အပိုင်း(၆)Unicode

590 26 0
                                    

"မင်းကိုချစ်ရတာပင်ပန်းတယ်ချမ်းမြှေ့...တစ်ခါတလေ ငါ့ကိုယ်ငါလည်းမုန်းမိတယ်...နာကျင်စေမယ့်အရာကိုမှ ​တွယ်တာမိခဲ့တဲ့ငါ့ကိုယ်ငါ ဆွဲထိုးပစ်ချင်လောက်တဲ့အထိကို မုန်းမိတယ်ချမ်းမြှေ့....ဒါ​ပေမယ့် မင်းကိုတော့ငါမမုန်းနိုင်ခဲ့ဘူးသိရဲ့လား...မင်းကိုမချစ်ကြည့်ဖို့ကိုသာ ငါကြိုးစားခဲ့ဖူးတာ မင်းကိုမုန်းပစ်ဖို့နဲ့စွန့်လွှတ်ပစ်ဖို့ကိုတော့ ငါတစ်ခါလေးတောင်မတွေးခဲ့ဖူးပါဘူးချမ်းမြှေ့ရာ"

အချစ်တဲ့....အဆုံးထိကိုနာတာများ နှလုံးအိမ်တစ်ခုလုံးသွေးစိမ်းရှင်ရှင်စီးကျမတတ်ပါဘဲ။

ဝေယံစကားတွေဟာ ချမ်းမြှေ့ကိုဟန်တောင်မဆောင်နိုင်လောက်အောင် မျက်ရည်စီးကြောင်းတို့ စီးဆင်းစေသည်အထိကိုပင်။'ငါ့လိုလူကိုအဲ့လောက်ကြီးမချစ်ပါနဲ့ဝေယံရာ...ငါ့အတွက်နဲ့ မင်းနာကျင်ရတဲ့ပေးဆပ်မှုတို့က မတန်ပါဘူးကွာ...ငါ့ကိုချစ်ဖို့ထက် မေ့ပစ်ဖို့ကိုသာ မင်းသင်ယူလိုက်စမ်းပါ'

"မင်းငါ့ကိုမချစ်နိုင်ဘူးလားချမ်းမြှေ့"

မချစ်နိုင်ဘူးလားတဲ့...ဒီမေးခွန်းကို ငါအကျယ်ကြီးအော်ပြီးဖြေပစ်လိုက်ချင်မိတယ်ဝေယံ။

"မင်းသာငါ့နေရာရောက်ရင် ငါဘာလို့မင်းကိုမချစ်နိုင်လဲဆိုတဲ့အဖြေကို သေချာပေါက်မင်းနားလည်လာပါလိမ့်မယ်...ငါမင်းကိုချစ်ပါတယ်ဝေယံ...သူငယ်ချင်းတစ်ယောက်ထက်ပိုလို့မရတဲ့အချစ်မျိုးနဲ့ငါချစ်တယ်ဝေယံ"

ချမ်းမြှေ့စကားတို့ဟာ ဘူတာအဆုံးထိပါသွားတဲ့ ရထားလိုမျိုး ရှေ့ဆက်လို့မရမှတော့ နောက်ပြန်လှည့်ရတော့မှာပေါ့။

"အင်း...ငါနားလည်ပြီချမ်းမြှေ့"

ရှေ့ဆက်လည်းမတိုးတော့သလို နောက်လည်းပြန်ဆုတ်ဖို့အစီအစဥ်မရှိဘူးချမ်း​မြှေ့....အရင်အတိုင်းလေးသာ ငါမင်းကိုချစ်နေမယ်...ဒါပေမယ့်ငါရှေ့ဆက်တိုးဖို့ကိုတော့ နည်းနည်းလေးတောင်မကြိုးစားတော့ဘူးချမ်းမြှေ့....ငါလည်းအဆုံးထိကိုနာကျင်နေပြီ။

<<<<<>>>>>

"ပြီးပြီဆိုရင်လည်းကျွန်တော်ပြန်ပါရစေ"

ချမ်းမြှေ့တစ်​ယောက် အောင်ခန့်ကျော်ကုတင်ထက်ဝယ် ပက်လက်ကလေးဖြစ်နေလို့ ထိုလူရဲ့အုပ်မိုးခြင်းကိုခံထားရကာ မျက်နှာတစ်ခုလုံးတဖွဖွနမ်းခြင်းကိုခံနေရသည်။အောက်ပိုင်းဆက်နွယ်မှုကိုမထုတ်ရသေးတာကြောင့် လက်ကလေးများဖြင့်တွန်းထုတ်လို့နေသည်။

"ကိုယ်ဒီတစ်ညလုံးမင်းကိုငှားမယ်....မနက်​​ရောက်​မှပြန်တော့"

ကောင်လေးထက်အပေးကောင်းသော ညဥ့်ငှက်မလေးတွေအမျိုးမျိုးနဲ့အိပ်ဖူးသလို ပိုက်ဆံရှိလူတန်းစားက သမီးပျိုလေးတွေနဲ့လည်းလက်ချိုးရေမရအောင် အိပ်ခဲ့ဖူးသည်။ဒါပေမယ့်ထိုကောင်လေးလောက်သူ့အပေါ်စိတ်ကျေနပ်ခြင်းမျိုးမရခဲ့ဘူးပါ။

ကောင်လေးနဲ့တွေ့မှ ရင်ခုန်ရသလို ကောင်လေးခန္ဓာကိုယ်ကပေးတဲ့သာယာမှုတို့ကလည်း သူ့ကိုစိတ်ကျေနပ်မှုအပြည့်အဝပေးသည်။ဂျစ်ကန်ကန်ဆန်တဲ့ကောင်လေးရဲ့ နာကျင်မှုတို့ကိုမြင်ရတာကိုလည်း သူသိပ်သဘောကျသည်။

"ဒါဆိုရင်တော့စျေးပြောင်းမှရမှာနော်"

ချမ်းမြှေ့ကဆိုတော့ အောင်ခန့်ကျော်က ခေါင်းမော့လို့ခပ်ဟဟရယ်လာသည်။

"မင်းတောင်းတာထက်နှစ်ဆဘယ်လိုလဲ"

"သိန်းတစ်ထောင်တောင်းမယ်ဆိုရင်ရော"

ကောင်လေးကမျက်ခုံးတစ်ဖက်ပင့်လို့ မေးလာသည့်အခါ ကိုယ်လည်းကောင်လေးရဲ့နှုတ်ခမ်းပါးတို့အား ကြမ်းတမ်းစွာ နမ်းရှိုက်ပစ်လိုက်တော့သည်။

"မနက်ရောက်ရင် မင်းပြောတဲ့ပမာဏရဲ့နှစ်ဆက မင်းbank accထဲရောက်နေ​စေရမယ်"

"ဒါဆိုလည်းအချိန်ဆွဲမနေနဲ့တော့လေကိုအောင်ခန့်ကျော်"

ကောင်လေးက ကိုယ့်ပခုံးထက် ဖက်တွယ်လို့ ပြောလာသည့်အခါ သဘောတကျပြုံးရင်း တစ်ဖန်ပြန်လည်တိုးဝင်လို့ ကောင်လေးအား အားပါးတရကို စားသုံးနေလိုက်တော့သည်။

သိန်းချီတန်တဲ့ ကုတင်ကြီးထက် အချစ်ညကိုဖြတ်သန်းနေတဲ့ကောင်လေးကတော့ မနက်မိုးလင်းသည်အထိ ခေါက်ဆွဲဆိုင်အားမပိတ်ပါဘဲ ချစ်ရသူအလာကို ညလုံးပေါက်ထိုင်စောင့်နေရတဲ့ ကောင်လေးကိုတော့လျစ်လျူရှုလို့ဥပေက္ခာပြုထားလေသည်။

ချစ်ခြင်းမေတ္တာတဲ့...ပိုချစ်ရတဲ့သူကပိုနာကျင်ရစေတာလား။တစ်ဖက်သတ်အရာကသာ နာကျင်မှုကိုပေးစွမ်းနိုင်တာလား။

တစ်ခါတစ်လေကြပြန်တော့လည်း ချစ်ခြင်းမေတ္တာတို့ထပ်တူကြပါလျက် လောကဓံရဲ့ကျီစယ်မှုတွေကြား နှလုံးသားလေးက အပွန်းအပဲ့မခံနိုင်စွာ နာကျင်ရပြန်သည်။

'အချစ်သီချင်းလေးတစ်ပုဒ်
ကြိုးမဲ့သလို ကာရံလည်းမဲ့လွန်းသည်'

☁☁☁☁☁

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now