ခြွေညို့နိုင်လွန်း သူ
or
အခန်း (၂) ဖိုက်တာလို ချွေးမ
." ဟင်း... "
" အင်တာဗျူးကနေ ပြန်ရောက်လာကတည်းက
သက်ပြင်းတချချနဲ့ ဘာဖြစ်နေတာလဲ ညို။အဆင်မပြေတာရှိခဲ့လို့လား... "" အင်တာဗျူး သွားလုပ်တာက အဆင်ပြေပါတယ်။ဒါပေမဲ့... နည်းနည်းလေး စိတ်ပျက်စရာရ်ှိလို့ပါ။ပြဿနာကြီး မဟုတ်လို့ စိတ်မပူပါနဲ့ ဇင်လင်း "
" အိုကေ.. နင် အဆင်ပြေတယ်ဆိုရပြီးတာပဲ။ငါ
တည်းဖြတ်ဖို့ ဒါတွေသွားပေးလိုက်အုံးမယ်။ခဏနေ ရုံးဆင်းရတော့မှာ နင့်ပစ္စည်းတွေ သိမ်းဆည်းတော့လေ ညို "ဇင်လင်း,က စာရွက်တွေနဲ့ပွနေတဲ့ ညို့စားပွဲကို မေ့ထိုးပြ၍ ပြောသည်။
" အင်း "
ဇင်လင်း က သူ အင်တာဗျူး လုပ်ထားတာတွေကို ရေးထားတဲ့ စာရွက်တွေကို ယူပြီး၊အနားကနေ
ထသွားလေသည်။ဇင်လင်းလို့ခေါ်တဲ့ သူမနာမည်အပြည့်အစုံက ဇင်လင်းမေပါ။ ညိုနဲ့အတူ ဘေးချင်းကပ်အလုပ်စားပွဲမှာထိုင်ရတဲ့သူလည်းဖြစ်ပါတယ်။
ညို့လိုပဲ အလုပ်သင်လည်းဖြစ်၊အလုပ်စဝင်ကတည်းက အတူထိုင်ရသလို၊ဝါသနာလည်းတူကြကာ... ပေါင်းသင်းရတာလဲ အဆင်ပြေတာမို့.. သူငယ်ချင်းလိုပါ ခင်မင်နေကြသည်။
ခဏနေ ရုံးဆင်းရတော့မှာမို့ ညိုသည် စိတ်မပါလက်မပါနဲ့ ပစ္စည်းတွေကို သိမ်းဆည်းနေမိသည်။ထိုသို့ဖြစ်နေရတဲ့ အကြောင်းကတော့... တရားဝင်ဝန်ထမ်းဖြစ်ဖို့ အတွက်၊ အခွင့်အရေးကြီစလို့ ပြောလို့ရတဲ့ Gold King သူဌေးကိုယ်တိုင်ပေးခဲ့တဲ့ Business card ပျောက်သွားတာကြောင့်ပါပဲ။
အခွင့်အရေးတွေက ရောက်လာပြီး၊သေချာမဖမ်းဆုပ်ကိုင်နိုင်တာကြောင့် ညိုသည် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေမိသည်။
အင်တာဗျူး မဖြေတဲ့ သူဌေးကို၊အင်တာဗျူးဖြေပေးဖို့... ကိုယ်တိုင်ခွင့်တောင်းနိုင်မယ့် အခွင့်အရေးကို ဆုံးရှူံးသွားရတာမို့... အိမ်ပြန်ရောက်ချိန်ရောက်ရင် ပျော်နေတတ်တဲ့ ညိုမှာ အလုပ်ဆင်းလို့... အိမ်ပြန်တာတောင် လေးလေးဖင့်ဖင့်ဖြစ်နေရ၏။
YOU ARE READING
ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမ
Romanceဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊