ခြွေညို့နိုင်လွန်း သူ
or
အခန်း (၇) ဖိုက်တာလို ချွေးမ
." ဆိုက်ထဲကိုအရင် သွားကြည့်အုံးမယ်။ပြန်လာမှ လချုပ်စာရင်းတွေ ငါ စစ်မယ်။မင်းကတော့ မလိုက်ခဲ့နဲ့တော့။ရုံးမှာ လုပ်စရာရှိတာတွေ လုပ်ထားလိုက် "
" ဟုတ်ကဲ့။ ကျွန်တော် စီအီးအို ကို တစ်ခုလောက် မေးချင်ပါတယ် "
" ဘာလဲ "
" စီအီးအို ဟို သတင်းထောက်မလေး ကို အင်တာဗျူးခွင့်ပေးလိုက်တာလား... "
" အင်တာဗျူးခွင့်... "
" ဟုတ်ပါတယ်။ ဟို့နေ့ကတည်းက စီအီးအို ကို အင်တာဗျူးအတွက်နဲ့ တွေ့ခွင့်တောင်းနေတာ။CKက တခြား သတင်းထောက်လေးတွေက မရဘူးလို့ တစ်ခါပြောလိုက်တာနဲ့ လက်လျော့သွားကြတယ်။သူကတော့ တော်တော်လေး ဇွဲကောင်းတယ်။ ဒီနေ့လည်း ထပ်လာတယ်။ဒီနေ့တော့ စီအီးအိုနဲ့ တွေ့ခွင့်ရသွားလို့... အင်တာဗျူးခွင့်ပေးလိုက်ပြီးလားလို့ သိချင်လာလို့ မေးကြည့်တာပါ "
ထင်လင်းသာ,စကားကြောင့် တိုက်,မှာ အံ့သြသွားရသည်။ ဘာကြောင့်ဆို ချာတိတ်မလေး က အင်တာဗျူးနဲ့ပတ်သက်လို့ တစ်ခွန်းမှပြောမသွားတာကြောင့်ပါ။
" သူ ငါ့ကို အင်တာဗျူးနဲ့ပတ်သက်ပြီး ဘာမှပြောမသွားခဲ့ဘူး "
" ဗျာ... ပြောမသွားဘူး "
ဒီတစ်ခါ အံ့သြရတဲ့သူက ထင်လင်းသာ ပင်။ဘာလို့ဆို အင်တာဗျူးအတွက် လူကိုတောင် ရန်လိုသွားတဲ့ သူမ က စီအီးအိုနဲ့တွေ့ခွင့်ရတော့... ဘာမှမပြောဘဲ ပြန်သွားတယ်တဲ့လား။
ဒါဆို စီအီးအိုနဲ့ အခန်းထဲမှာ ဘာတွေပြောသွားတာလဲ။ဒါကိုတော့ စပ်စုတာ မဟုတ်ပေမဲ့ တစ်ခုခု စိတ်ထဲမှာ မတင်မကျဖြစ်နေရင် သိလိုက်ရနေသာထိုင်သာရှိတဲ့ အကျင့်ကြောင့်... ထင်လင်းသာ စီအီးအိုနဲ့ ဟိုကောင်မလေး ဘာတွေပြောလဲဆိုတာကို သိချင်မိလာတယ်။အဲ့ဒါကြောင့်ပဲ...
" အဲ့ဒါဆို စီအီးအိုနဲ့ အဲ့သတင်းထောက်မလေး
ဘာတွေပြောကြတာလဲ ဗျ "" ထင်လင်းသာ...! "
" ဗျာ... "
လေသံမာမာနဲ့ နာမည်ကို အခေါ်ခံလိုက်ရတာကြောင့် ထင်လင်းသာ,အဆူခံရတော့မှာပဲဆိုတဲ့ စိတ်နဲ့ နည်းနည်းလန့်သွားရသည်။
YOU ARE READING
ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမ
Lãng mạnဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊