"ဒီမှာ ရှယ်ယာလွှဲပြောင်းစာချုပ်။ Master Kim လက်မှတ်ထိုးပေးပြီးသားပါ"
ယခုအချိန်မှာ Parkလုပ်ငန်းစု၏ ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်နေသော Kim Kai၏ အတွင်းရေးမှူး လီဆိုမင် ဆိုသူ ကမ်းပေးလာသည့် စာရွက်စာတမ်းများကို Suho တအံ့တဩနှင့် လက်ခံယူလိုက်ချိန်မှာ Appaနဲ့Ommaတို့ကတော့ စကားပင် ပြန်မပြောနိုင်အောင် မင်သက်နေကြ၏။
"Kim Kaiဆိုတာ Kim Joung Minရဲ့သား ဟုတ်လား"
Mr.Park မယုံကြည်နိုင်။ Kim Kaiဆိုတာ တစ်ချိန်က Kim Jong Minရဲ့သားတဲ့။ ဒါ့ကြောင့် ရုတ်တရက်ကြီး ငွေတွေအပုံလိုက် ရင်းနှီးမြှုပ်နှံလာတုန်းက မြင်ဖူးသလို ဖြစ်နေတာကိုး။
တကယ့် ဖအေတူသား ကောင်ဆိုးလေးပဲ။"Nae... Kimသူဌေးကြီးသားပါ။ သူ့အဖေသေဆုံးမှုမှာ နားလည်မှုလေးတွေလွဲပြီး ဒီအခြေအနေထိရောက်ကုန်တာ။ အခုတော့ အမြင်မှန်ရသွားရှာပါပြီ။ ဒီတစ်ခါလဲ Parkဘက်က အရင်လိုပဲ ကျေအေးပေးမယ်လို့ မျှော်လင့်ပါတယ်"
အတွင်းရေးမှူးလီ တောင်းတောင်းပန်ပန်နှင့် ခယစွာ ပြောနေတော့ Mr.Parkတို့လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကာ ယောင်တောင်ပေါင်တောင်နဲ့ ခေါင်းငြိမ့်ပြလိုက်လေသည်။
Suhoကတော့ သူတို့တတွေ ဘာတွေပြောနေမှန်း နားမလည်သလို စိတ်လည်းမဝင်စား။ ရှယ်ယာလွှဲပြောင်းစာချုပ်ထဲက သုညအလုံးရေတွေကို တံတွေးဆို့မတတ် မျက်လုံးကြီးပြူးကာ ရေတွက်နေသည်။
"...ရှစ်...ကိုး... ဆယ်... ဆယ့်...အဟွတ် အဟွတ်... ရေ...ရေ"
ရင်ဘတ်ကို တဘုန်းဘုန်းထုလျက် ထမင်းစားခန်းဆီ ပြေးထွက်သွားလေသော Suho။ Mr.Park တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး လီဆိုမင်ကို ပြန်ကြည့်ကာ...
"Projectခိုးတယ်ဆိုပြီး တရားစွဲတာလည်း အဲ့ကလေး လက်ချက်ပဲလား"
Suhoအဖြစ်ကြောင့် ရယ်လျက်ရှိသော လီဆိုမင်မှာ Parkသူဌေးမေးခွန်းကြောင့် ကိုယ့်အနေအထားကို ပြုပြင်ကာ အနည်းငယ် တည်ငြိမ်လေးနက်သော မျက်နှာထားနှင့်...
