5 [Unicode]

49 9 0
                                    

ဧည့်ခန်းထဲမှာ သတင်းစာထိုင်ဖတ်နေသော အစ်ကိုဖြစ်သူကို မြတ်ရည်ညွှန်း လှေကားပေါ်ကနေ ခိုးကြည့်လိုက်ရင်း ခြေသံတိုးတိုးဖြင့် ခပ်ဖွဖွဆင်းလာခဲ့လိုက်သည်။

မလှမ်းမကမ်းမှာ ကြက်မွှေးတချောင်းနဲ့ ဖုန်သုတ်နေသော ဒေါ်ဒေါ်ဆင့်က လှမ်းနှုတ်ဆက်မလိုပါးစပ်ပြင်နေတာကြောင့် မြတ်ရည်ညွှန်း အမြန်ရှူးခနဲလုပ်ပြလိုက်ရသည်။

ဒီကမှ လူမသိအောင်ခိုးထွက်မလို့ပါဆိုမှ..။

ခြေကိုဖော့နင်းကာ ဖိနပ်တွေကိုလက်ကကိုင်လျက် ကိုယ့်ကိုကိုယ် အောင်မြင်ပြီဟုတွေးလိုက်ပြီး နောက်ဖေးတံခါးနားအရောက်မှာပဲ ကြားလိုက်ရတဲ့ လေသံမာမာကြောင့် မြတ်ရည်ညွှန်း ကျောပြင်တခုလုံးစိမ့်တက်သွားရသည်။

'' ဒါကဘယ်သွားမလို့လဲ ''

'' အဲ..ကိုကြီး ။ ဘယ်ကဘယ်လို ''

မြတ်ရည်ညွှန်း အူလည်လည်လုပ်ပြလိုက်တော့ ''မြတ်ခေတ်ဦး '' မျက်နှာကပိုတင်းသွားကာ လက်ထဲကသတင်းစာကို စားပွဲပေါ်ပစ်တင်လိုက်ပြီး မြတ်ရည်ညွှန်းရှိရာလျှောက်လာသည်။

စတစ်ကော်လာအဖြူလက်ရှည်နှင့် ပုဆိုးအနက်ကွက်ခပ်စိတ်စိတ်ကို ဝတ်ထားကာ မြင့်မားသောအရပ်တို့ဖြင့် ယောကျ်ားပီသတဲ့ရုပ်ရည်ရှိသူ မြတ်ခေတ်ဦးက မြတ်ရည်ညွှန်းရဲ့ တဦးတည်းသောအုပ်ထိန်းသူဆိုလည်းမမှား။

မိဘတွေမရှိတော့စဥ်ကထဲက ၂၃နှစ်အရွယ် မြတ်ခေတ်ဦးကပဲ လုပ်ငန်းအားလုံးကိုဦးစီးလုပ်ကိုင်ခဲ့ကာ ၁၃နှစ်အရွယ် မြတ်ရည်ညွှန်းကိုလည်း လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးခဲ့တာကြောင့် မြတ်ခေတ်ဦးက မြတ်ရည်ညွှန်းအတွက်တော့ ချစ်ခင်လေးစားရသည့် ဒုတိယဖခင်တဖြစ်လဲ အစ်ကိုကြီးပင်။

အခုတော့ မြတ်ရည်ညွှန်းက ဘယ်သူ့ကိုမှမတိုင်ပင်ပဲ Edron ကမ်းလှမ်းသည့်အလုပ်ကို လက်ခံခဲ့တာကြောင့် မြတ်ခေတ်ဦးက စိတ်ဆိုးဒေါသထွက်နေတာဖြစ်သည်။

ညီအစ်ကိုနှစ်ယောက် စစ်အေးတိုက်ပွဲနွှဲနေတာ တလကျော်လောက်ရှိပြီဖြစ်တာကြောင့် မြတ်ရည်ညွှန်းဘက်ကနေလည်း စကားစမပြောချင်။ မြတ်ရည်ညွှန်းတွေးတာကတော့ သူ့အသက်ပဲ ၃၀ထဲရောက်တော့မယ် ၊ အလုပ်တခုကို ကိုယ့်သဘောနဲ့ကိုယ်လက်ခံလို့ရပြီလို့သာတွေးသည်။ ပြီးတော့ သူကအခုမှအလုပ်စလုပ်မယ့် ဘွဲ့ရကျောင်းသားလေးလည်းမဟုတ်တော့ဘူးလေ။

MAJESTY Where stories live. Discover now