" ယောက်ျားလေးတစ်ယောက်နဲ့ တစ်ပတ်တိတိ အတူရှိခဲ့တဲ့ မိန်းကလေးက ဘာမှမဖြစ်ခဲ့ပါဘူးတွေ ဘာတွေပြောနေလည်း အပိုပဲ။ အဲ့တော့ ပါးစပ်လေးပိတ်ပြီး အသာငြိမ်နေ"
မုန်းတယ်။ အသေမုန်းတယ်။ ဒီလိုလူမျိုးနဲ့ သူမဘဝကြီး ရှေ့ဆက်လှမ်းရတော့မှာလား။ ဂျယ်ဂျူက ထွက်လာကတည်းက ပေးလိုက်တဲ့အမိန့်တွေ တရစပ်။ သူ့ကိုပြန်ပြောမယ်ဆိုရင်လဲ Oppaလို့ ခေါ်နေရဦးမည်။ အဲ့တော့ မိSoo ပါးစပ်လေးပွစိပွစိနဲ့ မကျေနပ်တာတွေ ဖော်ပြနေတာကလွဲလို့ ဘာလုပ်နိုင်ဦးမှာလဲ။ ဖြစ်နိုင်ရင်တော့ အဲ့ဒီ့မထိတထိ ကြည့်တတ်တဲ့ သူ့မျက်လုံးတွေ ခပ်ရွဲ့ရွဲ့ပြုံးတတ်တဲ့ သူ့နှုတ်ခမ်းတွေကို တစ်စစီဆွဲကုတ်လိုက်ချင်သည်။
Chanyeol... ဘေးက နှုတ်ခမ်းစူ စိတ်တိုနေတဲ့ ကောင်မလေးကို မသိမသာ စောင်းငဲ့ကာ ခိုးကြည့်ရင်း အသည်းတွေယားနေတာ ကျလိကျလိ။ ကားပေါ်မှာတင် ဖက်နမ်းပစ်လိုက်ရလို့ကတော့...။
*Aish... Park Chan Yeol စိတ်ထိန်းစမ်း*
စိတ်ထိန်းလို့ပြောနေရင်းကပင် ကားစတီယာတိုင်ကို ကိုင်ထားတဲ့လက်တွေက တုန်လာသလို။ Chanyeol... ရုတ်တရက် ဘရိတ်ကိုနင်းပစ်လိုက်ရင်း...
"Yah.... မင်းမျက်နှာက ဘာဖြစ်နေတာလဲ။ ပုံမှန်အတိုင်းနေစမ်းပါ"
ကားကိုရုတ်တရက်ကြီးရပ်ရုံမက ရုတ်တရက်ကြီး သူမကို ပိတ်အော်နေတဲ့ Chanyeolကို Soo မျက်လုံးလေးတွေပြူးရင်း ကြောင်ကြည့်နေမိ၏။ Chanyeolလည်း သူ့ဘာသာမှားသွားမှန်း အခုမှဆင်ခြင်မိကာ...
"Mianae Soo... ကိုယ်ကဒီတိုင်း..."
"ဟီးဟီးဟီး.... T_T"
တောင်းပန်ကာမှ ပိုဆိုးတော့သည်။ Sooတစ်ယောက် အော်ငိုနေပြီလေ။ Chanyeol... သူမကိုချော့ပဲချော့ရတော့မလို ကားပဲဆက်မောင်းရတော့မလိုနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရပြီ။ နောက်ဆုံးတော့...
"Mianae... Mianaeyaw Soo-ah။ ကိုယ်မှားသွားတာပါ။ မငိုပါနဲ့ကွာ...နော်
"သွား... လာမထိနဲ့။ လာလဲမခေါ်နဲ့။ ဟင့်... သူများကိုလည်း အတင်းယူသေးတယ်။ အချိန်ပြည့် အနိုင်ကလည်းကျင့်သေးတယ် ဟီးးး မုန်းတယ်T_T"