EP 14

221 3 0
                                    

Zawgyi//

Pondတစ်ယောက် ဒေါသလည်းထွက် စိတ်လည်းရှုပ်နေသည်။ Momဘာကြောင့် ကျွန်တော် ကလေးတစ်ယောက်လိုလုပ်နေခဲ့တာလဲ။

??-
သခင်လေးရှင့် သခင်မကြီးက ခေါ်ခိုင်းလိုက်ပါတယ်။

Pond-
အေး။

သူအခုချိန်မှ Momကိုမတွေ့ခြင်းတာ အမှန်ပါပဲ။ ဒါပေမဲ့လည်း ငါမသွားရင်လည်း မကောင်းပြန်ဘူး။ ငါသွားရမယ်။

ထို့သို့ပြောကာ အပြင်ကို ထွက်လာခဲ့လိုက်သည်။ Momရှိသော အခန်းထဲကို တံခါးခေါက်ကာ ဝင်သွားလိုက်သည်။ Momက အခန်းထဲတွင် သူအား sofaပေါ်တွင် ထိုက်ကာစောင့်နေသည်။

Mom-
သား....လာပါအုံး။ဒီမှာ ကြည့်အုံး။Mom ရွေးရခက်နေလို့...

Pond-
ဟုတ်

Momဘေးနားအား ထိုင်လိုက်ကာ Phoneကိုကြည့်လိုက်တော့ စုံတွဲလက်စွတ်တွေ ဖြစ်နေသည်။

Pond-
Mom ဒါက!!

Mom-
ဘာဖြစ်လို့လဲ သား။လှတယ်မလာ။ မင်းနဲ့ သမီးMilkရဲ့ စေ့စပ်ပွဲတင်မကဘူး။ လက်ထက်ပွဲအတွက်ပါလေ။

Pond-
Mom....သား ငြင်းနေတာတောင် Momက ဆက်ပြီလုပ်တယ်။ ကျွန်တော် လက်မခံဘူးပဲပြောမယ်။ ကျွန်တော် ချစ်ရတဲ့သူနဲ့ပဲ လက်ထက်မယ်။ဒါပေမဲ့ Milkကတော့ ကျွန်တော်အတွက် ညီမလေး အမ သူငယ်ချင်းလို့ပဲ မြင်တယ်။ ဒီထက်မပိုဘူး။

Mom-
မင်းဘာကြောင့် ပြောရခက်နေရတာလဲ။ Momရအောင် စီစဉ်ပြမယ်။ သမီးMilkနဲ့လည်း လက်ထက်ရမယ်။

Milk-
တောင်းပန်ပါတယ် အန်တီ။ သမီးလည်း ဒီကိစ္စကို လက်မခံနိုင်ပါဘူး။

Milkတစ်ယောက် Pondအားလာတွေ့ရင် သူMomအခန်းထဲဝင်သွားတာကြောင့် တစ်ခါတည်း နှုတ်ဆက်ရန် ထွက်လာခဲ့တာဖြစ်သည်။ တံခါးခေါက်မို့ လုပ်တုန်းရှိသေး အထဲကနေ ငြင်းဆိုသံတွေ ကြားလာရသည်။ Milkလည်း ဒီကိစ္စကို ရှင်းခြင်းတာကြောင့် ဝင်သွားခဲ့သည်။

Mom-
သမီး။ ဘယ်လိုမြန်းပြောလိုက်တာလဲ။

Milk-
ဟုတ်ပါတယ်။ Pondက သမီးအတွက် အကိုတစ်ယောက်လို့ မောင်လေးတစ်ယောက်လို့ရော သူငယ်ချင်းပါ ဖြစ်ပေးသေးတယ်။ သူမှာလည်း သူဘဝသူရှိတယ်။ သမီးမှာလည်း သမီးဘဝရှိတယ်။ သမီးကတော့ လျှောက်လှမ်းပါဆို ကိုယ့်ဘဝကိုပဲ လျှောက်လှမ်းနေမှာပါ။Pond ငါနင်နဲ့ ဆွေးနွေးစရာရှိလို့။

Secret of Love(complete)Where stories live. Discover now