မနက်ခင်းထွက်လာတဲ့နေရောင်ခြည်ရဲ့အပူရှိန်ကြောင့် ချိုကဝတ်ထားတဲ့အနွေးထည်အပါးလေးကိုချွတ်လို့ လက်မှာပိုက်ထားလိုက်သည်။ပထမဆုံးပွဲဦးထွက်မို့ စိတ်လှုပ်ရှားမှုတို့ကြောင့် လက်ချောင်းလေးတွေတုန်ရီနေသလို နဖူးအဆက်နား၌လည်း ချွေးစလေးများစို့နစ်နေသည်။
"အဆင်ပြေလားချို...အရမ်းစိတ်လှုပ်ရှားမနေနဲ့သိလား...နင်အကောင်းဆုံးလုပ်နိုင်မှာပါ"
ချမ်းမြှေ့ကချိုစိတ်လှုပ်ရှားနေတာကိုသိတာမို့ တစ်လျှူးစကမ်းပေးရင်း ဆိုလာသည်။အစ်ကိုကတော့ အလုပ်ရှုပ်နေကာ အခုထိသူမကိုစကားလာမပြောသေး။
"အေးပါဟယ်"
ချိုကချမ်းမြှေ့ကတစ်လျှူးစအားယူလို့ မျက်နှာနုနုလေးထက်ခပ်ဖွဖွလေးသုတ်လိုက်သည်။မိတ်ကပ်များလိမ်းခြယ်ကာ ပြင်ဆင်ထားသောချိုက ချမ်းမြှေ့မျက်လုံးထဲတွင်တော့ အလှဆုံးပင်။
"နင်အရမ်းလှတယ်သိလားချို...ငါနင့်အတွက်အရမ်းဂုဏ်ယူရတာပဲ"
အစ်ကိုတစ်ယောက်ကညီမတစ်ယောက်ရဲ့အောင်မြင်မှုအား ဝမ်းသာပိတိဖြစ်ရသလိုမျိုး ချမ်းမြှေ့ကလည်း ထိုသို့ဖြစ်နေလေသည်။
"ဝေယံရောချမ်းမြှေ့...သူမလာဘူးလား"
"လာမယ်ပြောတယ်ချို...ဒါပေမဲ့နည်းနည်းတော့နောက်ကျမယ်ထင်တယ်"
ပြောရင်းဆိုရင်းအသက်ရှည်ပေအုံးမည်။ဝေယံက ဆိုင်အတွင်းဝင်လာကာ လက်ထဲမှာလည်းပန်းစည်းအသေးလေးကို ကိုင်လာသည်။
"Congratulations!ချို...ရော့ဒါကနင့်အတွက်"
လက်ထဲကပန်းစည်းအသေးလေးအား ကမ်းပေးတော့ ချိုကလှမ်းယူရင်း မျက်နှာထက်လည်းဖုံးဖိမရနိုင်သော အပြုံးတို့ကဝေဆာနေသည်။
ဝေယံကချမ်းမြှေ့ဘေးဝင်ထိုင်လို့ ပွဲပြင်ဆင်မှုကိုသေချာကြည့်နေလေသည်။
"ဝေယံမင်းသိလား...အဝင်တံခါးဝနားမှာချိတ်ထားတဲ့ပန်းချီကားကြီးကလေ ကိုအောင်ခန့်ကျော်လန်ဒန်ကနေမှာထားတဲ့ပန်းချီကားတဲ့....မြန်မာငွေသိန်းနှစ်ထောင်ကျော်တယ်ပြောတယ်...ဒါပေမဲ့မင်းဆိုင်မှာချိတ်ထားတဲ့ပန်းချီကားချပ်လေးလောက်တောင်အသက်မဝင်ဘူးနော်"
ချမ်းမြှေ့ကဝေယံနားနားဆီကပ်လို့ ခပ်တိုးတိုးအတင်းတုတ်သည်။ဝေယံကသဘောတကျပြုံးလာကာ
"ဒါကတော့ပန်းချီအပ်တဲ့ငါတော်တာဖြစ်မှာပေါ့"
ဝေယံကဝံ့ကြွားစွာ ပြောလာသည်။နှစ်ယောက်သားတတွတ်တွတ်ပြောနေသော ချမ်းမြှေ့နဲ့ဝေယံကြား ချိုကဘေးလူပိုကြီးသာ။
"ချို...ကိုယ်နဲ့လိုက်ခဲ့ဝတ်စုံတစ်ချက်ပြန်စစ်ရမယ်"
ဘယ်ကမှန်းမသိတဲ့အောင်ခန့်ကျော်ကထွက်လာကာ ချို့ကိုလာခေါ်သည်။စင်ပေါ်မတတ်မှီ ချိုဝတ်ဆင်ထားတဲ့ဝတ်စုံအား တစ်ချက်သေချာပြန်စစ်ရန်လာခေါ်ခြင်းပင်။
ချိုကထိုလူနောက်ပါသွားကာ သူရယ်၊ဝေယံရယ်သာ ကျန်ခဲ့လေသည်။ဘာစကားမှလည်းထပ်မဆိုဖြစ်တော့ပါဘဲ တိတ်ဆိတ်နေလိုက်တော့သည်။
ပွဲအစီအစဥ်ကစလို့နေပြီဖြစ်သည်။သို့သော်ထိုအရာတွေချမ်းမြှေ့စိတ်မဝင်စား...သူစိတ်ဝင်စားသည်က အလှဆုံးဖြစ်နေမည့် သူသူငယ်ချင်းမလေးကိုသာ။
မော်ဒယ်တွေတစ်ယောက်ပြီးတစ်ယောက်ထွက်လာလို့နေပြီ။သို့သော်ယခုအချိန်ထိချိုရဲ့အရိပ်အယောင်ကိုမတွေ့။ပွဲကြေညာသူရဲ့ နောက်ဆုံးပိတ်မော်ဒယ်ချောချောလေးအကြောင်းပြောလိုက်သည့်အခါ အားလုံးကလှုပ်လှုပ်ရွရွဖြစ်လာတော့သည်။
ခရမ်းရောင်ရေစိုစင်လေးကိုမှ ကြိုးတစ်လုံးလက်ပြတ်ကလေးနဲ့ချိုက ပွဲတစ်ခုလုံးမှာသူမအပေါ်လွင်ဆုံးပင်ဖြစ်သည်။လက်ဝတ်ရတနာများများစားစားမဆင်ရင်ထားပါဘဲ ဆွဲကြိုးပါးပါးလေးတစ်ကုံးကိုသာ ဆင်မြန်ထားသည့်ချိုရဲ့အလှအပက တကယ်ကိုစာပင်ဖွဲ့၍မမှီနိုင်။
တကယ်ပါဒီပွဲမှာချိုတစ်ယောက်တည်းသာ ကွက်ပြီးထင်ပေါ်နေသလို သူခံစားရစေပါသည်။ဒါဟာလည်းချမ်းမြှေ့က သူ့သူငယ်ချင်းမို့ မြှောက်ပင့်ပြောတာမျိုးလည်းမဟုတ်ပါ။စင်ပေါ်ကသူငယ်ချင်းမကိုကြည့်လို့ ချမ်းမြှေ့ဂုဏ်ယူစွာပြုံးလိုက်မိပါသည်။အစကထဲကချို့အားဒီလိုမျိုးမြင်တွေချင်ခဲ့တဲ့ဆန္ဒလေးသူပြည့်ဝလို့သွားခဲ့လေပြီ။
☁☁☁☁☁
updateလေးရပ်နားချင်ပေမဲ့ ရေးလို့ရသလောက်လေးထပ်ပြီးupပေးလိုက်ပါတယ်ရှင်
အားလုံးပဲ သွင်ထပ်ပြီးတောင်းဆိုပါရစေရှင် ယခုအခြေအနေမှာအားလုံးပဲနိုင်သလောက်လေးထပ်ပြီး အဘက်ဘက်ကနေပါဝင်ပြီး အတူတူအားဖြည့်ကြရအောင်နော် တတ်နိုင်သလောက်အားဖြည့်ပေးရင်း ဘုရား၊တရားလည်းမမေ့ကြပါနဲ့ရှင် အားလုံးပဲကပ်ကြီးသုံးပါးကနေအမြန်ဆုံးကျော်လွှားနိုင်ကြပါစေ☁
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"