"% £*&^^*"
ဗလုံးဗထွေးပြောနေတဲ့စကားတွေက အရာမထင်။ Soo ရှက်လွန်းလို့ မျက်ရည်များပင် လည်လာရတဲ့အထိ။ Park Chanyeolဆိုတဲ့ မုန်းစရာကောင်းတဲ့လူကြီးက Sooရဲ့နီရဲနေတဲ့ ပါးဖောင်းဖောင်းလေးတွေကို သူ့လက်နှစ်ဖက်ကြီးနဲ့ ဖျစ်ညှစ်ပြီး သူမရဲ့နှုတ်ခမ်းသားလေးတွေကို သိမ်းပိုက်နေတာလေ။ Sooအတွက် စက္ကန့်၃ဝက နာရီပေါင်း၃ဝအတိုင်းပါပဲ။
Park Chan Yeolရဲ့ အနိုင်ကျင့်မှုက Sooလွတ်မြောက်သွားချိန်မှာ ပထမဆုံးလုပ်လိုက်မိတာက ဘေးဘီပတ်ဝန်းကျင်ကို မလုံမလဲ ဝေ့ကြည့်မိခြင်းပင်။ မနက်စောစောပေမယ့် ကျောင်းသွားမယ့်သူတွေ အလုပ်ဆင်းမယ့်သူတွေနဲ့ ကော်ဖီဆိုင်လေးက အသက်ဝင်နေသလို သူမတို့ကိုလဲ တအံ့တဩငေးကြည့်နေကြသည်။ တစ်ချို့ဆို အတင်းတုပ်သလို ပွစိပွစိနဲ့။ Soo ဒေါသမထွက်အားတော့ဘဲ မျက်ဝန်းအိမ်ထဲက မျက်ရည်တွေကျမလာခင် ဆိုင်လေးထဲက ပြေးထွက်ဖို့လုပ်တော့ အနောက်ကနေ သူမကိုပွေ့ချီခြင်းခံလိုက်ရသည်။
"ARNYAWCASAYO... ဒါက ကျွန်တော်နဲ့မကြာခင် လက်ထပ်တော့မယ့် ကျွန်တော့်ဇနီးလောင်းလေးပါ။ ချစ်စရာဇနီးလေးက စိတ်ကောက်နေလို့ အမှတ်မထင်ချော့လိုက်မိတာ။ ဒီကသူငယ်ချင်းတွေ နားလည်ပေးပါနော"
Park Chanyeolရဲ့အသံက ကော်ဖီဆိုင်လေးထဲ လွှမ်းသွားပြီးနောက်ပိုင်း လက်ခုပ်သံတွေ ပေါ်ထွက်လာသည်။ ပြီးတော့ Sooနားလေးမှာ သူခပ်တိုးတိုးလေး ကပ်ပြောလိုက်တဲ့စကားက...
"နောက်တစ်ခါ ငါ့ကိုအာခံရင် ဒီ့ထက်ပိုဆိုးမယ်မှတ်"တဲ့။
Soo မျက်ရည်တွေအတားအဆီးမရှိကျလာကာ ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ Chanyeolကို မုန်းမိသွား၏။ ဟုတ်သည်... မုန်းသည်... သူ့ကိုအရမ်းမုန်းမိသွားပြီ။---------☆☆☆--------
"ဒေါက်... ဒေါက်... ဒေါက်"
"Soo... သမီး... တံခါးဖွင့်စမ်း"
Mr.Doတို့လင်မယား တံခါးကိုတဘုန်းဘုန်းထုတဲ့အထိ အထဲက ဘာမှတုံ့ပြန်သံမကြားရ။ သူတို့စိတ်ပူလှပြီ။ အလုပ်ကပြန်ရောက်ရောက်ချင်း အိမ်အကူArjimaလာပြောတာက Sooလေး မနက် အပြင်ကပြန်လာပြီးကတည်းက အခန်းထဲကအခန်းပြင်မထွက်သလို ဘာမှလဲမစားတဲ့။ တစ်ခါတစ်ခါ အော်ငိုသံတွေတောင် ထွက်လာသေးသတဲ့။
