"ချမ်းမြှေ့"
ချိုတိုက်ခန်းထဲဝင်ဝင်ခြင်း ချမ်းမြှကေ့အိမ်ထဲရောက်နှင့်နေကာ မနက်ကချက်ထားသည့် ကြက်သားဟင်းနှင့်ထမင်းစားနေလေသည်။
"လာချို...ငါနင့်အတွက်ပြင်ပေးထားတယ်"
ချိုလည်းဘာမှမပြောပါဘဲ အိပ်ခန်းထဲဝင်လို့ ရေမိုးအရင်ချိုးကာ အဝတ်အစားအရင်လဲလိုက်သည်။တစ်နေကုန်လေ့ကျင့်ထားတာမို့ လူကချွေးတွေနဲ့ အနံ့အသက်သိပ်မကောင်းသလို နုန်းလဲနုန်းလို့နေသည်။
ရေမိုးချိုးလို့အပြီး ဆံပင်သေချာဖြီးကား ခေါင်းစည်းလို့ မီးဖိုချောင်ထဲဝင်သွားလိုက်သည်။သူ့အတွက်သေချာခူးခပ်ပေးထားသည့် ထမင်းပန်းကန်လေးကိုကြည့်လို့ ချိုလည်းစားပွဲထက်ဝင်ထိုင်လိုက်ပါတော့သည်။
"အမယ်အကုန်သေချာကိုပြင်ဆင်ပေးထားပါလား"
"ဒါပေါ့...နင်ကမော်ဒယ်ဖြစ်လာတော့မယ်ဆိုတော့ ငါကကြိုပြီးဖားထားရမယ်လေ"
ချမ်းမြှစေ့ကားကိုချိုက တခစ်ခစ်ရယ်သည်။
"တော်ပါ...ဒီအချိန်ကြီးဘာလာလုပ်တာလဲ"
"ငါနင့်ကိုကြွားစရာရှိလို့"
ချိုက'ဘာများလဲ'ဆိုတဲ့သဘောမျိုးဖြင့် မော့ကြည့်လာသည်။
"ဒန်ဒန်ဒန်"
ချမ်းမြှကေ့ သူ့ညာဘက်လက်ကလေးကိုမြှောက်ပြလို့ ခါးယမ်းပြသည်။
"ဟယ်...လှလိုက်တာ...ဘယ်ကဝယ်လာတာလဲ"
"ဝေယံပေးတာ...နင်သိလားချို...ဝေယံကလေသူမနက်ကဆိုင်အတွက်လိုတာတွေသွားဝယ်ရင်း ဈေးထဲမှာ အဘွားကြီးတစ်ယောက်က ဒီလိုပစ္စည်းတွေလာရောင်းတာတွေ့လို့ ငါ့အတွက်ဝယ်လာပေးလာတာတဲ့မလှဘူးလားချို"
"ဒီလိုပစ္စည်းကိုဈေးထဲမှာဘယ်အဘွားကြီးကလာရောင်းမှာလဲ"
"ဝေယံပြောတာတော့ အဘွားကြီးတစ်ယောက်လာရောင်းတာတဲ့"
"အေး...နင်ပဲယုံနေလိုက်အဲ့မှာသိလား...ဒီလောက်တန်ဖိုးကြီးပစ္စည်းကို ဘယ်အဘွားကြီးကများဈေးထဲမှာလာရောင်းမှာလဲ...အဲ့ဒါဝေယံကနင်သူပေးတဲ့လက်ဆောင်မယူမှာစိုးလို့ လိမ်တာနေမှာပေါ့"
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"