Part 13

249 5 2
                                    

        ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၁၃)     ဖိုက်တာလို ချွေးမ
.

" သမီး ဒါက ဘယ်လိုဖြစ်လာရတာလဲ... "

ဂျက်ဖာပုံးတစ်ခုကို ပိုက်ပြီး၊မနက်ထည့်ပေးလိုက်တဲ့ ထမင်းဘူးနဲ့ပါ အိမ်ကိုပြန်လာတဲ့ သမီး။ ပြန်လာနေကျ အချိန်မဟုတ်ဘဲ ပြန်ရောက်လာတဲ့ သမီးကြောင့် ဒေါ်ညိုညိုမှာ နှလုံးထိုင်ရောင်းနေတဲ့ စားပွဲနေရာက ထလာပြီး စိုးရိမ်မကင်းစိတ်နဲ့ မေးလိုက်တော့...

" အမေ့အလုပ်မပြီးသေးဘူးမလား... အရင်လုပ်ပါ။
အမေ့အလုပ်ပြီးမှ အေးအေးဆေးဆေး စကားပြောကြမယ်လေနော် "

မျက်နှာကနေထိပန်းလိုညိုးကျနေပြီး၊စကားသံကအစ အားမရှိနဲ့ပျော့ဖက်နေတဲ့ သမီးကိုပို၍ စိတ်ပူလာမိ၏။

" သမီး... "

" အရေးကြီးကိစ္စမဟုတ်လို့... စိတ်မပူပဲနဲ့ အမေ့အလုပ်ကိုသာ လုပ်ပါ။ရွှေညို အခန်းထဲမှာ ရှိနေမယ် "

အိမ်မှာ ရပ်ကွက်ထဲက နှလုံးဂဏာန်းလာထိုးတဲ့ သူတွေရှိနေတာမို့... အမေ့ကိုနှစ်ကိုယ်ကြားလေသံဖြင့် စကားကို ပြောပြီး၊ အိပ်ခန်းထဲဆီ ဝင်လာခဲ့လိုက်သည်။

" ဒီကလေးတော့ ပြဿနာကြီးတစ်ခုခုဖြစ်လာတယ်ထင်တယ်။ဟင်း... "

ဒေါ်ညိုညိုမှာ သမီး၏အမူအရာကိုကြည့်ပြီး၊နှလုံးထိုင်ရောင်းရမှာကိုပင် စိတ်ကသိပ်မပါတော့သည်။
နောက််မိနစ်နှစ်ဆယ်လောက်ဆိုရင် နေ့လယ်ပိုင်းအရောင်းက ပိတ်ပြီမို့ ညနေပိုင်းကိုတော့ အရောင်းနားဖို့လုပ်လိုက်သည်။

အရောင်းနားမှ သမီးနဲ့ စကားအေးအေးဆေးဆေး
ပြောလို့ရမှာလေ။

....

" ဟင်... ဒီလောက်တောင် များတာလား... "

ရွှေညို အခန်းထဲရောက်တော့ ရုံးကနေပြန်သယ်လာတဲ့ ပစ္စည်းပုံးကို အိပ်ရာဘေးဘက်နားမှာချထားပြီး၊
အလုပ်ထုတ်ခံရလို့ပေးလိုက်တဲ့ နစ်နာကြေးဆိုတဲ့
စာအိတ်ကိုဖောက်ကြည့်လိုက်တာပဲဖြစ်သည်။

အထဲမှာပါတဲ့ ဘဏ်ငွေထုတ်လက်မှတ်မှာ "သိန်းတစ်ရာ" ဟု တွေ့လိုက်ရတာမို့ အတော်လေး အံ့သြသွားမိသည်။

ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမWhere stories live. Discover now