8 [Unicode]

29 6 3
                                    

''မြတ်'' စားသောက်ဆိုင်တွင်ဖြစ်သည်။

Managing Director ဖြစ်သူ မြတ်ရည်ညွှန်းက မတ်တပ်ရပ်လိုက်ပြီး ရှန်ပိန်ခွက်ကို ကိုင်မြှောက်ကာ ထိုင်နေကြသည့် ဝန်ထမ်းများကို ကြည့်ရင်းပြုံးလိုက်သည်။

'' ဒီနေ့ ညစာစားပွဲကတော့ company ရဲ့ ဖွင့်ပွဲအနေနဲ့ရော ၊ ဝန်ထမ်းတွေအချင်းချင်း ရင်းနှီးမှုယူနိုင်အောင်ရော လုပ်ပေးတဲ့ပွဲလေးပါ။ နောက်လတွေမှာလည်း အလျင်းသင့်ရင်သင့်သလို ညစာစားပွဲတွေလုပ်ပေးသွားမှာပါ။ ဌာနအလိုက်လည်း အထက်လူကြီးနဲ့ညှိပြီး အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။ ဒီနေ့ပွဲကတော့ ကျွန်တော်ဒကာခံတာမလို့ စိတ်ကြိုက်စားဖို့လည်း တောင်းဆိုပါတယ်ဗျာ။ ကဲ Agnes အတွက်ရော ၊ ဝန်ထမ်းတွေအတွက်ပါ Cheers ''

'' Cheers''

မြတ်ရည်ညွှန်း သောက်လိုက်သည်နှင့် အောက်ကဝန်ထမ်းများသည်လည်း တပြိုင်တည်းဆိုသလို လက်ထဲကခွက်အသီးသီးကို မော့ချလိုက်ကြသည်။ ရာထူးအားလုံးခန့်အပ်ပြီးသည့်နောက် ပထမဆုံး လုပ်သည့် ညစာစားပွဲ ဖြစ်တာကြောင့် တော်တော်များများကလည်း ရှိန်နေကြကာ သိပ်စကားမပြောရဲကြဘဲ ဘေးကလူနဲ့သာ အနည်းငယ်ပြောဆိုကြသည်။

သို့သော် တစ်နာရီလောက်ကြာပြီးသည့်နောက်မှာတော့ သောက်ထားသည့်သူများကခြေသွက်လက်သွက်ဖြစ်လာကာ ကျန်သည့်ဌာနများနှင့် မိတ်ဆက်ရင်း တက်ကြွစွာစကားပြောဆိုကြသည်ကြောင့် ကျန်သူအားလုံးလည်း စိတ်ပါလာကာ တခနအတွင်းမှာပင် ရင်းနှီးသည့်လေထုအသွင်သို့ ကူးပြောင်းသွားသည်။

IT Department ထိုင်သည့်ဝိုင်းတွင်တော့ ပြည့်လင်းစေသော်မှာ ဘေးကတစ်ယောက်ရဲ့နားပူစွာ ပြောဆိုမှုတွေကိုမခံနိုင်တော့တာကြောင့် ကိုယ့်နားကိုပွတ်လိုက်သည်။ သူတို့ Interview ​ဖြေသည့်နေ့ကတွေ့ခဲ့သည့် Software Engineer ကောင်လေးကလည်း အလုပ်ခန့်အပ်ခံရသည်။ ထိုကောင်လေးနာမည်က ''သက်မိုးညီ'' ဖြစ်ပြီး အစားလည်းကြူးသလောက် အတော်လည်းစကားပြောနိုင်သည့် ကောင်လေးဖြစ်၏ ။

'' အစ်ကို ၊ ဘာလို့ ဘီယာတွေချည်းစွတ်သောက်နေတာလဲ။ စားတာကလည်း ဝက်သားပေါင်းလေးနည်းနည်းပဲ။ တခြားဟာ
တွေလည်းစားကြည့်ပါဦး။ ကင်းမွန်သုပ်လေးအတော်ကောင်းတယ်ဗျ ၊ ပုဇွန်ကင်လည်းမဆိုးဘူး။ ဝက်ကုန်းဘောင်ကြော်ကလည်း အသားတွေချည်းပဲ ''

MAJESTY Where stories live. Discover now