အပိုင်း(၁၀)Unicode

574 17 4
                                    

"ချမ်းမြှေ့"

ကိုအောင်ခန့်ကျော်ဆီကအပြန် ရင်ထဲနေ၍မကောင်းသည်ကြောင့် ချို့အိမ်သူသွားလိုက်သည်။

"အရက်သောက်ကြမလားချို"

သူမေးတော့ချိုကငြင်းသည်။

"နင်အခုတောင်မူးနေတာမဟုတ်ဘူးလား"

"နည်းနည်းပဲသောက်လာတာပါဟ"

"တော်တော်...နင်မူးရင်ရစ်တဲ့ဒဏ်ငါမခံနိုင်ဘူးဟဲ့...နင်ကမူးလာရင်စောက်ရမ်းစကားများလွန်းတယ်"

ချို့စကားကိုချမ်းမြှေ့ကအသံထွက်သည်အထိရယ်သည်။

"ဝေယံဆိုငါရစ်သမျှ သည်းခံပေးတယ်...နင်နဲ့များကွာပ"

ချမ်းမြှေ့ကနှာရှုံ့လို့ဆိုတော့ ချိုကမျက်စောင်းလေးခဲသည်။

"အဲ့ဒါဆိုလဲဝေယံဆီသွားလေ...ဘာလို့များငါ့ဆီလာ​နေရ​သေးလဲ"

"အေးနော်...ဟုတ်တယ်....ငါဝေယံဆီပဲ သွားတော့မယ်"

ချို၏ပြန်ဖြေစကားကိုတောင်မစောင့်ပါဘဲ ထွက်သွားသောသူငယ်ချင်းက အရက်နည်းနည်းဝင်ပြီ​ဟေ့ဆိုရင် အသဲယားစရာကောင်းလွန်းပါသည်။

ချမ်းမြှေ့လမ်းလျှောက်လာရင်းမှ ဝေယံဆိုင်ကိုလှမ်းမြင်နေရသည်။ဆိုင်ထဲကဝေယံထွက်လာသည်ကိုမြင်တော့ လက်ပြလို့ကိုယ့်ကိုမြင်အောင်ဝှေ့ယမ်းပြသည်။

ဝေယံကသူ့ကိုမမြင်ပါဘဲ ခေါက်ဆွဲဆိုင်ကိုပိတ်ရန်ပြင်နေသည်။သူလည်းခပ်သွက်သွက်ခေါက်ဆွဲဆိုင်ဆီပြေးသွားလို့ ပိတ်လုစဲစဲဖြစ်လို့နေသည့်တံခါးဝရှေ့ပိတ်ရပ်လိုက်တော့သည်။

မနက်ဝေလီလင်းသည့်အချိန်ထိတောင် သူမလာမချင်းထိုင်စောင့်တတ်သည့်ဝေယံက ယခုတော့ ဆိုင်တံခါးပါပိတ်နှင့်နေပြီဖြစ်သည်။'မင်းငါ့အပေါ်တကယ်ကြီး မချစ်တော့တာလားဝေယံ....မင်းငါ့ကိုမချစ်ဘဲနေနိုင်အောင် ကြိုးစားလို့ရသွားလေပြီလား....ငါအထပ်ထပ်ပြောတယ်လေဝေယံရာ...မင်းပြောင်းလဲလိုက်လို့မဖြစ်ပါဘူးလို့'

"ခေါက်ဆွဲလာစားတာလားချမ်းမြှေ့...ဒါဆိုရင်တော့ ကုန်သွားလို့ငါတောင်ဆိုင်ပိတ်တော့မှာ"

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now