EP16

479 57 2
                                    

Unicode//

ဒါနဲ့ဆို သူတို့နှစ်ယောက် ခွဲနေခဲ့ကြတာ 1ပတ်ရှိသွားခဲ့ပြီ ဖြစ်သည်။ Phuလေးက သူဒယ်ဒီနဲ့ တွေ့ခြင်းတယ်ဆိုရင် Non ကိုဖုန်းဆက်ခိုင်းပြီ သားသားက တွေ့ခြင်းကြောင်းကို ပြောခိုင်းလိုက်သည်။ Nonကိုယ့်တိုင်ပဲ သူဒယ်ဒီစီကို လိုက်ပို့ပေးသည်။ Phuwin ကတော့ ဆေးရုံးကနေ နားခွင့်ရက်ရထားတာမို့ အိမ်ထဲမှာသာနေသည်။ သားသားက တစ်ခါတစ်လေ Atomလေးစီသွားပြီဆော့သည်။ အိမ်ကိုမသွားရင်တောင် Nonကပဲ Atomလေးကို သွားခေါ်ရသည်။

Pondကတော့ သူMomကို ပြုစုစောင့်ရှောက်လိုက် ကုမ္ပဏီအလုပ်တေါ လုပ်လိုက် သားနဲ့အတူတူ ကစားလိုက်နဲ့ဖြစ်နေသည်။ သူလွမ်းတာပေါ့ သူအပိုင်လေးကိုလေ။ တွေ့ခြင်းလွန်လို့ ဆေးရုံးကိုသွားပြီ ချောင်းတာတောင် ပိတ်ရက်ရထားတာမို့ ဆေးရုံးကို မလာဘူးတဲ့။ သူအိမ်ကိုသွားကြည့်ပေမဲ့ အပြင်မပြောနဲ့ ခြံထဲမှာတောင် သူအပိုင်လေးရဲ့ အရိပ်ကိုမတွေ့ရပေ။ သို့ပေမဲ့ သားသားစီကတော့ သတင်းတွေရသည်။ Nonဆိုတဲ့ မိန်းကလေးကလည်း ပြောပြပေးသည်။ Momက ဆေးရုံးကနေ ဒီနေ့မှ ဆင်းရမှာဖြစ်သည်။အရင်ရက်တွေက ဖျားလိုက် ကျန်းမာရေးတွေက ဖြစ်လိုက်နဲ့မို့ 1ပတ်လောက်နေနေရသည်။

Pond-
Mom...သား ဆေးရုံးစရိတ်တွေ သွားရှင်းလိုက်အုံးမယ်နော်။

Mom-
အေးအေး။

Pondလည်း ဆေးရုံးစရိတ်ရှင်းဖို့ အခန်းထဲကထွက်လာခဲ့သည်။ မထင်မှတ်ပဲ Milkနဲ့တွေ့သည်။ သူနဲ့ အဆက်အသွယ်ရပေမဲ့ ကျွန်တော်မအားတာကြောင့် အပြင်မှာ မတွေ့ဖြစ်ပေ။ Milkကတော့အခုဆို Dr.Loveနဲ့တောင် ချစ်သူတွေဖြစ်နေပြီလေ။

Milk-
Pond...မတွေ့ဖြစ်တာကြာပြီ။ အန်တီရော ဆေးရုံးကဆင်းပြီလာ။

Pond-
အင်း။ ဒီနေ့ပဲ ဆင်းတာ။ နင်ရော အဆင်ပြေရဲ့လာ။ Dr. မလေးနဲ့ဆို..

Milk-
ဒီလို့ပါပဲဟာ။နင်ရော အဆင်ပြေလာ။

Pond-
အဆင်မပြေလဲ။ ငါဘာလုပ်နိုင်မှာမို့လဲဟာ။

Milk-
Phuလေးနဲ့ရော တွေ့ဖြစ်လာ။

Pond-
Phuလေးနဲ့က အမြဲတွေ့တယ်။ ဒါပေမဲ့ သူကတော့ အမြဲမတွေ့ရရုံတင်မဟုတ်ဘူး။ တစ်နေ့မှ မတွေ့ရတာ။

Secret of Love(complete)Where stories live. Discover now