Soo လေးလံဝေဝါးနေတဲ့ မျက်ခွံလေးတွေကို အားယူဖွင့်လိုက်သည်။ ပန်းဖျော့ရောင်မျက်နှာကျက်ကို မြင်လိုက်တာနဲ့ သူမအခန်းထဲမှာဆိုတာ အလိုလိုသိလိုက်၏။
"Soo... သမီးလေး နိုးလာပြီလား"
အသံလာရာ ကုတင်ဘေးကို ငဲ့ကြည့်လိုက်တော့ Ommaနဲ့Appa။ Soo ထ၍ ကုတင်ကိုကျောမှီထိုင်ရင်း...
*ငါဘာဖြစ်သွားတာလဲ*
နောက်ကျိကျိခေါင်းတွေက ဘာမှကို စဉ်းစားမရ။
"Sooသတိရလာပြီဆိုတာ Krisတို့ကို လှမ်းပြောလိုက်ဦး Yeobo။ သူတို့လည်း အရမ်းစိတ်ပူနေတာ"
Appaက Ommaကိုခေါင်းငြိမ့်ပြရင်း Sooကိုတစ်ချက်ကြည့်၍ ပြုံးပြကာ အခန်းထဲကထွက်သွားသည်။ ခေါင်းလေးကိုနှိပ်ရင်း ရှုံ့မဲ့နေတဲ့ Sooမျက်နှာလေးကို Ommaက...
"မသေကောင်း မပျောက်ကောင်း သမီးရယ်။ တော်သေးတာပေါ့ Krisလေးရဲ့သူငယ်ချင်းကယ်လို့။ သမီးကသာ ဒဏ်ရာကြီးကြီးမားမားမရတာ။ အဲ့ဒီ့ကောင်လေးဆို ခေါင်းတွေရော လက်တွေရော တော်တော်ခိုက်မိသွားတာတဲ့"
*Park Chan Yeol!!!*
Soo အခုမှ ဖြစ်ခဲ့တာတွေကို ပြန်မြင်ယောင်လာမိသည်။ Park Chan Yeol... သူအဆင်ပြေရဲ့လား။ Soo... ရုတ်တရက် Chan Yeolကို စိတ်ပူသွားမိသည်။ သူ Sooကို ကာကွယ်ခဲ့တာ။
"ဒါနဲ့ အဲ့ဒီ့ကောင်လေးက Mr.Park သားမလား"
"Nae???"
Soo... ရုတ်တရက်မို့ ဘာပြန်ဖြေရမှန်းမသိ။ Ommaဆိုလိုတာ Juလုပ်ငန်းစုကိုမှန်း Sooသိပေမယ့် ဖြေလိုက်လို့ ဟိုတစ်ခါ ဓာတ်လှေကားကကိစ္စတွေပါ ပါလာမှာစိုးသည်။
"Soo..."
"Oppa"
Kris Oppaကို ဒီတစ်ခါတော့ Sooကျေးဇူးတင်လိုက်မိသည်။ Ommaကတော့ Kris Oppaဝင်လာတော့ Sooအတွက် ဆန်ပြုတ်သွားယူမယ်ဆိုပြီး ထွက်သွား၏။ Kris Oppaက Sooကုတင်ဘေးမှာ အသာဝင်ထိုင်ကာ...
"သက်သာရဲ့လား Soo။ ဘာတွေဘယ်လိုဖြစ်သွားမှန်း မသိပေမယ့် Oppa တောင်းပန်ပါတယ်ကွာ"
