1 [ Unicode ]

199 13 0
                                    

ရာသီဥတုသာယာသောနေ့တနေ့။

သောကြာနေ့လည်းဖြစ်ကာ လကုန်ရက်လည်းဖြစ်သည်မို့ လူအများစုကအလိုလိုစိတ်ပျော်နေကြကာ အိမ်အတွက်လိုအပ်သည်များကို Agnes Shopping Mall တွင်ပျော်ပျော်ပါးပါးဝယ်ယူနေကြသည်။

Agnes ဆိုတဲ့ တံဆိပ်နဲ့ ကုန်တိုက်တွေက မြန်မာပြည်တခွင်မှာ အများအပြား။ စျေးတန်ကာ ဆိုင်တိုင်း ၊ ဝန်ထမ်းတိုင်းကလည်း စည်းကမ်းလိုက်နာကြကာ ဝယ်သူတစ်ယောက်စီတိုင်းကို တလေးတစားဆက်ဆံကြတာကြောင့် ကလေးရောလူကြီးပါမကျန် Agnes မှာစျေးဝယ်ရတာကို နှစ်ခြိုက်ကြသည်။

ရုပ်ရှင်ရုံ ၊ ကစားကွင်း ၊ ကျယ်ဝန်းသော ကားပါကင် ၊ အမျိူးအစားစုံလင်လှသော စားသောက်ကုန်တန်းနှင့် Brand ဆိုင်များပါမက Rooftop Bar ပါ , ပါရှိသည်မို့ Agnes ဟာ ဆယ်စုနှစ်တခုတိုင်အောင် မြန်မာပြည်ရဲ့ ထိပ်ဆုံး Shopping Mall တံဆိပ်အဖြစ် ရပ်တည်နိုင်နေဆဲပင်။

Mall ရဲ့ အလွှာတိုင်းက ကုန်အမျိူးအစားတမျိုးစီကို သီးသန့်ရောင်းသည်။ ၅လွှာရှိသည့်အနက်မှ တတိယအလွှာကတော့ အလှကုန်ပစ္စည်းသီးသန့်ရောင်းသည်။

ထိုတတိယထပ်တွင်တော့ အနောက်ကဝန်ထမ်းတွေခြံရံလျက် ရှေ့ဆုံးကနေ ခပ်ဖြည်းဖြည်းလျှောက်လာသည့်  သူကို customer တွေသာမက,  ဝန်ထမ်းဖြစ်သူတွေကပါ မသိမသာရော သိသိသာသာပါ ခိုးကြည့်နေကြသည်။

ကြည့်ကြဆို ၊ နှစ်လမှာ တခါလောက်သာ ဒီ Mall မှာမြင်ရတတ်တဲ့ အမျိုးသားမလို့ပင်။ များပြားလှတဲ့လုပ်ငန်းတွေကို စီမံခန့်ခွဲနေရသူမို့ လုပ်ငန်းအများစုကို အများအားဖြင့် လက်ထောက်တွေနဲ့သာ လွှဲထားလေ့ရှိသည်။

ဝတ်ထားသည့် suit အနက်ရောင်က တောင့်တောင့်တင်းတင်းရှိလှသည့် ခန္ဓာကိုယ်ပေါ်မှာ သပ်သပ်ရပ်ရပ်။ ကပြားအမျိုးသားတစ်ဦးဖြစ်တာကြောင့် အနောက်တိုင်းဆန်သည့် မျက်နှာပေါ်မှာ အစိတ်အပိုင်းတခုစီတိုင်းက သေချာထွင်းထုထားသလို။ ထို့အပြင်အနောက်တိုင်းသားတို့ ထုံးစံအတိုင်း ရှည်လျားလှသည့် အရပ်အမောင်းတို့နဲ့အတူ မည်သို့နေရာမှာမဆို ထင်းထွက်နေသည့် ထိုအမျိုးသား။

MAJESTY Where stories live. Discover now