ခြွေညို့နိုင်လွန်း သူ
or
အခန်း (၄) ဖိုက်တာလို ချွေးမ
." ဟင်... "
ရွှေညို CEOဦးမော်ကွန်းတိုက်အနားကို သွားမလို့ပေမဲ့... ဦးမော်ကွန်းတိုက်နှင့် အသက်သိပ်မကွာလောက်တဲ့ အမျိုးသားတစ်ဦးက စကားလာပြောနေတာကို တွေ့လိုက်ရတာကြောင့်... ဦးမော်ကွန်းတိုက်ဆီ မသွားနိုင်တော့သည်။
" ဘာဖြစ်လို့လဲ ရွှေညို "
ရွှေညိုရဲ့ အမှတ်တမဲ့ထွက်သွားတဲ့ အာမေဋိတ်သံကြောင့် ဘေးမှာရှိနေတဲ့ ဇင်လင်း က မေးလာသည်။
" ဘာမှ မဖြစ်ပါဘူး။ နင် အသီးစားမှာမလား... ယူလေ "
" အင်း စားမှာ "
" နင်ရော မစားဘူးလား ရွှေညို "
" ငါ အသီးမစားဘူး။ဟို ဖျော်ရည်လေးတွေပဲ သောက်ချင်တာ "
" အာ့ဆို သွားယူသောက်လေ။ငါကတော့ အသီးကြိုက်တဲ့သူဆိုတော့... အသီးပဲစားမယ် "
ဇင်လင်း ပြောတာကို ရွှေညို ပြုံးရုံလေးသာ ပြုံးပြပြီး၊အသီးတွေထားပေးထားတဲ့ စားပွဲရှည်နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိတဲ့ ဖျော်ရည်စားပွဲဆီကို လျှောက်သွားလိုက်သည်။
ဖန်ခွက်လှလှလေးတွေနဲ့ အသင့်ဖျော်ထည့်ထားပေးတဲ့ ဖျော်ရည်တွေက အရောင်လည်းစုံပြီး၊အနံ့လေးတွေက အသီးနံ့လေးသင်းနေသည်။
ရွှေညို, လီမွန်အနံ့နဲ့ အဝါရောင်ဖန်ခွက်လေးတစ်ခွက်ကို ယူပြီး သောက်လိုက်သည်။အနံ့အရသာလေးက ကောင်းသည်။သောက်လိုက်တာနဲ့ လန်းဆန်းသွားသလို ခံစားလိုက်ရတော့... နောက်ထပ် အပြာနုရောင်ကြည်ကြည်လေးနဲ့ ဖျော်ရည်တစ်ခွက်ကိုပါ ယူသောက်လိုက်မိတယ်။
ဒီနေရာမှာ အစားအသောက်တွေ အားလုံးက
ဘူဖေးကျွေးတာဖြစ်လို့... ကိုယ်ကြိုက်နှစ်သက်သလောက် စားသောက်ရသည်။ဒါကြောင့်ပဲ ရွှေညို
သောက်လို့ကောင်းတဲ့ ဖျော်ရည်ကို နှစ်ခွက်လောက်သောက်ပစ်လိုက်မိတာပင်။ရွှေညို, ဖျော်ရည်သောက်နေရင်း စကားပြောနေတဲ့ ဦးမော်ကွန်းတိုက်ရှိတဲ့ဆီကို လှည့်ကြည့်လိုက်သေးသည်။နှစ်ယောက်က စကားကောင်းနေပုံပင်။ရယ်မော၍ စကားပြောနေတာကြတာကို တွေ့ရသည်။
YOU ARE READING
ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမ
Romanceဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊