"Park Chanyeol!!!"
Parkအိမ်တော်ထဲက ဟိန်းထွက်လာတဲ့အော်သံကြီးကြောင့် ခြံထဲမှာပန်းပင်စိုက်နေတဲ့Sooနားမှာ ကပ်နေတဲ့ Chanyeol လန့်သွားသည်။ ဒါAppaအသံ။ ဘာဖြစ်တာပါလိမ့်။ Chanyeol... ကသိုက်ကရိုက်ထပြီး Sooနားကခွာကာ Appaဆီ ပြေးလာခဲ့ရသည်။ ခေါ်သံအနေအထားကြောင့် အချိန်ဆွဲရင် နာတော့မည်မှန်း နားလည်သည်လေ။
"ဒါကဘာလဲ ပြောစမ်း"
ရှေ့တော်မှောက်ရောက်တာနဲ့ စာရွက်တစ်ရွက်ကို သူ့မျက်နှာရှေ့ခါပြကာ မေးသောAppaကို သူနားမလည်သလိုကြည့်လိုက်ရင်း စာရွက်ကိုယူဖတ်လိုက်တော့...။
*Aish... ငါတော့နာပြီ*
သူ မချိပြုံးလေးပြုံးလိုက် ယောင်လည်လည်နဲ့ရယ်ပြလိုက်နဲ့ Appaရှေ့ ဘယ်လိုဆက်နေရမှန်းတောင် မသိတော့။ ကျောင်းအစုတ်ပလုတ်ကလဲ ကျောင်းပျက်တာနဲ့ပဲ တိုင်စာပို့ရသလား။
"ငါ့ကိုလာဖြဲပြမနေနဲ့ ငChan။ ပြောစမ်း တစ်ပတ်လုံးလုံးကျောင်းမတက်ဘဲ ဘယ်အလေလိုက်နေပြန်တာလဲ"
"ဟို... အာ့... အာ့ကလေ"
Chanyeol ခေါင်းကိုကုတ်လိုက် လည်ပင်းကိုပွတ်လိုက်နဲ့ ဘာဖြေရမှန်းမသိ။ ခါးကြီးထောက် မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတဲ့ Appaပုံစံကြောင့် လူလဲတုန်ချင်နေပြီ။ အရေးထဲ စစ်ကူခေါ်ဖို့ Ommaနဲ့Hyungကလဲ ဘယ်ရောက်နေကြတာလဲမသိပါ။
"ဖြေလေ"
ထပ်အော်လိုက်တဲ့ Appaကို သူ အသနားခံတဲ့မျက်ဝန်းလေးတွေနဲ့ မျက်နှာချိုသွေးပေမယ့် Appaရဲ့လက်ကြီးက သူ့ခေါင်းဆီဦးတည်လာတာမို့...
"အာ... Ap...Appaမရိုက်နဲ့... သားSooဆီသွားနေတာ စိတ်မချလို့"
"ဘာာာာ"
Chanyeol Appa ဘာခနဲဖြစ်သွားကာ ခေတ္တခဏ ကြောင်သွားသည်။ Chanyeolလည်း မျက်လုံးလေးကလယ်ကလယ်နဲ့ Appaဆီက တုံ့ပြန်မှုကို ကြောက်ကြောက်နဲ့ စောင့်နေရသည်။ သိပ်မကြာလိုက်ပါ။
"စိတ်မချရအောင် ဟိုကကလေးလား... ဒီကောင်တော့... ကဲကွာ... ကဲကွာ..."