ဒေါက် ဒေါက် ဒေါက်
" ကင်မ် ထမင်းစားရအောင်.."
.....
" ထမင်း မစားပဲနေရင်း ကျန်းမာရေး ထိခိုက်လိမ့်မယ်။ ကင်မ် လီနဲ့ ဂိမ်းကစားချင်းတယ်ဆိုရင် ကျန်းမာဖို့လိုလိမ့်မယ်.."
.....
ဟုတ်တယ် ဂျိန်းကျန်းမာနေမှာဖြစ်မယ်။ မဟုတ်ရင် ရန်သူက ကိုယ်ကို့အနိုင်ယူသွားလိမ့်မယ်။ ဂျိန်းတွေးကာ ထရပ်လိုက်သည်။ ပြီနောက် တံခါးကို ဆွဲဖွင့်လိုက်ကာ အရှေ့မှာရပ်နေသည့် လီဆာကို ခေတ္တကြည့်ပြီး အောက်ထပ်သို့ ဆင်းရန်ပြင်လိုက်သည်။
🌼
" စိတ်ပူလိုက်ရတာ မမဂျိန်းရယ်.."
ဂျိန်း လှေကားထပ်ကနေ ဆင်းရင် နောက်ဖေးသို့ ဝင်ဝင်ချင်း ကြားရသည့် ဆိုဟေး၏အသံ..
ဆိုဟေး ဘာကို စိတ်ပူလည်း ဂျိန်းသိပါတယ်။ ဂျိန်း မနေ့ကတည်းက ထမင်းမှာမစားတာ..
" ဘာမဖြစ်ပါဘူး ခါတိုင်းလည်း အဲလို့နေ နေကြပဲ.."
" အစ်မလီဆာ ဘယ်သွားမလို့လည်း.."
ဆိုဟေး ပြောလို့ အနောက်လှည့်ကြည့်၌ လီဆာဟာ မိန်းကလေးဆန်ဆန်ဒူဖုံး ဂါဝန်အမဲလေးကိုဝတ်ထား၏။ လက်ထဲ၌ ဦးထုပ်ကို ကိုင်ဆောင်ကာ ဂျီဆူးနဲ့အတူ တစ်နေရာရာကို သွားဖို့ လောနေပုံ..
" အပြန် နောက်ကျမယ် ဆိုဟေး တံခါးကို သော့မခတ်ခဲ့နဲ့.."
" ဟုတ်ကဲ့.."
ထို့မျာသာ ပြောပြီး ကားနဲ့နှစ်ယောက်သား ထွက်သွားခဲ့တယ်။ ဂျိန်း နောက်ဖေး ဖန်သားပြင်ကနေ မြင်နေရတဲ့ တရွေ့ရွေ့ ဝေးကွာသည့် လီဆာ၏။ ကျောပြင်ကို ဂျိန်းငေးကြည့်နေမိသည့်။ ခဏက ဦးထုပ်အမဲလေးနဲ့ သူလက်က ပတ်တီးအဖြူလေးကို ဖုံးနေတာ မြင်ပါရဲ့။
" မမဂျိန်း.."
" မမဂျိန်း.."
" မမဂျိန်း!.."
" အင် ဆိုဟေး ဖြေးဖြေးခေါ်လည်း ရပါတယ်.."
" ဆိုဟေးခေါ်နေတာ ကြာပြီးကို.."
နှုတ်ခမ်းကို စူကာဂျိန်းကို ပြောနေသည့် ဆိုဟေး၊ ဒီလောက် အပြစ်ကင်းတဲ့ ကလေးမတစ်ယောက်ကို ရေထဲ မျောပြီး လူစားလဲလိုက်သည့်တဲ့၊ ဂျိန်း သိပ်လေးစားရတဲ့ ဆိုလ်းမြို့ရဲ့ သခင်မကလေး..