'' Daddy! ''
Edron အိမ်ထဲဝင်လာသည်နှင့် ဆိုဖာပေါ်ထိုင်ကာ ကာတွန်းကားကြည့်နေတဲ့ Luka က လုံးလုံး,လုံးလုံးနဲ့ ပြေးလာသည်။ ပါးစပ်ကသာ သူ့ကိုခေါ်နေတာ, မျက်လုံးတွေကတော့ Edron ရဲ့လက်ထဲကအထုပ်တွေကိုသာ စိုက်ကြည့်နေတာကြောင့် ခပ်ဖွဖွရယ်လိုက်ရင်း မုန့်ထုပ်တွေကို လာယူသည့်ကောင်မလေးလက်ထဲထည့်ပေးလိုက်သည်။
ထို့နောက် နက်ပြာရောင် pajamas လေးနဲ့ ချစ်စရာကောင်းနေသော Lukaကို ချီလိုက်တော့ ခေါင်းလေးက Edronရဲ့ပုခုံးထက်အသာမှီချလာသည်။
'' နေရတာသက်သာလား ''
Edron က ပြောရင်း Luka ရဲ့နှဖူးထက်ကို လက်ဖဝါးတင်ကာ အပူချိန်စမ်းသပ်လိုက်သည်။ ညနေကထဲက ဆရာဝန်ကဆေးထိုးပေးပြီဖြစ်တာကြောင့် အဖျားကတော့သိပ်မရှိတော့ပေမယ့် Luka က ကလေးလေးဖြစ်တာကြောင့် ခံနိုင်ရည်မရှိဘဲ ရေထိထားတဲ့စက္ကူစလေးလို နွမ်းဖတ်နေသည်။
'' I'm hungry, Daddy ''
Luka က ဗိုက်ဆာသည်ဆိုတာကြောင့် Edronကခေါင်းငြိမ့်လိုက်ကာ Luka ကိုချီထားလျက် ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။ ထိုစဥ် ကောင်မလေးတစ်ယောက်က ဝက်သားပေါင်းပန်းကန်၊ သုံးထပ်သားတို့ဟူးလိပ်ပေါင်း ၊ စွပ်ပြုတ်ရည်နှင့် ရေခွက်တို့ပါဝင်သော ကြွေဗန်းကြီးကိုသယ်လာကာ Edron တို့ရှေ့က စားပွဲထက် အသာချပေးလာသည်။
Luka က သူကြိုက်တဲ့အစားအစာတွေဆို ကောင်းကောင်းစားတတ်တာကြောင့် နာရီဝက်လောက်အကြာ စားလို့ပြီးသွားသည်။ Luka ကို ခွံ့ကျွေးလိုက် ၊ စွပ်ပြုတ်ရည်တိုက်လိုက်၊ ရေတိုက်လိုက်လုပ်နေရသည့် Edronကလည်း သူ့ကို လက်သေးသေးလေးများဖြင့် ပြန်ပြန်ခွံ့ကျွေးနေတတ်သည့် Luka ကြောင့် ညစာတကူးတက စားစရာပင်မလိုတော့ပါ။
စားသောက်လို့ပြီးသည်နှင့် Lukaကိုဆေးသောက်စေပြီး နာနီကောင်မလေးတွေက ရေနွေးနွေးလေးနဲ့ ကိုယ်လက်သန့်စင်ပေးကြသည်။ ထို့နောက် Edronက Luka ကိုပြန်လည်ချီလိုက်ပြီး ပင်မအိပ်ခန်းဆီကို ဦးတည်သွားနေတာကြောင့် မှေးစင်းနေပြီဖြစ်တဲ့ Lukaရဲ့ မျက်လုံးလေးများက ပြူးကျယ်သွားရသည်။
'' Daddyနဲ့ အိပ်ရမှာလား ''
'' အင်း ညဘက်အဖျားပြန်တတ်မှာစိုးလို့။ တခုခု မသက်သာတာနဲ့ Daddy ကိုနှိုး။ ကြားလား ''
ESTÁS LEYENDO
MAJESTY
Ficción General- 4 - 𝑾𝒉𝒆𝒏 𝒕𝒉𝒆 𝒎𝒊𝒙𝒆𝒅-𝒓𝒂𝒄𝒆 𝒃𝒖𝒔𝒊𝒏𝒆𝒔𝒔 𝒎𝒂𝒏 𝒘𝒉𝒐 𝒐𝒏𝒄𝒆 𝒃𝒆𝒍𝒊𝒆𝒗𝒆𝒅 𝒉𝒆 𝒄𝒐𝒖𝒍𝒅 𝒏𝒐𝒕 𝒃𝒆 𝒇𝒐𝒖𝒏𝒅 𝒃𝒚 𝒍𝒐𝒗𝒆 𝒂𝒈𝒂𝒊𝒏 𝒎𝒆𝒆𝒕𝒔 𝒂 𝒘𝒆𝒃-𝒅𝒆𝒗𝒆𝒍𝒐𝒑𝒆𝒓 𝒃𝒐𝒚 𝒘𝒉𝒐 𝒉𝒂𝒑𝒑𝒆𝒏𝒔 𝒕𝒐 𝒃𝒆 𝒂 𝒑𝒍...