"ဖြစ်ပြီးသွားမှတော့ Ommaတို့လည်း မတတ်နိုင်ဘူးလေ။ အစကတည်းက သူနဲ့သဘောတူထားတာကို သမီးအတင်းဖျက်လို့သာ ဖျက်လိုက်ရတာ။ အခုဒီလိုဖြစ်သွားတော့လည်း လက်ခံရုံပဲပေါ့။ ဒါOmmaတို့အမှားမဟုတ်ဘူးနော်... အဲ့တော့ သမီးမိုက်ရူးရဲဆန်တဲ့အလုပ်တွေ မလုပ်မိပါစေနဲ့"
Ommaရဲ့ ဖြေရှင်းချက်စကား တသီတစ်သန်းကြီးကို Soo ရင်မောစွာ နားထောင်ပြီးနောက်ပိုင်း နောက်ဆုတ်လို့မရတော့တာ သေချာသွားသည်။ မယုံနိုင်စရာပဲ... Park Chanyeolဆိုတဲ့လူဆိုးနဲ့ သူမဘဝဆက်ရတော့မှာလား။ ဒါဟာ သူမရဲ့ကံတရားပဲလား။
"သမီး ဒီဝတ်စုံလေး မဆိုးဘူး။ ဝတ်ကြည့်ပါလား"
Ommaရွေးပြတဲ့ ဖြူလွလွကြိုးတစ်ကိုင်း ဂါဝန်ရှည်ကားကားလေးက သူမကို လှောင်နေသလိုလို။ အခု သူမWeddingအတွက် Ommaက မင်္ဂလာဝတ်စုံရွေးပေးနေတာလေ။ သူမ တောင်းဆိုလို့ Ommaက သူမနဲ့နှစ်ယောက်တည်း လာခဲ့တာပေါ့။ မဟုတ်ရင် ဟိုဘုကလန့်ကြီး ပါလာဦးမှာ အသေအချာ။
Soo နှုတ်ခမ်းလေးစူရင်း အဖြူရောင် ဂါဝန်လေးကို သွားဝတ်ကြည့်လိုက်သည်။ အဝတ်လဲခန်းထဲက မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်ပုံရိပ်လေးကိုကြည့်ရင်း ဝမ်းနည်းသွားမိပြန်သည်။ သူမလိုကောင်မလေးနဲ့ အဲ့လူကြီး လုံးဝမတန်...။
---------♡♡♡--------
~~~Alarm Ringtone~~~
Alarmသံလေး နားထဲဝင်လာတာနဲ့ Yeolမျက်လုံးတို့ ဖျတ်ခနဲပွင့်သွားကာ အိပ်ရာပေါ်က ငေါက်ခနဲထလိုက်မိသည်။ ဒီနေ့... ဒီနေ့က....။
"Yessss!!!"
သူ အိပ်ရာပေါ်ကဆင်းရင်း ရေချိုးခန်းထဲဝင်ကာ သီချင်းလေးတညည်းညည်းနဲ့ ရေချိုးနေမိ၏။
"Baby don't cry tonight"
အင်း... ဒီအချိန်လောက်ဆို စွာတေးမလေး ဘာလုပ်နေလောက်လဲ။ Makeupတွေပဲလိမ်းနေမလား။ ဒါမှမဟုတ် သူ့လိုပဲ ရေချိုးနေမလား။ အဟိ... သေချာတာကတော့ စွာတေးလေးမျက်နှာ စူပုတ်နေမှာပါ။
"ဘုန်း... ဘုန်း... ဘုန်း"
"ဟေ့ရောင်... ရေချိုးရင်း သီချင်းဆိုလိုက် ရယ်လိုက်နဲ့ ရူးနေလား။ မြန်မြန်လုပ်"