၅ထပ် အမြင့်ရှိသော Company ဝင်းအတွင်း ဝင်လိုက်သည်နှင့် ရှင်းသန့်လတ်ဆတ်သောလေထုကို ရှူရှိုက်လိုက်ရပြီး မျက်စိလည်းအေးသွားသည်။ အဆောက်အုံကိုအရောင်ငြိမ်ငြိမ်လေးတွေဖြစ်တဲ့ nude color လေးများသာသုံးထားပြီး uniform ဝတ်စုံတွေကလည်း အနက်နဲ့အဖြူသာမလို့ ကြည့်ရတာ အမြင်ရှင်းစေသည်။ အခုမှစဖွင့်သည့် ရုံးမလို့ ဝန်ထမ်းစုဆောင်းဆဲကာလပဲ ရှိသေးတာကြောင့် ပြင်ဆင်မွမ်းမံနေသည့်နေရာများလည်းရှိဆဲပေမယ့် အခုတင်ကို အတော်လေးပြည့်စုံနေပြီဟု ခံစားလိုက်ရသည်။
ပြည့်လင်းစေသော် file တွဲကိုကိုင်ကာ reception က ကောင်မလေးဆီလျှောက်သွားလိုက်တော့ အပြုံးနဲ့ဆီးကြိုကာ ဘာကူညီပေးရမလဲဟု ချိုသာစွာမေးလာသည်။
'' ကျွန်တော် ဒီနေ့ interview appointment လေးရှိလို့ပါ ။ နေ့လည်၂နာရီခွဲမှာ ချိန်းထားပါတယ် ''
'' ဟုတ်ကဲ့ပါ ။ နာမည်နဲ့ appointment reference code လေးတချက်လောက်ပေးပါရှင့် ''
email မှာပို့ထားသည့်အတိုင်း ပြည့်လင်းစေသော်ရွတ်ပြလိုက်တော့ ကောင်မလေးက computer ထဲစစ်ကြည့်နေသည်။ ထို့နောက် ပြည့်လင်းစေသော်ကို ပြန်ကြည့်ကာ ပြုံးပြလာပြီး ကတ်လေးတခုထိုးပေးလာသည်။
'' ရပါပြီရှင့် ။ တတိယထပ်က အခန်းနံပါတ် C-2 ရှေ့မှာ ထိုင်စောင့်နေပေးပါနော်။ အစ်ကိုအလှည့်ကျတာနဲ့ နာမည်ခေါ်ပေးလာပါလိမ့်မယ်။ ဒီကတ်လေးက တတိယထပ်က vending machine မှာ ၁နာရီ free သုံးလို့ရမယ့်ကတ်လေးပါရှင့် ။ သာယာသောနေ့လေးဖြစ်ပါစေရှင့် ။ ဘာများကူညီပေးရဦးမလဲရှင် ''
'' ရပါပြီဗျ ။ ကျေးဇူးပါ ''
'' ဟုတ်ကဲ့ပါရှင့် ''
ကောင်မလေးပြောသည့်အတိုင်း ဓာတ်လှေကားနဲ့တတ်လာခဲ့ပြီးနောက် အခန်းနံပါတ် C-2 ရှေ့ကိုရောက်တော့ သူ့လိုမျိုး interview ဖြေမည့် လူ၅ယောက်လောက်ကကြိုရောက်နှင့်နေသည်။ ထိုလူများကို တချက်ကြည့်လိုက်ပြီး နေရာလွတ်တခုမှာ ဝင်ထိုင်လိုက်ကာ ကိုယ့်စာရွက်တွေကိုသာ ပြန်ကြည့်နေလိုက်သည်။
ဆယ့်ငါးမိနစ်လောက်အကြာတွင် သူ့အနားလျှောက်လာသည့် ဖိနပ်သံတလျှပ်လျှပ်ကို ကြားလိုက်ရတာကြောင့် မော့ကြည့်လိုက်မိသည်။
YOU ARE READING
MAJESTY
General Fiction- 4 - 𝑾𝒉𝒆𝒏 𝒕𝒉𝒆 𝒎𝒊𝒙𝒆𝒅-𝒓𝒂𝒄𝒆 𝒃𝒖𝒔𝒊𝒏𝒆𝒔𝒔 𝒎𝒂𝒏 𝒘𝒉𝒐 𝒐𝒏𝒄𝒆 𝒃𝒆𝒍𝒊𝒆𝒗𝒆𝒅 𝒉𝒆 𝒄𝒐𝒖𝒍𝒅 𝒏𝒐𝒕 𝒃𝒆 𝒇𝒐𝒖𝒏𝒅 𝒃𝒚 𝒍𝒐𝒗𝒆 𝒂𝒈𝒂𝒊𝒏 𝒎𝒆𝒆𝒕𝒔 𝒂 𝒘𝒆𝒃-𝒅𝒆𝒗𝒆𝒍𝒐𝒑𝒆𝒓 𝒃𝒐𝒚 𝒘𝒉𝒐 𝒉𝒂𝒑𝒑𝒆𝒏𝒔 𝒕𝒐 𝒃𝒆 𝒂 𝒑𝒍...