ယောင်း မျက်ရည်တွေကို သုတ်လိုက်ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်၏။ ပြီနောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဂျိန်းကိုပြောဖို့ပြင်လိုက်သည်။
" ယောင်းလည်းအစက မမဂျိန်းလို့ပဲ ဆူး၊ ယောင်းကိုထားခဲ့ပြီ ထွက်သွားတယ်ထင်ခဲ့တာ.."
" အွန်း.."
" လမ်းခွဲနှစ်ခုကြားထဲကို ဝင်သွားခဲ့တာ ခဏလောက်ကြာမှထွက်လာပြီး၊ သစ်သားတုတ်ကို ကိုင်ပြီး ရိုက်လိုက်တာ အဲနှစ်ယောက်ထဲက တစ်ယောက်က မြေမြင်ကိုလဲကျသွားတယ်မမဂျိန်း.."
" တော်ပါသေးရဲ့ ယောင်းငယ်ရယ်၊ ယောင်းငယ် ဘာမဖြစ်တာနဲ့တင် ရနေပါပြီး.."
" ဆူးဒဏ်ရာ ရသွားတယ်မမဂျိန်း ယောင်းကြောင့် ဆူးဒဏ်ရာ ရသွားခဲ့တယ်။.."
" များလာဟင်.."
" လဲကျမသွားတဲ့ တစ်ယောက်က ဆူးမျက်နှာကို ထိုးလိုက်တာ..နှုတ်ခမ်းဒေါင့်မှ ကွဲသွားတဲ့ပုံပဲ ဟင့်ဟင့်.."
ယောင်း ပြောရင်း ထပ်ငိုမိသည်။
" ဘယ်လို့.."
" အဲတာ ဆူးကလည်း ဒေါသမထိန်းနိုင်ပဲ၊ အဲလူရဲ့ ကိုယ်ပေါ်ကို တင်ခွပြီး လက်နဲ့ထိုးတာ၊ အမှောင်ထဲမှမို့ ဆူးထိသွားတဲ့ ဒဏ်ရာတွေကိုမမြင်ခဲ့ရဘူး၊ အိမ်အရှေ့ရောက်မှ မြင်ရတာ.."
ဂျိန်း မနက်ကြရင် ဂျီဆူးကို သွားကျေးဇူးတင်ရမည်။
🌼
မနက်..." လီဆာရာ မလုပ်နဲ့လို့.."
" ခဏပဲ ခဏနေရင်ပြီပြီး.."
ဂျိန်း မနက်စာ စားဖို့ အောက်ထပ်ဆင်းလာရင်း ဧည့်ခန်းဆီက အသံသဲ့သဲ့လေး ကြားတာမို့ ဂျိန်းခြေလှမ်းတွေက သူအလုပ်သူ သိသည်အလား ဂျိန်းပင် မခိုင်းပဲ သူအလုပ်သူ လုပ်၏။
ဂျိန်းသွားနေရင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဂျိန်းခြေလှမ်းတွေ ရပ်တန့်မိသွား၏။ ဂျိန်းဆက်မကြည့်တော့ပဲ ပြန်အလှည့်..
ဒုန်း..
" အာ့.."
ဂျိန်းအနာနဲ့ စားပွဲစောင်းက တိုက်မိသွားတာမို့ အသံအနည်းငယ် ကျယ်မိသွားသည်။