Part 15

536 6 2
                                    

                ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၁၅)     ဖိုက်တာလို ချွေးမ
.

" လှည်းတန်းဘက်သွားမယ်။ညနေပိုင်းဆို စားစရာစုံတယ် အဲ့ဘက်က... "

ကားပေါ်ရောက်တာနဲ့ သွားမယ့်နေရာကို တန်းပြောတော့သည် သူမ။

" ချာတိတ် သဘော "

အဲ့နောက် ကားပေါ်မှာ နှစ်ယောက်ကစကားပြောချင်းမရှိဘဲ တိတ်ဆိတ်နေကြ၏။

" တူတူ... တူတူ...တူတူ... "

ထိုသို့ တိတ်ဆိတ်နေတာကို ဖြိုခွဲလိုက်တာကတော့
တိုက်,ရဲ့ဖုန်းသံပါပဲ။

" ဟယ်လို "

" သား အခု ဘယ်မှာလဲ! "

" အခုလား ကျွန်တော့်အတွက် အရေးကြီးတဲ့
ဧည့်သည်နဲ့ အပြင်ရောက်နေတယ် "

အဟင်း...။

တိုက်,ရဲ့အဖြေအဆုံးမှာ ချာတိတ်ရဲ့ မျက်စောင်းလေးက ဒိုင်းခနဲ ရောက်လာသည်။မျက်မှောင်လေးပါကြုတ်ပြီး ကြည့်နေသေးတဲ့ ချာတိတ်ကြောင့်... တိုက်,မှာ ဖုန်းပြောရင်းက အသံတိတ်ရယ်မိ၏။

" အပြင်ရောက်နေလည်းရင် မြန်မြန် လက်စသတ်ပြီး အိမ်ကိုပြန်လာခဲ့တော့။သမီးဝတ်ရည်တို့က သူတို့ အိမ်ကနေ ထွက်လာနေကြပြီ "

" ကျွန်တော် အိမ်ကိုပြန်လာမှာပါ။ အရေးကြီးတဲ့ ယဧည့်သည်နဲ့အတူရှိနေတာမို့... ဒီလောက်နဲ့ပဲ ကျွန်တော် ဖုန်းချလိုက်တော့မယ် မာမီ "

" သား သား... လုပ်ပြန်ပြီ ဒီကလေးကတော့... "

" မင်း သားက ဘာပြောလို့လဲ လှိုင် "

" အရေးကြီးဧည့်သည်နဲ့ အပြင်ရောက်နေတယ်တဲ့။
အိမ်ကိုစောစော ပြန်လာဖို့ ပြောထားတာတောင် မအေစကားကိုအလေးမထားဘူး။ဒီကောင်လေး အသက်ကြီးလာမှ မိဘစကားကို သိပ်အလေးမထားတော့သလိုပဲ "

" အလုပ်ကိစ္စကတော့ရှိတတ်ပါတယ်ကွ။သားကလည်း အလုပ်ကိုအလေးထားတာ မင်းလည်းအသိသားပဲ။သူ့အလုပ်ကိစ္စပြီးရင် သားကအိမ်ကိုပြန်လာမှာပဲ။ကိုယ်တို့က ဧည့်သည်တွေလာရင် ဧည့်ခံဖို့ အစားအသောက်တွေ အသင့်ပြင်ဆင်ထားကြထားတာပေါ့ "

ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမWhere stories live. Discover now