" ဆိုဟေး.."
" ရှင်.."
" ဆိုဟေး.."
" ရှင့်လို့..."
" ဆိုဟေး.."
" မမဂျိန်း ဒီမှာထိုင်ပြီး ဆိုဟေးနာမည်ကို ခေါ်နေတာ အခါ၁၀၀ပြည့်တော့မယ် မမဂျိန်း ဘာဖြစ်ချင်းတာလည်း.."
ယောင်မကို ကိုင်ကာ ဂျိန်းဘက်လှည့်လာပြီး လူကြီးတစ်ယောက်လိုပြော၏။ ဟုတ်ပါရဲ့ ဂျိန်း ထမင်းစားပွဲမှာထိုင်ပြီး ဆိုဟေးကို အကြောင်းပြချက် မရှိပဲခေါ်နေမိတယ်။
" ဟိုဟာ....လီ လီဆာဘယ်သွားလည်းမေးဖို့.."
" အော်....အစ်မ လီဆာလား ဈေးဘက်သွားတာနေမယ်.."
" ဈေး?.."
" မမဂျိန်းတို့ဖို့ ဆိုပြီးထွက်သွားတာ အခုထိမလာသေးဘူး ကြည့်ရတာ အစ်မဆိုယွန်းနဲ့ တွေ့နေပုံပဲ.."
" နာယွန်း?.."
" အာ....အစ်မ လီဆာကို ငယ်ကတည်းက ကြိုက်နေတာလေး.."
" ငယ်ကတည်းက?.."
" ဟုတ်တယ်.."
" ဒါဖြင့် ဂျီဆူးက သဝန် မတိုဘူးလာ.."
" သူဌေးက ဘာကိုသဝန်တိုရမှာတုန်းမမဂျိန်းရယ်.."
" လီဆာကိုလေး သူတို့နှစ်ယောက်က ချစ်နေကြတာမလား.."
" အော်.......ဟမ်!.."
ဆိုဟေး အံသြတကြီး ဂျိန်းဘက်ကိုလှည့်ကြည့်မိသည်။
" ဘာလို့လည်း ဆိုဟေးရယ်..."
" ဘယ်သူ က ဘယ်သူကိုချစ်နေတာ.."
ဂျိန်း မျက်ခုံကျုံ့လိုက်ကာ ဆိုဟေးကိုပြန်ဖြေမိသည်။
" ဂျီဆူးနဲ့ လီဆာက ချစ်သူတွေမဟုတ်ဘူးလာ.."
" မမဂျိန်းရယ် ငရဲကြီးကုန်တော့မှာပဲ.."
" ဘာလို့လည်း.."
" သူဌေးနဲ့ အစ်မ လီဆာက ညီမတွေ လိုပဲ အစ်မလီဆာမှာလည်း ချစ်တဲ့သူမရှိဘူး သူဌေးမှလည်း ချစ်တဲ့သူမရှိဘူး.."
" လီဆာမှာ ချစ်တဲ့သူမရှိဘူး?.."
ဂျိန်း ပျော်မိ၏။ တဆက်ထဲ မနေ့တုန်းက တွေ့ခဲ့ရတဲ့ အဖြစ်ပျက်ကို ဆိုဟေးဆီ မေးခွန်းထုတ်မိသည်။