"ရှင့်ဟာက ရုတ်တရက်ကြီး ဖြစ်မနေဘူးလား"
"ဟာကွာ... ကိုယ်တို့လုပ်ငန်းစု အောင်မြင်နေတာ လူတိုင်းအသိပဲ။ ပြီးတော့ ဒီလိုရင်းနှီးမြှုပ်နှံမျိုးကို လက်မခံလိုက်ရင် ကိုယ့်လောက်မိုက်တဲ့လူ ဒီကမ္ဘာမှာ ရှိတော့မှာမဟုတ်ဘူး"
Mr.Parkတို့လင်မယား တစ်စုံတစ်ခုကို အကြိတ်အနယ် ဆွေးနွေးလျက်ရှိကြသည်။ ညဘက် မိသားစုဆုံချိန် Sooလက်ရာ ကော်ဖီဝိုင်းလေးမှာပေါ့။ Suhoနဲ့Chanyeolတို့ညီအစ်ကိုကတော့ TVမှာလာနေတဲ့ Girls Generationအဖွဲ့ရဲ့သီချင်းကို ကော်ဖီသောက်ရင်း ဇိမ်ခံကြည့်နေကြသည်။ သူတို့နားထဲ Appaနဲ့Ommaရဲ့ ငြင်းခုံသံကို ကြားခြင်းအလျင်းမရှိ။ Postအမျိုးမျိုးပေးပြီး Candyကျွေးနေတဲ့ ကောင်မလေးတွေကိုသာ ငမ်းနေကြ၏။
*ဟွန်း ကြည့်စမ်းပါဦး။ အချိန်ပြည့် ငါ့နားလာပေါက်ပေါက်ဖောက်နေတဲ့ အကျင့်ပုတ်ကြီး အခုကျတော့ ငါ့ရှိတယ်တောင်ထင်ရဲ့လားမသိဘူး*
Soo နှုတ်ခမ်းလေးထော် မျက်နှာလေးစူပုတ်ကာ နှာဘူးကျနေတဲ့ သူမရဲ့ခင်ပွန်းတော်ကြီးကို မျက်စောင်းတွေပိတ်ထိုးနေမိသည်။ Chanyeolဆိုတဲ့ ကိုယ်တော်ချောကလည်း ပြောစရာ။ TV screenကို ပြူးကြည့်နေတာများ ပေါက်မထွက်တာကံကောင်း။
"သမီး Soo... သမီးတို့အတွက် လက်ဖွဲ့ပေးတဲ့ အိမ်ဆောက်လို့ပြီးသွားပြီသိလား။ ပြောင်းချင်ရင် ပြောင်းလို့ရပြီ။"
Mrs.Parkရဲ့ စကားသံကို Sooမကြားပါ။ စိတ်တိုတိုနဲ့ Coffeeကို တဖူးဖူးမှုတ်ရင်း မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Chanyeolကို ဂြိုဟ်ကြည့်ကြည့်ကာ အာရုံများနေသည်။ Chanyeolခမျာမှာတော့ သူ့Hyungနဲ့အပြိုင် ငမ်းနေရတာနဲ့အညီ ဘာမှမသိရှာ။
"ကြောင်နဲ့ကြွက်ရန်ပွဲ ထပ်ကြည့်ရတော့မယ်ထင်တယ် Yeoboရေ"Mr.Parkရဲ့ ခပ်တိုးတိုးလေး လောဆော်သံကို Mrs.Parkခေါင်းညိမ့်ထောက်ခံပြကာ လင်မယားနှစ်ယောက် ညစ်ကျယ်ကျယ်လေး ပြုံးလိုက်ကြပြီး ကော်ဖီဝိုင်းကနေ အသာလေးထထွက်ခဲ့ကြသည်။ တစ်နေရာအရောက် Mr.Park သူ့ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကိုနှိပ်လိုက်၏။
