3 [Unicode]

92 9 2
                                    

ပူပူလောင်လောင် နေ့လည်ခင်းတခုမှာ ပြည့်လင်းစေသော် နေ့လည်စာစားပြီးခံတွင်းချဥ်လာတာနဲ့ ဝရန်တာထွက်ပြီး ဆေးလိပ်သောက်နေလိုက်သည်။

ဘုန်းထက်နိုင်က သူ့အသိတယောက်မိတ်ဆက်ပေးသော အလုပ် interview သွားဖြေတာကြောင့် မနက်ကထဲကအိမ်မှာမရှိ။ သောကြာနေ့လည်းဖြစ်တာကြောင့် ပြည့်လင်းစေသော် တယောက်ထဲပျင်းပျင်းရိရိနဲ့ အလုပ်မလုပ်ချင်တာ​ကြောင့် ယောင်လည်လည်လုပ်နေတာ။

ပြည့်လင်းစေသော်က အလုပ်ကိုအစီအစဥ်ချကာလုပ်တတ်သည်။ တပတ်ကို ၆ရက်အလုပ်လုပ်ကာ သောကြာနေ့တရက်ကိုတော့ အလုပ်ဘယ်လောက်များများ ၊ ဘာအလုပ်မှဆက်မလုပ်ပဲပစ်ထားလိုက်သည်။

သူများတွေကတော့ စနေ၊ တနင်္ဂနွေဆိုနားတတ်ကြပေမယ့် ပြည့်လင်းစေသော်ကတော့ သောကြာနေ့ကိုသာချစ်သည်။ သူ့အလုပ်ကလည်းအဲ့လိုနားချင်တဲ့ရက်ရွေးလို့ရတာလည်းပါမည်ပေါ့လေ။

- တီ တီ

တယောက်ထဲစိတ်ကူးပေါက်ပေါက်နဲ့ တွေးချင်တာတွေးနေတုန်း ဘေးနားက စားပွဲပေါ်ချထားသောဖုန်းကမြည်လာတာကြောင့် ကြည့်လိုက်တော့ ဦးလေးဖြစ်သူ။

'' ဟယ်လို ဦးဇော် ''

'' အေး သား ၊ နေကောင်းရဲ့လား ''

'' ဟုတ် ဦးဇော် ၊ ကောင်းတယ် ။ ကျွန်တော်လည်း ဖုန်းဆက်မလို့ပါပဲ။ ဒီနေ့မှနားရတာနဲ့ မဆက်ဖြစ်သေးတာ။ ဦးဇော်နဲ့အန်တီလေးတို့ရော နေကောင်းကြလား။ ဘာလိုသေးလဲ ''

'' ဘာမှမလိုပါဘူးကွာ ၊ တလတလ မင်းပို့တဲ့ပိုက်ဆံနဲ့တင် တို့အဘိုးကြီးလင်မယားကဖူလုံနေပြီ ။ အခုလည်း မင်းအန်တီလေးက မင်းကိုသတိရတယ်ပြောပြောနေလို့ ဆက်လိုက်တာ ။ နေဦး ဘေးနားကနေ ဖုန်းလိုက်လုနေတာ ။ အော် ပေးပါ့မယ် မိန်းမရယ် ၊ ငါလည်းငါ့သားနဲ့ခနစကားပြောပါရစေဦးဟ ''

ဖုန်းထဲက ကြားလိုက်ရတဲ့ စကားသံတွေကြောင့် ပြည့်လင်းစေသော် ခပ်တိုးတိုး
ရယ်လိုက်မိသည်။ ပြည့်လင်းစေသော် ငါးနှစ်သားအရွယ်မှာ မိဘနှစ်ပါးနဲ့အတူ ညီလေးက ရွာလုံးကျွတ်ရေကြီးတဲ့ထဲပါသွားကာ တိမ်းပါးသွားတာဖြစ်သည်။

MAJESTY Where stories live. Discover now