7 [Unicode]

33 7 0
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်။

မျက်စိအေးစေသော အညိုရောင်ပေါ်မှာ အဖြူရောင်ကံကော်ပန်းပွင့်လေးများကို ချည်ထိုးထားသည့် ချည်သားဝမ်းဆက်ကို အချိုးအစားကျနသော ခန္ဓာကိုယ်ထက် သေသပ်စွာဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက လေဆိပ်ထဲကို ခြေချချချင်း လေကိုတဝကြီးရှူရှိုက်ကာ ပြုံးလိုက်သည်။

သူမရဲ့ဝါဝင်းသောအသားအရည်နဲ့အတူ နီညိုရောင်လှိုင်းတွန့်ဆံသားတွေကလည်း ထင်းလင်းနေကာ အားဖြည့်ပေးနေသည်မို့ ဘေးဘီမှလူများက သိသိသာသာတမျိုး ၊ မသိမသာတမျိုး ကြည့်သွားကြသည်။

ထိုကဲ့သို့ လူအများကအာရုစိုက်ခံနေရသည့် အမျိုးသမီးကတော့ မည်သူ့ကိုမျှအာရုံမထားမိဘဲ လူအုပ်ထဲကိုသာ တစ်​ယောက်ယောက်ကိုရှာဖွေနေဟန်။ နှဖူးပေါ်က နာမည်ကြီး brand တံဆိပ်မှ မျက်မှန်ကို မျက်နှာပေါ်ပြန်တပ်လိုက်ပြီး waiting area မှာစောင့်ဆိုင်းနေတဲ့ လူအုပ်ထဲကို ဝေ့ဝဲ ကြည့်လိုက်သည်။

ထို့နောက် အမျိုးသားတစ်​ယောက်လက်ထဲမှ ထောင်ထားသည့် နာမည်ဘုတ်ကို မြင်ချိန်တော့ ထိုနေရာသို့ လျှောက်သွားလိုက်သည်။

'' Hello ။ Are you from King Toursim? ''

'' Yes, I am. Are you Ms.Aurelia Mellgren? ''

တစ်ဖက်ကဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ပြလိုက်ချိန်မှာတော့ အမျိုးသားက ပြုံး၍ လက်ဆွဲနှုတ်ဆက်ရန် ညာဘက်လက်ကို ရှေ့ထုတ်လိုက်ကာ

'' Nice to meet you. I'm 'Myat Thukha Min' from King Tourism. Welcome to Myanmar ''

'' ကျေးဇူးပါရှင် ။ ကျွန်မလည်းတွေ့ရတာဝမ်းသာပါတယ် ''

ရှေ့ကအမျိုးသမီးဆီက ချိူသာတဲ့ မြန်မာသံပီပီသသကို ကြားလိုက်ရချိန်မှာတော့ မြတ်သုခမင်း အ​တော်အံ့သြသွားရသည်။

ထိုအမျိုးသမီးက ပါးစပ်ကိုအုပ်လျက် တိုးသဲ့သဲ့ရယ်လိုက်ကာ

'' မြန်မာစကားပြောတတ်လို့ အံ့သြသွားတယ်ထင်တယ်။ တို့က အမေရိကန်နိုင်ငံသားခံယူထားပေမယ့် ဗမာလူမျိုးစစ်စစ်ပါ ''

'' အော်။ ဟုတ်ကဲ့ပါ ။ ကျွန်တော်က နိုင်ငံခြားသားတစ်​ယောက်က မြန်မာစကားကိုအရမ်းပီပီသသပြောတတ်တယ်ထင်လို့ အံ့သြသွားတာ ''

MAJESTY Where stories live. Discover now