ခြွေညို့နိုင်လွန်း သူ
or
အခန်း (၁၇) ဖိုက်တာလို ချွေးမ
." အမေ ရွှေညို အလုပ်သွားပြီနော် "
" ညနေ အလုပ်ဆင်းချိန်က ဘယ်အချိန်လဲ သမီး "
" ဆိုင်ဖွင်ချိန်က ကိုးနာရီ၊ညနေဆိုင်ပိတ်ချိန်က ခုနှစ်နာရီ။အိမ်ကိုတော့ ရှစ်နာရီလောက်တော့ ပြန်ရောက်မှာပါ အမေ "
" ရှစ်နာရီဆိုတော့ နည်းနည်းတော့ နောက်ကျသလားပဲနော် သမီး "
" အိမ်နဲ့ အလုပ်နေရာက ဝေးတော့လည်း ဒီလောက်တော့ရှိမှာပဲ။အခုအလုပ်လေးကို ရွှေညိုလည်း သဘောကျတယ်။ အာ့ကြောင့် ဝေးပေမဲ့ လုပ်ဖို့ဆုံးဖြတ်ခဲ့တာ အမေ "
" အင်းပါ... သမီး အဆင်ပြေရင်ပြီးတာပါပဲ။ဘက်စ်ကားစီးတဲ့အခါ သတိတော့ထားနော် "
" ဟုတ်ကဲ့ အမေ။ရွှေညို သွားပြီ "
" ဟုတ်ပြီ သမီး "
ရွှေညို,အမေ့ကိုပြောပြီး၊ဘက်စ်ကားစီးဖို့ လမ်းထိပ်ကို အိမ်ကနေထွက်လာခဲ့လိုက်သည်။
.......
" အား... အား... အား... "
" ဒုန်း! ခလွမ်း... ဒုန်း! "
" သမီး သမီးဝတ်ရည် ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ သမီး "
အိမ်အပေါ်ထပ် ဘုရားခန်းမှာ ဘုရားဝတ်ပြုနေစဥ်
သမီးဖြစ်သူ၏ အခန်းဆီမှ အော်သံနှင့် ပစ္စည်းတွေ
ပစ်ပေါက်ခွဲသံတွေကြောင့်... ဘုရားခန်းကနေ သမီး၏ အိိပ်ခန်းဆီကို အပြေးသွားမိသည်။သမီးအခန်းထဲရောက်တော့ ရှူတင်မရှိလို့ အခုမှ အိပ်ရာထစ သမီး၏မျက်နှာက ဒေါသရောင်လွမ်းနေပြီး၊မနေ့တစ်နေ့ကမှ အသစ်လဲထားတဲ့ အိုင်ဖုန်းကလည်း ပစ်ပေါကအခံထားရလို့... မှန်ကအပ်ကြောင်းများစွာနဲ့ ကွဲအပ်ပြီး ကြမ်းပြင်မှာ ကျလို့နေ၏။
" သမီး မာမီမေးနေတယ်လေ။ဘာဖြစ်နေတာလဲ "
" ဝတ်ရည် အကြာကြီးထပ်မစောင့်နိုင်တော့ဘူး မာမီ "
" ဘာကိုမစောင့်နိုင်တာလဲ သမီး။စကားကို ရှင်းရှင်းလင်းလင်း ပြောစမ်း "
YOU ARE READING
ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမ
Roman d'amourဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊