ခြွေညို့နိုင်လွန်း သူ
or
အခန်း (၁၆) ဖိုက်တာလို ချွေးမ
." လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် "
" ကိုယ်လည်း ချာတိတ် ကို ကျေးဇူးတင်ပါတယ်။မစားဖူးသေးတဲ့ အစားအသောက်တွေ ဝယ်ကျွေးလို့ "
" ဒါဆို ရွှေညို ဝယ်ကျွေးတဲ့အထဲမှာ ဘယ်ဟာကို
အကြိုက်ဆုံးလဲ "" ပုရစ်ကြော် "
" ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းတယ်မလား "
" အင်း "
" ရွှေညို ဆင်းတော့မယ် "
" ခဏလေး ချာတိတ် "
ရွှေညို,ကားပေါ်ကနေ ဆင်းနေချိန်မှာ ခဏလေး
ဟု ဦးမော်ကွန်းတိုက်,က ပြောလာသည်။" ဘာလို့လဲ... "
" ချာတိတ် အလုပ်ထွက်လိုက်တော့... တခြားအလုပ်ထပ်လုပ်မှာလား သိချင်လို့ "
" ဒီနေ့ပဲ အလုပ်သစ်ရှာပြီး ပြန်လာတာ "
" ဟုတ်လား "
" ဘာလို့ မေးတာလဲ ဟင် "
" ကိုယ့် ကုမ္ပဏီမှာ အလုပ်ဝင်ချင်လား။ချာတိတ်ရဲ့
အလုပ်သစ်က ဘယ်လောက်ပေးလဲ မသ်ိပေမဲ့... ကိုယ့် ကုမ္ပဏီကိုလာရင်တော့... မနည်းတဲ့ပမာဏကိုပေးမယ်လေ "" ကုမ္ပဏီကရတဲ့ အမြတ်ငွေအကုန်လုံးပေးမလား "
" အင်း... အဲ့ဒါတော့... "
" အဟင်း... မပေးနိုင်ဘူးမလား။ပေးနိုင်တဲ့ အချိန်ကျရင် ပြော၊အဲ့အချိန်ကျရင် စဥ်းစားပေးမယ်။အခုတော့ သွားလိုက်ပါဦးမယ် "
" ချာတိတ် အဟင်း "
ကုမ္ပဏီမှာ မလုပ်ချင်တာကို မလုပ်ချင်ဘူး လို့ မပြောဘဲနဲ့ စကားလှလှလေးနဲ့ ငြင်းချက်ထုတ်သွားတဲ့ ချာတိတ်ကြောင့် တိုက်,မှာ ကားပေါ်၌ ပြုံးရယ်ရင်းဖြင့် ကျန်နေခဲ့၏။
" ဟူး... "
ချာတိတ်, အိမ်ထဲဝက်သွားတာကို ကြည့်ပြီးနောက်..
အိမ်ပြန်ဖို့ ကားစက်နှိုးလိုက်တဲ့ အချိန်မှာပဲ အိမ်ရောက်ရင် မိဘတွေစကားများနိုင်ချေရှိတာမို့... တစ်ညနေလုံး ကြည်လင်ပျော်ရွှင်နေမိတဲ့ စိတ်က
ရုတ်ချည်မှိုင်းကျသွား၏။
YOU ARE READING
ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမ
Romanceဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊