အပိုင်း(၁၆)Unicode

418 22 2
                                    

တိုက်ခန်းအောက် သုံးယောက်စလုံးတိတ်ဆိတ်နေသည်။တရှုးရှုးတရှဲရှဲဒေါသထွက်နေသည့်ကောင်လေးနှင့် ရင်ခွင်ထဲငြိမ်သက်နေသည့် ပန်းငယ်လေးတစ်ပွင့်အား သူဆက်မစချင်တော့။

"ကဲကဲ...ဒေါသထွက်နေတဲ့ကြောင်ပေါက်လေးလိုလုပ်မနေနဲ့ကောင်လေး....ကိုယ်စကားအကောင်းပြောဖို့အတွက် မင်းတို့ဆီလာခဲ့တာ"

ထိုလူကပြောရင်း ခပ်တည်တည်ပင်ချို့အားလက်ကနေဆွဲလို့ တိုက်ခန်းပေါ်တက်သွားလေသည်။ချမ်းမြှေ့ကြောင်နေရင်းမှ ရုတ်တရက်သတိပြန်ဝင်လာကာ ထိုလူနှင့်ချို့နောက်လိုက်သွားရတော့သည်။

ထိုလူက ခပ်တည်တည်ပင် တံခါးသော့မခတ်ထားသည့် ချိုရဲ့တိုက်ခန်းအတွင်းဝင်လို့ ထိုင်ခုံထက်ဝင်ထိုင်လိုက်သေးသည်။

"လာ...ကိုယ့်ဘေးလာထိုင်ကောင်လေး"

အောင်ခန့်ကျော်အဆိုနှင့် ဆန့်ကျင်စွာ  ချမ်းမြှေ့က ထိုလူရဲ့ရှေ့ကထိုင်ခုံထက်ဝင်ထိုင်လိုက်သည်။ဒါကိုထိုလူက သဘောတကျပြုံးလာသည်။

"ကိုယ်အခုfashionနဲ့ပတ်သတ်တဲ့လမ်းကြောင်းထဲ လျှောက်ကြည့်ဖို့ ကြိုးစားနေတယ်....စီးပွားရေးနယ်မြေချဲ့ထွင်တဲ့သဘောမျိုးပေါ့...အဲဲဒါမင်းသူငယ်ချင်းဖြစ်သူကို မော်ဒယ်အဖြစ်လုပ်မလားဆိုပြီးလာမေးတာ...မင်းကတော့ ကိုယ့်ကိုငြင်းထားတော့မပါဘူးပေါ့"

ချိုကထိုလူပြောသမျှကို နားထောင်နေရင်းမှ မော်ဒယ်အဖြစ်ကမ်းလှမ်းသည်ဆိုတာလည်းပါရော ချက်ချင်းကိုမျက်ဝန်းများကအရောင်လဲ့လာသည်။

"ချို့ကိုခင်ဗျားကဘယ်လိုသိတာလဲ...ချိုနဲ့ဆုံဖူးလို့လား"

"ဒါကတော့လွယ်ပါတယ်ကောင်လေးရ...နာမည်ကြီး ညဥ့်ငှက်မလေးတစ်ယောက်ကို ကိုယ်ကမသိဘူးဆိုရင်တော့ ဒါကိုယ့်အလွန်ဖြစ်သွားမှာပေါ့မဟုတ်ဘူးလား"

ထိုလူရဲ့စကားအဆုံး ပျော်နေတဲ့ချို့ရဲ့မျက်နှာလေးကချက်ချင်းညှိုးကျသွားတော့သည်။

သူမ၏ငယ်ငယ်ကအိမ်မက်က ရုပ်ရှင်သရုပ်ဆောင်၊မော်ဒယ်ဖြစ်ချင်ခဲ့တာ။သရုပ်ဆောင်အလုပ်ကိုဆို သူမသိပ်ကိုရူးသွပ်ခဲ့ရတာ။ဒါပေမယ့်လည်း သူမအိမ်မက်တို့အား အကောင်အထည်ဖော်ခွင့်မရခဲ့။ယခု သူမရှေ့ကလူက သူ့အားမော်ဒယ်အဖြစ်လာကမ်းလှမ်းသည်ဟုပြောသည်လည်းကြားရောသူမဝမ်းသာစွာလက်ခံပစ်လိုက်ချင်သည်။ဒါပေမဲ့ထိုလူရဲ့ နောက်ထပ်ပြောလာတဲ့စကားမှာ သူမအိမ်မက်တို့ထပ်ပြီးရိုက်ချိုးခံလိုက်ရသလိုမျိုး။သူမအရင်ကမကောင်းတာလုပ်ခဲ့တဲ့သူဆိုတာ မေ့သွားခဲ့တာကို ထိုလူကသတိပြန်ဝင်အောင်လုပ်ပေးလိုက်သလိုပင်။ရိုးရိုးသားသားတတ်သစ်စမော်ဒယ်လေးတွေတောင် ဆွဲချရိုက်နှက်သည့်ဒဏ်ကိုခံနေရတာ သူမလိုအစကတည်းက အနာအဆာတွေနဲ့ပြည့်နှက်နေသည့်မိန်းကလေးတစ်ယောက်ကို ဆွဲချဖို့ဆိုတာလွယ်လွယ်လေးပင်မဟုတ်လား။

"ချို...နင်လုပ်မလို့လား"

သူငယ်ချင်းမဖြစ်သူတစ်ယောက် အနုပညာအပေါ်ဘယ်လောက်တောင်ရူးသွပ်သည်ကို ချမ်းမြှေ့အသိဆုံးဖြစ်သည်။

"ငါမလုပ်ရဲဘူးချမ်းမြှေ့....ငါဝေဖန်ဒဏ်တွေကိုလည်းမခံနိုင်ဘူး"

ချိုကကြောက်လန့်တကြား အငြင်းစကားပြုလာသည်။

"ဟ...မင်းဟာကမဟုတ်သေးဘူးလေ...ဘယ်အလုပ်မဆို စစချင်းမှာတော့အတိုက်အခိုက်တွေ၊ဝေဖန်ဒဏ်တွေဆိုတာရှိတာပဲမဟုတ်ဘူးလား...မင်းအဲ့ဒါတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်ဆိုရင် အနုပညာလောကမှာ မင်းကနေရာကောင်းတစ်ခုသေချာပေါက်ရနိုင်တယ်ကလေးမ"

အောင်ခန့်ကျော်အပြောကြောင့်ချိုကတွေဝေသွားဟန်ပြုသည်။

"ငါလုပ်ကြည့်ရမလားချမ်းမြှေ့"

"ငါကတော့နင့်သဘောပဲချို...နင်ငြင်းချင်ရင်လည်းပြတ်ပြတ်သားသားငြင်းနိုင်သလို နင်လက်ခံလိုက်မယ်ဆိုရင်လဲ ငါကနင့်ဘက်မှာအမြဲဝန်းရံပေးနေမှာ"

ချမ်းမြှေ့အပြောကြောင့် ချိုကအားကလေးပြန်ရလာကာ ထိုလူကမ်းလှမ်းချက်ကိုလက်ခံလိုက်တော့သည်။

"ချိုတစ်ခုလောက်မေးလို့ရမလားအစ်ကို"

ချို့အပြောကို အောင်ခန့်ကျော်ကသဘောတကျပြုံးကာ ပြောလေဆိုသောသဘောနှင့်မေးဆတ်ပြသည်။

"ဒီလောက်ပြီးပြည့်စုံတဲ့လူတွေအများကြီးထဲက ဘာလို့အပြစ်အနာအဆာတွေရှိတဲ့ချို့ကိုမှလဲဟင်"

"မင်းမှာအပြစ်အနာအဆာရှိတာမှန်ပေမယ့် လူတိုင်းကအတိတ်မှာဖျောက်ဖျက်မရတဲ့ အမဲစက်ဆိုတာရှိတတ်ကြပါတယ်...အမဲစက်ရှိနေရုံနဲ့ ဘဝကြီးကိုကောင်းမွန်တဲ့လမ်းကြောင်းပေါ်မလျှောက်လှမ်းနိုင်ဘူးလို့မထင်လိုက်နဲ့ကလေးမ...အတိတ်ဆိုတာအတိတ်မှာထားခဲ့လိုက်....အမှတ်တရအချို့ကလွဲရင် ဖြစ်ပြီးသွားတဲ့ အတိတ်ရဲ့အကြောင်းအရာတို့ကို အတိတ်မှာသာထားပြစ်ခဲ့လိုက်...မင်းအနာဂတ်မှာရှေ့ဆက်လျှောက်ရမယ့်လမ်းကြောင်းတွေကအများကြီး...မင်းလိုလူမှာလဲ အောင်မြင်မှုဆိုတဲ့အရာကိုဆွတ်ခူးနိုင်တဲ့ အရည်အချင်းတွေရှိပါတယ်...ကိုယ်မင်းကိုလုပ်နိုင်မယ်လို့ယုံကြည်လို့ကမ်းလှမ်းခဲ့တာကလေးမ"

ချမ်းမြှေ့ပြီးရင် သူမအပေါ်ယုံကြည်ပါတယ်ဟုပြောဖူးတဲ့ ပထမဆုံးသူစိမ်းတစ်ယောက်ကြောင့် ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းကြောင်းပေါ် ယုံကြည်ချက်တို့ရှိလာပြီဖြစ်သည်။

☁☁☁☁☁

မနက်ဖြန်ကစပြီး သွင်ဒါလေးကိုdaliy updateလေးကနေ တစ်ရက်ခြားတစ်ခါလေးအဖြစ်ပြောင်းလဲအပ်ပေးပါ့မယ်ရှင်☁

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now