4 [Unicode]

57 8 0
                                    

ဘေးနားမှာ အေးအေးဆေးဆေး ထိုင်သောက်နေတဲ့ Edron ကိုကြည့်လိုက်ရင်း ''မြတ်ရည်ညွှန်း'' လက်ထဲကခွက်နဲ့ cheers လုပ်လိုက်သည်။

မတွေ့တာ ၃နှစ်ကျော်ကြာသွားပေမယ့် Edron က အရင်လို စိတ်ဓာတ်ပိုင်းဆိုင်ရာက မပြောင်းမလဲ။ လူကတော့ အရင်ကထက် ပိုတောင့်ဖြောင့်လာကာ ကြည့်လို့ကောင်းလာသည်ဟုထင်ရသည်။

မြတ်ရည်ညွှန်းက Edron အမေရိကမှာနေတုန်းက project တခုမှာ မြတ်ရည်ညွှန်း လုပ်ခဲ့သည့် company က Edron အပိုင် company နဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်ရင်း သိကျွမ်းခဲ့ကြတာဖြစ်ပြီး Edron က Mexican-မြန်မာ ကပြားမှန်းသိသွားတော့ အတော်လေး အံ့သြခဲ့ရတာဖြစ်သည်။ ကိုယ့်နိုင်ငံသွေးပါတဲ့ လူမျိုးတစ်ယောက်က ဒီလောက်ထိအောင်မြင်အောင် လုပ်နိုင်ခဲ့တာကို သိရတော့ ဂုဏ်လည်းယူမိသည်။

Edron ကို မာနကြီးပြီး အခြေကြီးမယ်လို့ ထင်ခဲ့တဲ့အတိုင်း တကယ်လည်း မာနကြီးကြီး ချဥ်းကပ်ရခက်ခဲ့သည်။ နောက်မှ တဖြည်းဖြည်း မိတ်ဆွေကနေတဆင့် သူငယ်ချင်းတွေအဖြစ်သို့ ရောက်လာမှ Edron က တကူးတကမာနတွေထားနေတာမဟုတ်ပဲ သူ့နဂိုပုံစံကိုက တသီးတသန့်နေတတ်သည်မျိုးကို နားလည်လိုက်ရသည်။

မြတ်ရည်ညွှန်းက အရင်အလုပ်ကထွက်ထားတာကြောင့် မိဘလုပ်ငန်းအနည်းငယ်ပိုင်ထားသည့် မြန်မာပြည်ကို ရောက်နေစဥ် Edron လည်းမြန်မာမှာ ရှိနေတာကြောင့် မြတ်ရည်ညွှန်း ပိုင်သည့် club မှာ တွေ့ဖို့ ချိန်းဆိုခဲ့တာဖြစ်သည်။

Edron က မအားတာကြောင့် ရက်ရွှေ့နေခဲ့ရာမှ အခုညမှပဲ သူငယ်ချင်းနှစ်ယောက်တွေ့နိုင်တော့သည်။

'' မင်းဘယ်တော့ပြန်မှာလဲ ''

Edron က လက်ထဲက ခွက်အလွတ်ကိုပြန်ချလိုက်ကာ မြတ်ရည်ညွှန်းကို ကြည့်ကာမေးလာသည်။

'' မင်းကလည်း ။ ရောက်မရောက်သေးဘူး ၊ ပြန်ဖို့က အရင်မေးနေပြီ ။ ငါ့ကိုတော်တော်ပြန်စေချင်နေတာလား ''

မြတ်ရည်ညွှန်းပြောတော့ Edron က မျက်ခုံးပင့်ကြည့်လိုက်ပြီး ဆိုဖာနောက်ကျောကိုပြန်မှီထိုင်လိုက်သည်။

'' No. ငါ့ရုံးခွဲအသစ်တစ်ခုမှာ ကြီးကြပ်ဖို့လူလိုနေတာ ၊ မင်းကြာကြာနေမယ်ဆို လုပ်မလား မေးမလို့ ။ အောက်က ဝန်ထမ်းတွေထဲမှာလည်း အဲ့ရာထူးပေးရလောက်အောင် performance ကောင်းတဲ့သူမရှိသေးဘူး ''

MAJESTY Where stories live. Discover now