နာရီလက်တံက ၇နာရီ၄၅မိနစ်ကိုပြနေခဲ့သည်။သိပ်မကြာပါ၊ နန်းတော်သဖွဲ ကြီးမားတဲ့ အိမ်မှ၊ စတင်ဆူညံလာခဲ့သည်။ အကြောင်းက အငယ်ဆုံးသမီးလေနဲ့၊ ချွေးမဖြစ်တဲ့ဂျိန်းကြောင့်ပါ ရုတ်တရက်ကြီး၊ ဘူဆန်ကိုအလည် ခရီးသွားတာကြောင့် တစ်အိမ်လုံးအလုပ်ရှုပ်နေခြင်းပင်။
" သမီး ကိုကို ကနေဒါကို၊ သွားမှာ သွားပါလားကွယ်.."
" ဘူဆန်သွားမယ့် ရထားသာမမှီခဲ့ရင် နောက်တရမှ မေမေရယ်.."
" အမေက တစ်ခါမှမခွဲဖူးတော့ ပြောမိတာပါကွယ်.."
" မငိုပါနဲ့ မေမေကလည်း ၂ပတ်ပဲနေမယ်လေး အဲထက်ပိုမနေဘူး.."
" ဂျိန်းလေ စိတ်ချမယ်နော် ယောင်းငယ်လည်း မဆိုးနဲ့သိလား.."
" ယောင်းငယ်က မဆိုးပါဘူးမေမေရယ် မမဂျိန်းကသာ လိမ်မာနေတာ.."
" ဟားဟား.."
" ယောင်းငယ်ကတော့.."
" အဟုတ်ကြီးပဲလေး မမဂျိန်းရယ်.."
" ဂျိန်း.."
ပြောစရာမလိုအောင် သိသည်။ဒီအသံဟာ ဂျိန်းရဲ့နှစ်ယောက်မရှိတဲ့ 'ကို' ပါ..
" ကို.."
" ကိုယ် စိတ်မချလို့ လီဆာကိုထည့်ပေးလိုက်မယ်။.."
" မလိုပါဘူး ကိုရယ်..ဟိုမှ၂ပတ်လောက်ပဲနေမှ.."
" လိုတယ် မမဂျိန်း.."
" ဂျိန်းရှိနေတာပဲလေး ယောင်းငယ်ရယ် သူများကို တကူတကာကြီး အပင်ပန်းခံပြီး ခေါ်မနေနဲ့တော့နော်.."
" မမလီဆာက အရမ်းချောတယ်။ ဒါကြောင့် ခေါ်သွားမရစေ မမဂျိန်းရယ် နော်နော်.."
" လီဆာ ငါဇနီးလောင်းလေနဲ့ ငါညီမကို ကာကွယ်စောင့်ရှောက်ပေးပါ မင်းရာထူးအတွက် စိတ်မပူပါနဲ့ ငါရာထူးမလျော့ဘူး တစ်ကယ်လို့.."
ဘန်ဘန်ဟာ လီဆာ အနားသို့ ကပ်လိုက်ကာ သူတို့နှစ်ယောက်သာကြားလောက်မည်။ အသံနဲ့ တစ်ခုခုကိုပြောဆိုလိုက်သည်။ လီဆာ ထပ်ပြောဖို့ပြင်လိုက်ပေမယ့်၊ ဘန်ဘန်ဟာ လက်ကာလိုက်ကာ လီဆာကို ပြုံးပြလိုက်သည်။ ထို့ကြောင့် လီဆာလည်း အလေးပြုလိုက်ပြီး ဂျိန်းနဲ့ ယောင်းငယ်ကိုင်ထားသော အဝတ်အိတ်ထုပ်တွေကို ခွင့်ပြုချက်တောင်းကာ ကားပေါ်တင်လိုက်သည်။