Part 3

278 5 0
                                    

            ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၃)           ဖိုက်တာလို ချွေးမ
.

" ငါ အဆင်ပြေရဲ့လား... ဇင်လင်း "

ရွှေညို, တက္ကစီပေါ်ရောက်တာနဲ့ ဝတ်ထားတဲ့ အဝတ်စား အဆင်ပြေမပြေ သူငယ်ချင်း ကို မေးရသည်။

" အဆင်ပြေပါတယ်။ ဘာဖြစ်လို့ မေးတာလဲ "

" ငါ့ စကပ်ကနည်းနည်းတိုနေသလို ထင်မိလို့လေ "

" မတိုပါဘူး။ဒီစကပ်အတိုအနေက နင်ဝတ်နေကျအတိုင်းပဲ။အဆင်ပြေပါတယ် "

ရွှေညိုနှင့် ဇင်လင်းမှာ မွေးနေ့ကျင်းပွဲ ကျင်းပတဲ့ သူ​ဌေးရဲ့အိမ်ကို တက္ကစီငှားစီးပြီး သွားနေကြတာပဲ ဖြစ်သည်။

ရွှေညို,က အဝတ်စားကိုဆိုရင် ပေါ့ပါးလွတ်လပ်မှုရှိတာတွေကိုသာ ဦးစားပေး၍ ဝတ်ဆင်သည်။နေ့တိုင်း သတင်းအတွက် ပြေးလွှား၊လှုပ်ရှားနေရတဲ့
အလုပ်နေရာမှာတော့ ဂျင်းဘောင်းဘီအပွတွေ၊အကြပ်လေးတွေကို တီရှပ်တွေနဲ့ လူငယ်ဆန်ဆန်လေး အဝတ်များသည်။စကပ်ကိုတော့ အလုပ်မှာ သိပ်မဝတ်ဖြစ်ပေ။

ဒီနေ့ပွဲကိုတော့ ဂျင်းဘောင်းဘီအစား၊ဒူးအပေါ်နားအထိလောက်အရှည်ရှိသည့် ဂျင်းစကပ်အနက်လေးကို အဖြူရောင်တီရှပ်လေးနဲ့ ဝတ်လာတာဖြစ်သည်။ရှူးဖိနပ်အဖြူလေးကို စီးထားပြီး၊ကျောအလယ်အောက်နားထိ ရှည်နေပြီဖြစ်တဲ့ ဆံနွယ်တွေကို ညို,က နှစ်ဖက်ခွပြီး ကျစ်ဆံမြီးလေးကျစ်ထားတာပဲဖြစ်သည်။

မိတ်ကပ်ပါးပါးလေးသာလိမ်းခြယ်ထားပြီး၊ပန်းရောင်ဖျော့ဖျော့လေးဆိုးထားတဲ့ ရွှေညိုရဲ့... အသွင်အပြင်က ချစ်စဖွယ်မိန်းမငယ်လေးလိုပင်။

ဇင်လင်းတို့လို ဂါဝန်လေးတွေ မဝတ်တတ်တဲ့ သူမို့..
ရွှေညို, ကိုယ်ဝတ်လာတဲ့ စကပ်နဲ့ ပွဲမှာ အဆင်မပြေဖြစ်မှာကို နည်းနည်းစိုးရိမ်နေမိသည်။

" ရွှေညို အပြန်ကို ငါတို့ စောစောပြန်ကြမယ်မလား။ဟိုမှာက ငါတို့ သိတဲ့ သူကလည်း များများစားစား ရှိကြတာ မဟုတ်ဘူးလေ "

" ငါလည်း စောစောပြန်ချင်တယ်။ဒါပေမဲ့ ဟိုမှာက
ဘယ်လိုမှန်းမသိသေးဘူးလေ။အခြေအနေကြည့်ပြီးတော့ ငါတို့ ပြန်လာကြတာပေါ့ "

ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမWhere stories live. Discover now