လီ ဂျိန်းရှေ့မှ ဒူးထောင် ထိုင်ချလိုက်ကာ ဂျိန်းရဲ့ ပခုံကို လှုပ်ရန်လိုက်သည်။
" ကင်မ်!.."
" မျက်လုံးဖွင့်ကြည့်ပါအုံး ကင်မ်ရယ်.."
" လီပါ လီကို တွေ့ရတယ်မလား.."
တစ်ဖြေးဖြေး လီဆာကို မော့ကြည့်လာခဲ့၏။
" လီ လီဆာလား?.."
" ဟုတ်တယ် လီပါ လီမှာ လီအစစ်.."
" အဟင့်..ထားခဲ့ ဟင့် ထားခဲ့ပြီးထင်တာ.."
" သွားရအောင် ဂျီဆူးတို့စောင့်နေတာကြာပြီး.."
" ဟင်အင်း မသွားဘူး မသွားတော့ဘူးလို့.."
" ကင်မ်..လီရှိတယ်လေးနော် လီကင်မ်ဘေးနားမှာ ရှိတယ်.."
ဂျိန်းရဲ့ မျက်ရည်တွေကို သုတ်ကာပြောသည်။ဂျိန်းသာအမြင်မမှားရင် အဲရေသေလို့မျက်ဝန်းမှာ နွေးထွေးမူတွေပြည့်နေတာ အသေချာပဲ..
" လီ လက်ကိုကိုင်ထား.."
ဂျိန်း ကမ်းပေးသည့် လက်ကိုကြည့်ပြီး လီဆာ၏။မျက်ဝန်းကို နောက်တဖန် ပြန်မော့ကြည့်ကာ၊ ကမ်းထားသော လက်ကို ဆွဲလိုက်၏။
🌼
" ကင်မ်.."
" ဟင်..ဟင့်.."
" ကင်မ်ငိုနေတာ ဒေစီတွေသာသိရင် သူတို့ လီကို အရမ်းဆူကြမှသိလား.."
" ဘာအဟင့် ဘာဆိုင်လို့လည်း.."
" ကင်မ်က ဒေစီတွေရဲ့ သခင်လေး.."
" လီ လီဆာနော်.."
" တစ်ကယ်ပြောတာ ကင်မ်ရယ်.."
" ဘာတွေ ပြောမှန်းလည်းမသိဘူး.."
ဂျိန်း မျက်ရည်တွေကြားကနေ ပြုံးမိသည်။
" ကင်မ်.."
" အင် ပြောလေး.."
" ရော့ ဒါလေး ယူထား.."
အဝါရောင် ပုဝါလေး ဂျိန်းကို ကမ်းပေးကာ လီဆာက ပြောသည်။
" ဘာလုပ်ဖို့လည်းဟင်.."
" ရုပ်ရှင်ကြည့်မှဆိုတော့ ကင်မ် လိုအပ်လိမ့်မယ်.."
" ရုပ်ရှင်ကြည့်မှလေး ပုဝါက ဘာလို့လိုအပ်ရမှာလည်းဟင်.."