ဂျိန်း အိမ်ရောက်ပါပြီး သို့သော်၊ ဂျိန်း မွေ့ယာပေါ်မှ ထိုင်ကာ ဖြစ်ပျက်သွားသည့် အရာအားလုံးကို စဉ်းစားနေမိသည်။
" မမဂျိန်း.."
" ယောင်းငယ်.."
နှစ်ယောက်စလုံး တစ်ပြိုင်ထဲ ခေါ်မိသွားကြ၏။
" မမဂျိန်းအရင်ပြောပါ.."
" ယောင်းငယ် အရင်ပြောပါ.."
ထပ်တူကျသွားသည့် စကားပင်
" ပြောလေး ယောင်းငယ်ဘာပြောချင်းလို့လည်း.."
" ဟင်အင်း မမဂျိန်းပြောပါ.."
" အရင်ဆုံး မမဂျိန်းလို့ မဟုတ်ပဲ ကင်မ်လို့ခေါ်ကြည့် ယောင်း.."
" ကင်မ်.."
ဂျိန်း နှလုံးခုန်နှုန်းကိုနားထောင်နေမိသည်။ ပုံမှန် ပုံမှန်ပဲ
" လက်ကို ကိုင်ကြည့်.."
ယောင်းဟာ ဂျိန်းပြောပြီပြီးချင်း ဂျိန်းလက်ကိုကိုင်လိုက်သည်။
ဒါလည်း ပုံမှန်ပဲ..ဘာတွေလည်း ဘာတွေဖြစ်ချင်းနေတာလည်း.." ဘာမှ ပြောစရာမရှိရင် ယောင်းပြောမယ်နော် မမဂျိန်း.."
ဂျိန်း သက်ပြင်းတစ်ချက်မသိမသာချကာ ခေါင်းညိမ့်လိုက်သည်။
" မမဂျိန်း တစ်ယောက်ယောက်ကို ချစ်နေမိပြီးလာ.."
" မ မချစ်ပါဘူး ယောင်းရယ်.."
" လူက လိမ်လို့ရပေမယ့် မျက်လုံးက လိမ်လို့မရဘူးထင်တယ်.."
" ချစ်တယ်ဆိုတာ ဘာမှန်းတောင်မသိပါဘူး ယောင်းရယ်.."
" ယောင်းပြောပြမယ်လေး.."
" ယောင်းမှာ ချစ်ရသူရှိနေပြီးပေါ့.."
" ဟီးဟီး ဟုတ်တယ်.."
" ကဲပြောပါအုံး အချစ်ဆရာမကြီးရယ်.."
" အချစ်ဆိုတာ ရိုးရှင်းတယ် မမဂျိန်း သူကို မြင်နေရရင် အလိုလိုပြုံးနေမိတာမျိုး သူကိုယ်ဘေးနားရှိရင် လုံခြုံတယ်ခံစားရတာမျိုး သူပြုံးနေရင် ကိုယ်လည်းပြုံးနေတတ်တာမျိုး သူတခြားတစ်ယောက်နဲ့ရှိရင် မကြိုက်တာမျိုးတွေ သူကို မမြင်ရရင် မနေတတ်တာမျိုး.."