ခြွေညို့နိုင်လွန်း သူ
or
အခန်း (၉) ဖိုက်တာလို ချွေးမ" ကိုယ်တို့ လက်ဆွဲနူတ်ဆက်ကြရအောင်လား "
" ရှင်... ဘာလို့လဲ "
" မင်းနဲ့စတွေ့ကတည်းက ပြဿနာတွေနဲ့စတွေ့ခဲ့ရတာမလား။အခုကစပြီး မင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးနဲ့ ရှေ့ဆက်ချင်လို့ပါ။တစ်နည်းပြောရရင် ကိုယ် မင်းနဲ့ မိတ်ဆွေဖြစ်ချင်လို့ပါ "
" ရွှေညို အန်ကယ်ဦးမော်ကွန်းတိုက် ကို အားမနာတမ်း ပြောလို့ရမလား... "
သူမစကားကြောင့် တိုက်,မျက်ခုံးတစ်ဖက် မသိမသာပင့်တက်သွားရ၏။
" အင်း ပြောလေ ရပါတယ် "
" ရွှေညို အန်ကယ်ဦးမော်ကွန်းတိုက်နဲ့ မိတ်ဆွေမဖြစ်ချင်ပါဘူး။ဒီကိုလာတယ်ဆိုတာလည်း အန်ကယ်နဲ့ ရင်းနှီးမှုလိုချင်လို့ မဟုတ်ပါဘူး။ရွှေည်ို့ရဲ့
အလုပ်တာဝန်ကြောင့် လာခဲ့တာ။အဲ့ဒါကြောင့် အင်တာဗျူးကိုပဲ ခပ်မြန်မြန်လေး လုပ်ချင်ပါတယ်
။အန်ကယ်ကိုယ်တိုင်လည်း အလုပ်များတဲ့သူမလား
။ရွှေညို့ကြောင့် အန်ကယ့်အချိန်တွေ မကုန်အောင်လို့ အင်တာဗျူးကိုလည်း ခပ်မြန်မြန်လေး လုပ်ပေးပါမယ် "အင်တာဗျူးအတွက် တမင်နေ့လယ်ပိုင်းအလုပ်တွေကို ဖျက်ထားမိတဲ့ တိုက်မှာ... သူမစကားကြောင့် နည်းနည်းတော့ အောင့်သက်သက်ဖြစ်သွားရသည်။သတင်းဌာနတွေက သတင်းထောက်တွေတိုင်း ကိုယ်နဲ့ အင်တာဗျူးလုပ်ချင်လို့ တန်စီးနေတာတောင် တစ်ခါမှ မလုပ်ခဲ့။သူမကိုမို့လို့ လုပ်ပေးမယ်လို့ တွေးခဲ့တာ။အခုတော့ သူမက မထင်ထားလောက်အောင်ကို အပြုံးအရယ်မရှိတဲ့ မျက်နှာလေးနဲ့ ချေမိုးပြနေ၏။
ဘာကြောင့်မှန်းမသိ ထိုချေမိုးနေတာလေးကိုပင်
စိတ်ထဲမှာ ထူးဆန်းစွာ သဘောကျချင်သလို ခံစားနေရ၏။" ကောင်းပြီလေ၊ မင်းဘက်က မြန်မြန် လုပ်ချင်နေရင် မြန်မြန်ပဲလုပ်တာပေါ့။ကိုယ့်ကို မေးမြန်းမယ့်
အချက်အလက်တွေလုပ်လာသေးလား။ကိုယ် အရင် ဖတ်ကြည့်ရအုံးမလား... "
YOU ARE READING
ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမ
Romanceဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊