ခြွေညို့နိုင်လွန်း သူ
or
အခန်း (၁၀) ဖိုက်တာလို ချွေးမ" အရသာရှိတဲ့ ထမင်းကို ဝယ်ကျွေးတာအတွက် ကျေးဇူးတင်ပါတယ်။ကောင်းကောင်းလည်း စားခဲ့ရပါတယ်။သွားပါတော့မယ် "
" ခဏလေးနေပါဦး "
စားပြီးတာနဲ့ အတင်းထပြန်ဖို့လုပ်နေတဲ့ သူမ ကို
တိုက်,မှာ တားယူသည်။" ဘာလို့လဲ... "
" ငါ မင်းကိုမေးစရာလေးရှိလို့... "
" အာ့ဆိုလည်း မြန်မြန်မေး "
" မင်း ဒီနေ့မှ ဘာဖြစ်နေတာလဲ "
" ရွှေညိုကဘာဖြစ်နေလို့လဲ "
ကိုယ်က သူမကိုမေးပါတယ်ဆိုမှ... ဂျစ်နေတဲ့ သူမဆီကနေ မေးခွန်းပြန်ထုတ်တာကို ခံလိုက်ရသည်လေ။
" မင်း ငါနဲ့စတွေ့တုန်းက နည်းနည်း စွာတယ်လို့ပြောလို့ရပေမဲ့... ဒီနေ့လောက်တော့ စကားပြောရတာ
လက်ပေါက်မကပ်ပါဘူး။မင်း ငါ့ကို တစ်ခုခုမကျေနပ်တာမျိုးရှိနေတာလား။ဥပမာ မင်း ထိခိုက်မိထားတာကို ငါက ဂရုတစိုက်နဲ့မမေးမိလို့လား။လျော်ကြေးငွေဆိုတာမျိုး မပေးမိလို့လား "" ဦးမော်ကွန်းတိုက် မျက်လုံးထဲမှာ ရွှေညို ကလျော်ငွေလိုချင်နေတဲ့ပုံစံပေါ်နေတာလား။အဲ့လိုပေါ်နေတယ်ဆိုရင်လည်း ပေါ်နေတဲ့ အတိုင်းသားမှတ်ယူထားလိုက်ပါ။ထမင်းတစ်နပ်နဲ့ အင်တာဗျူးအတွက် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ဒီလောက်နဲ့ပဲ သွားပါတော့မယ် "
" မင်း ကို လိုက်ပို့ပေးမယ် "
" မလိုပါဘူး။ ကိုယ့်ဘာသာလာတာမို့လို့ ကိုယ့်ဘာသာပဲ ပြန်ပါ့မယ် "
ရွှေညို,ထိုမျှသာပြောပြီး၊ ဦးမော်ကွန်းတိုက် အရှေ့ကနေ ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ ထွက်လာခဲ့လိုက်သည်။
လျော်ကြေးငွေဆိုတာမျိုး မပေးမိလို့လား ဟု အမေးခံလိုက်ရတာကို စိတ်ထဲမှာ တော်တော်လေး
အစာမကြေဖြစ်ရသည်။လူကြီးလူကောင်းတစ်ယောက်ဟု ကိုယ်မှတ်ယူထားတဲ့ လူဆီကနေ ဒီလိုစကားမျိုးကို ကြားရတာမို့... တော်တော်လေးလည်း ခံပြင်းမိသည်။
YOU ARE READING
ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမ
Roman d'amourဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊