" ချယ်ယောင်း.."
" ဟင်.."
ဂျီဆူး အခန်းထဲဝင်မလို့ ပြင်နေတဲ့ ချယ်ကို လီဆာခေါ်လိုက်ကာ ချယ်လက်ထဲ ဖျော်ထားသည့် ခွက်ထည့်ပေးလိုက်၏..
" ဘာလုပ်ဖို့လည် လီဆာ.."
" အာ...ကင်မ်ကိုပေး ပေးပါလား.."
" ကိုယ်ဘာသာကိုသွားပေးလေး လီဆာရာ ငါဆူးဆီသွားမလို့.."
ချယ်ပြောပြီး ဂျီဆူးအခန်းထဲ ဝင်မလို့လုပ်တုန်း ချယ်၏ လက်ကိုလီဆု ဆုပ်ကိုင်လိုက်သည်။
" တောင်းဆိုပါတယ် ချယ်ယောင်း ကင်မ်ကိုပေး ပေးပါ ငါခဏနေ တစ်နေရာကို သွားစရာရှိလို့.."
လည်ပင်းကို လက်နဲ့ပွတ်ကာ ချယ်ကိုမကြည့်ပဲတစ်နေရာရာကို ကြည့်ပြီးပြောသည်။
" ပြီးရော် ပြီးရော် ငါသွားထားပေးမယ်.."
ထိုးပေးထားသည့် ခွက်ကိုယူကာ ဂျိန်း၏ အခန်းဘက်သို့ တက်သွားခဲ့သည်။
🌼
" ပြောစရာရှိတာ အမြန်ပြောလေး လီဆာ ငါတို့နှစ်ယောက်ဒီရောက်နေတာ နာရီဝက်တောင် ရှိပြီး နင်အဲပုံကို ဘယ်ချိန်မှ ချပြီး ငါတို့ကို ပြောပြမှလည်း.."
ဂျီဆူးဘေးနားမှ ရပ်နေသည့် ဆိုဟေးဟာလည်း ခေါင်းညိမ့်၍ထောင်ခံသည်..။
အဲတော့မှ လီဆာဟာ သတိဝင်သွားခဲ့၏..။ ဂျီဆူးဟာလည်း လီဆာအဖြစ်ကို ကြည့်ကာ မသိမသာ သက်ပြင်းချ၏။
" အဟမ်း မနေ့ညက ဘန်ဘန်နဲ့ တွေ့ခဲ့တယ်။.."
" သူဘာလုပ်ခဲ့တာလည်း.."
" တစ်ခုခု လုပ်ခဲ့သေးလာ.."
လီဆာ ခေါင်းခါ၍ ဆိုဟေးကို ကြည့်လိုက်သည်။
" ဒီရက်ပိုင်းတွေထဲ ကင်မ်နဲ့ ချယ်ယောင်းကို သေချာစောင့်ကြည့်ထား ဆိုဟေး.."
" ဟုတ် ဒါနဲ့ အဲကောင်ဘာပြောခဲ့သေးလည်.."
" ဘာမဟုတ်ပါဘူး ဒီတိုင်း တွေ့ခဲ့ရုံပါ စိတ်မပူနဲ့.."
" လီဆာ.."
" ဟင်.."
ဆိုဟေးဆီမှရှိနေတဲ့ အာရုံတွေဟာ ဂျီဆူးဘက်လှည့်လိုက်ပြီး မေးဆက်ပြသည်။