35 ۶ৎ 。𖦹°‧

2K 280 143
                                    

|| cause I love




၂၀** - ၂၀** ၊ ကျောင်းသား ဂရုချက်အတွင်း
တစ်နေ့လည်၌ လက်ပစ်ဗံုးတစ်လုံး ပြုတ်ကျ
လာသကဲ့သို့ အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွား
စေခဲ့သည်။ ထိုအရာမှာ ဂျောင်ဝန်း၏ လက်
ထက် ဖိတ်စာကြောင့်ပင် ဖြစ်သည်။

yang_jungwon : အားလုံးကို ဖိတ်ပါတယ်။ တစ်ယောက်ချင်းစီလိုက် မဖိတ်ကြားနိုင်တာကိုတော့ စိတ်မရှိပါနဲ့ ။

ထို့နောက်တွင် ငြိမ်သက်နေသော ဂရုချက် မှာ
ချက်ချင်း အုံကြွလာပြီး အံ့ဩနပန်းတုန့်ပြန်
လာကြသည်။

" ယန်းဂျောင်ဝန်းက လက် ထက် တော့မယ်
တဲ့လား " " အဲ့တာကလည်း လီဟီဆွန်းနဲ့ ?"

" ဘယ်သူလဲ ၊ ငါသိတဲ့ လီဟီဆွန်းလား ?"
" တကယ်ကြီးလား "

" ရား ရား ! ဒါကြီးက အရမ်း .. "

" နင်သွားမှာလား "

" ဂင်ဆောနူ လာလောက်လား ?"

" သွားကြမလား ?"

အတူတူ ရှိနေကြသူတို့ကလည်း အချင်းချင်းလက်ကုတ်လျက် တစ်ဦးနှင့် တစ်ဦး ဖုန်းကို
တွန်းတိုက်ပြကြရင်း အတူတူ အနားတွင် ရှိ
မနေသော်လည်း အဆက်အသွယ် ရှိသူများ
က အချင်းချင်း ဖုန်းဆက်လျက် ဂျောင်ဝန်း
နှင့် ဟီဆွန်းတို့၏ သတင်းကို အချင်းချင်း
ပြန်လည် မျှဝေနေကြသည်။ သူတို့အားလုံး
က ဂုဏ်ပြုပါတယ်ဟု စာတွေ ပေးပို့လာကြ
သော်လည်း စိတ်ထဲတွင်တော့ အယ်လ်ဖာ
တစ်ဦးကြောင့် အိုမီဂါ သူငယ်ချင်းနှစ်ဦး ခွာ
ပြဲရသည့် ဒရမ်မာအား ပို၍ အပြောများနေ
ကြတော့၏။

သို့သော် ထိုသူတို့၏ အာရုံစူးစိုက် မှုကို ရမှန်းမသိ
ရနေပါသော အဓိက ဇာတ်ကောင်မှာတော့ ယခု
အချိန် သူ၏ ခင်ပွန်းသည်၏ လက်တစ်ဖက်ကို
ဆုပ်ကိုင်ကာ ဗိုက်ပူပူလေးကို လှန်လျက် မော်နီ
တာအား စိတ်ပါဝင်စားစွာ ကြည့်နေလေသည်။

မော်နီတာပေါ်မှ ကလေးလေး၏ ပုံရိပ်မှာ အလွန်ထင်ရှားနေပြီး တစ်ခါတစ်ရံ ကလေးလေး၏ခြေ
လက် များက ကန်ကြောက်နေ‌ရာ အဆီ မရှိ သ လောက်ပါးသည့် ဗိုက်သားပေါ်တွင် ရွေ့လျားနေ
သည်ကိုပင် တွေ့ရ၏။

Any questions ? Where stories live. Discover now