မြို့ပြင်အနည်းငယ်ရောက်နေသည့်။ ဒုတ္ထလီခင်းဟာ ယောင်းမထင်ထားလောက်တဲ့၊ အထိလှသည်။ယောင်းအမေက ဂျပန်သူပါ နောက်တော့ဂျပန်ကို အလည်လာတဲ့ ဆိုလ်းက အဖေကိုချစ်မိသွားပြီး အိမ်ကိုအတိုက်ခိုက်လုပ်ကာ အဖေပိုင်တဲ့ ဆိုလ်းမှလိုက်နေခြင်းပင်။ အဖေပိုင်တဲ့ ဆိုလ်းမှာ ပန်းဆိုတာ ဘာမှန်းတောင် ယောင်းမသိပါ..
" ဆင်းလို့ရပြီး.."
" ဒုတ္ထလီပန်းမှာ ဆုတောင်းရင်ပြည့်တယ်ဆိုတာ ဆူးသိလားဟင်.."
" တို့ ဘယ်သိမလည်းကွယ်.."
ဂျီဆူးဟာ သူပါလာတဲ့ ပစ္စည်းတွေကို ကားပေါ်ကနေ ချရင်းပြောလိုက်သည်။
" ကျွန်မ သယ်ကူရမလားဟင်.."
" ဖြစ်နိုင်ရင်ပေါ့.."
ဂျီဆူး ယူလာသည့် ပစ္စည်းက တစ်ခြားဟာမဟုတ်ပေ။ ပန်းချီဆွဲတံတွေဖြစ်သည်။
" ပန်းချီ ဆွဲမို့လားဟင်.."
" အင် ဟုတ်တယ်.."
" ကျွန်မပုံ ဆွဲပေးပါလား.."
အရိပ်ရသစ်ပင်အောက်သို့ သွားနေသည် ဂျီဆူး ခြေလှမ်းတွေဟာ ရပ်တန့်သွားခဲ့ပြီ.. ယောင်းဘက်ကို လှည့်ကြည့်မိသည်။
" ဟို.....မရရင်လည်း မဆွဲပါနဲ့ ကျွန်မကပြောကြည့်တာပါ.."
" အင်.."
ခဏအကြာ သစ်ပင်အောက်သို့ရောက်သွားခဲ့သည်။ယောင်းတို့ လျောက်လာသည် သစ်ပင်ဟာတောင်ကုန်းဘက်နည်းနည်းရောက်သည့်မို့ ယောင်းဘက်ကနေကြည့်ရင် ဒုတ္ထလီပန်းခင်း တပြင်လုံးမြင်ရသည်။
" ဆူး.."
.....
ယောင်း ဆူးဆီက တုန့်ပြန်သံမကြားတာမို့၊ လှည့်မိလိုက်တဲ့အခါ ပန်းချီဆွဲမယ် ပစ္စည်းတွေကို၊ နေရာတကျချလိုက်ပြီး ဘယ်တုန်းက ယူလာမှန်းမသိတဲ့၊ ထိုင်ခုံအသေးလေ ယူထုတ်ကာ ထိုင်နေပြီဖြစ်သည်။ ပန်းချီစဆွဲမလို့ ပြင်နေသည်ပုံပင်။
ယောင်းလည်း ဆူး၏ဘေးနားသွားပြီး မြစ်ခင်းပြင်မှာ ထိုင်ချလိုက်သည်။
" ဆူး.."
" အင်.."
" ကျွန်မနာမည် ပတ်ချယ်ယောင်းပါ.."