'' ကိုထက်အောင် ၊ ဒီ Club က ဟိုဟိုဒီဒီလေးတွေလည်း ရတယ်ဆိုတာ ဟုတ်လား ''
YX ကလပ် ရဲ့ private အခန်းထဲမှာ စားကြသောက်ကြရင်း ဦးမျိူးဆွေဆိုသူက ဦးထက်အောင်ကို မေးလိုက်ခြင်းဖြစ်သည်။
ယနေ့က ဦးထက်အောင်၏ ၄၀နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် အသိများကိုဖိတ်ကာ ကလပ်မှာ မွေးနေ့အထိမ်းအမှတ်အဖြစ်ကျွေးခြင်းဖြစ်သည်။
ဂုဏ်သရေရှိ ၊ လူကြီးလူကောင်းဆန်သော မွေးနေ့ပွဲကိုတော့ နေအိမ်တွင် ဇနီးမယားသားသမီးများနှင့် သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြပြီး ယခုကလပ်တွင်တော့ အကြောင်းသိ၊လူရင်းအမျိုးသားများသာ သီးသန့်ကျင်းပခြင်းဖြစ်သည်။
ဦးမျိုးဆွေရဲ့အမေးကို ဦးထက်အောင်ကနားလည်စွာပြုံးလိုက်ရင်း ဦးမျိုးဆွေ၏ ရှေ့တွင်ရှိသောဖန်ခွက်အလွတ်ထဲသို့ ဘီယာထပ်ဖြည့်ပေးလိုက်သည်။
'' ကိုမျိုးဆွေရေ ၊ အဲ့ဒါမျိုးလေးတွေကတော့ နေရာတိုင်းမှာ ရတာပေါ့ဗျာ။ အဆက်အသွယ်နဲ့ ဒါလေးတွေတော့ ရှိဖို့လိုတာပေါ့ ''
ဦးထက်အောင်ကပြောရင်းလက်ညှိုးနှင့်လက်မကို ဝိုင်းကာပြသည်။ ဦးထက်အောင်ရဲ့ စကားကို ကျန်သည့်အမျိုးသားကြီးများကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြသည်။
'' အဲ့ဒါကတော့ ဘယ်လောက်ကုန်ကုန်ဗျာ ၊ အခုက အိမ်ကမိန်းမကလည်း နေမကောင်းနေတာနဲ့ အနားကိုအကပ်မခံတာ တစ်လရှိပြီဗျာ။ အဲ့တော့ ကူညီဦး ကိုယ့်လူရေ ။ ''
'' ပြောစရာလူတွေလားဗျာ ။ ခနနေ လာတဲ့ သူတွေထဲက တစ်ယောက်လောက်ရွေးထားလိုက်။ ကျွန်တော်ညှိထားပေးမယ်။ အခုတော့မရဘူးနော်။ ကလပ်ကသူ့စည်းကမ်းနဲ့သူ။ သူ့အချိန်နဲ့သူမှရတာ။ ခနနေသူတို့လာကြရင် မျက်နှာဖုံးတွေတော့တပ်ထားလိမ့်မယ်။ မျက်နှာကဘာအရေးကြီးလဲဗျာ။ တကယ်အရေးပါတဲ့နေရာတွေနဲ့ပဲ အကဲဖြတ်ပေါ့ နော့ သိတယ်မဟုတ်လား ''
'' အဟက်ဟက် ၊ ကိုထက်အောင် ကိုထက်အောင် ခင်များအတော်စုံတဲ့လူဗျာ ဟားဟားဟား ။ ဘာလေးမေးမေး မရတယ်ကိုမရှိနေဘူး ။ အဲ့ဒါကြောင့် ခင်များနဲ့ မိတ်ဆွေဖြစ်နေတာကို ကျေနပ်နေရတာ။ ကဲ Happy Birthday ကိုယ့်လူ ။ နောက်လည်းများများကူညီနိုင်စေဗျာ ။ Cheers''
YOU ARE READING
MAJESTY
General Fiction- 4 - 𝑾𝒉𝒆𝒏 𝒕𝒉𝒆 𝒎𝒊𝒙𝒆𝒅-𝒓𝒂𝒄𝒆 𝒃𝒖𝒔𝒊𝒏𝒆𝒔𝒔 𝒎𝒂𝒏 𝒘𝒉𝒐 𝒐𝒏𝒄𝒆 𝒃𝒆𝒍𝒊𝒆𝒗𝒆𝒅 𝒉𝒆 𝒄𝒐𝒖𝒍𝒅 𝒏𝒐𝒕 𝒃𝒆 𝒇𝒐𝒖𝒏𝒅 𝒃𝒚 𝒍𝒐𝒗𝒆 𝒂𝒈𝒂𝒊𝒏 𝒎𝒆𝒆𝒕𝒔 𝒂 𝒘𝒆𝒃-𝒅𝒆𝒗𝒆𝒍𝒐𝒑𝒆𝒓 𝒃𝒐𝒚 𝒘𝒉𝒐 𝒉𝒂𝒑𝒑𝒆𝒏𝒔 𝒕𝒐 𝒃𝒆 𝒂 𝒑𝒍...