အပိုင်း(၁၃)Unicode

494 15 6
                                    

"ချမ်းမြှေ့"

ဝေယံခေါ်သံကြောင့် သတိပြန်ဝင်လာတဲ့ချမ်းမြှေ့က ပန်းချီကားဆီကအကြည့်စွန့်လို့ ​ဝေယံ
​ထံအကြည့်ပြန်ပို့လိုက်သည်။

ဝေယံကလက်ထဲက ကိုင်လာသည့်ခေါက်ဆွဲပန်းကန်ကိုစားပွဲပေါ်ချလို့ သူနှင့်ပန်းချီကားရှိရာဆီလျှောက်လို့လာသည်။

"လှလားပန်းချီကားက"

ဝေယံရဲ့အမေးကို ချမ်းမြှေ့ကခေါင်းတဆတ်ဆတ်ညှိမ့်ပြသည်။တကယ်လည်းထိုပန်းချီးကားချပ်ကြီးက လှလွန်းကာ အတော်ကိုလက်ရာမြောက်လွန်း​နေသည်မဟုတ်လား။

"အဲ့ဒါဘယ်သူ့ပုံတွေလဲဆိုတာကိုရောမင်းသိလား"

ဒီတစ်ခေါက်အမေးကိုတော့ ချမ်းမြှေ့ကခေါင်းခါပြလာသည်။

"ထားလိုက်ပါမင်းမသိတော့လဲ...ခေါက်ဆွဲသာလာစားလိုက်တော့"

ဝေယံကချမ်းမြှေ့အားလက်မောင်းကနေကိုင်လို့ ခေါက်ဆွဲပြုတ်ထားရာဝိုင်းဆီဆွဲခေါ်လာတော့သည်။ချမ်းမြှေ့မျက်ဝန်းတွေကတော့ ပန်းချီကားဆီသာ။တစ်ချက်တစ်ချက်ကြည့်လိုက်ရင် ထိုပုံထဲကကောင်လေးနှစ်ယောက်ကသူနဲ့ဝေယံပုံနှင့်ဆင်တူသည်။ပါးပြင်ပေါ်ကမှဲ့နက်သေးသေးလေးကိုဆွဲထားတာဟာလည်း ချမ်း​​​မြှေ့မှဲ့နက်ရှိရာ ညာဘက်ပါးပေါ်သာ။

"ဝေယံ"

စားပွဲဝိုင်းဆီရောက်ရောက်ချင်း ဝေယံကခေါက်ဆွဲပြုတ်ပန်းကန်အားသူ့ရှေ့တိုးပေးသည်။

"ငါမေးစရာရှိတယ်...ပုံထဲကကောင်လေးနှစ်ယောက်ကမင်းနဲ့ငါလားဟင်"

"အင်း"

ခပ်ပြတ်ပြတ်ထွက်လာတဲ့ဝေယံအသံအဆုံး ချမ်းမြှေ့မျက်နှာထက် ဖုံးဖိလို့ပင်မရနိုင်တဲ့ အပြုံးတို့ကသူတစ်ပွင့်ငါတစ်ပွင့်အပြိုင်ပွင့်လန်းလာသလိုမျိုးပင်။

"တကယ်လှတယ်သိလားဝေယံ...ပုံထဲကမင်းငါ့ကိုကြည့်နေတဲ့မျက်ဝန်းတွေကအရမ်းကိုအသက်ဝင်နေသလိုခံစားရတယ်...မြတ်နိုးမှုအပြည့်ပါတဲ့မင်းမျက်ဝန်းတွေက ပန်းချီကားချပ်ထဲမှာတောင် ညှို့ယူနိုင်စွမ်းအပြည့်ရှိလွန်းနေတယ်"

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now