{ 10 🌻 }

147 17 7
                                    

အဲတာတွေ သိပြီးကတည်းက လီဆာရဲ့ မျက်နှာကိုမတွေ့ရတာ ဂျိန်းအတွက် အတော်လေးနေရခက်သည်။ တစ်ကယ်လို့တွေ့ရင်တောင် လီဆာကအရင်ရှောင်သွားတတ်သည်။ ယခုလည်း မဂ်လာပွဲသွားချိန် နီးနေတာတောင် လီဆာကို မတွေ့ရသေးပေ။

ဂျိန်း မစောင့်နိုင်တော့တဲ့အဆုံး ထရပ်လိုက်ကာ လီဆာ၏အခန်းရှေ့၌ သွားဖို့လုပ်လိုက်သည်။

ဂျက်...

ဂျိန်း ဟာလီဆာ၏ ခြောက်လက်မ အကွာလေးမှာပါ၊ ဆံပင်အတိုလေးကို လိပ်တင်ကာ အဖြူမဲကွက်ကြားအင်ကျီလက်ရှည်နဲ့ စကပ်အရှည်တွဲဝတ်ထားတဲ့ လီဆာဟာ သိပ်လှ၏။ အနှေးပြကွက်တွေထဲမှာ ဂျိန်းတို့ ရွေ့လျားနေသလို့၊ ခံစားရ၏။ ဂျိန်း လီဆာနားသို့ သွားလိုက်ကာ ဂျိန်းသဘောကျသည့် မျက်ဝန်းအပြင်၊ မျက်ဝန်းအောက်က မဲ့နက်လေးကို ဂျိန်းကြည့်နေမိသည်၊ တဆက်ထဲဂျိန်း မျက်ဝန်းတွေ လီဆာ၏ ဖျော့တော့နေတဲ့ နှုတ်ခမ်းဆီ ရောက်သွားခဲ့သည်။

လီဆာဝတ်ထားသည့် အင်ကျီစကို၊ ဂျိန်းအရပ်နဲ့ကွက်တိ ဖြစ်အောင် ဆွဲချလိုက်သည်။ ပြီနောက် အရာအားလုံးရပ်တန့်သွား၏။

" အွတ်.."
တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

လေးစက္ကန့် ပြည့်တော့မှာ ဂျိန်းဟာ လီဆာ၏ နှုတ်ခမ်းကို လွှတ်လိုက်သည်။

" နှုတ်ခမ်းက အရောင်မရှိလို့ အရောင်ခြယ်ပေးတာ သွားရအောင်၊ တို့မင်းကို စောင့်နေတာကြာပြီး.."

ဒေစီတွေက လူကိုအရူးလုပ်ရတာ သိပ်ကြိုက်ပုံပဲ..။

🌼

ဘန်ဘန်က ဂျိန်း မဂ်လာခမ်းမထဲရောက်နေတာတောင် မသိသေးသည်ပုံပင် နာယွန်းကို လက်ထပ်ရလို့ အရမ်း စိတ်လှုပ်ရှားနေသယောင်။

( A/Nမဂ်လာကိစ္စတွေကို ဘယ်လို့စီစဥ်ကြလည်းတော့ကျွန်တော်မသိဘူး ကျွန်တော်အရင်က ကြည့်ဖူးတဲ့ ဇာတ်ကားထဲကနေ ယူထားလိုက်တာ။..)

" သတိုးသားနဲ့ သတိုးသမီးနေရာယူပေးပါ.."

ဖာသာ့စကားအဆုံး ဘန်ဘန်နဲ့ နာယွန်းဟာ မျက်နှာချင်းဆိုင်လိုက်ပြီး၊ တစ်ကိုတစ်ယောက် ကြင်နာသည့် မျက်ဝန်းများနှင်၊ ကြည့်နေကြသည်။

𝐿𝑜𝑣𝑒 𝑠𝑡𝑜𝑟𝑦Where stories live. Discover now