့ ညပိုင်းတင်ပေးပါမယ်။ ဖတ်ပေးကြတဲ့ဒါဒါတွေ ကျေးဇူးပါနော်။

               

တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )Where stories live. Discover now