(၂၃)

622 91 24
                                    

Unicode

အစ်ကိုနှင့် အစ်ကို သဘောကျနေသည်ဟု ကျွန်တော် ယူဆထားသော ထိုသူနာပြုဆရာမလေးအား အတူတွဲ၍ မြင်လိုက်ရပြီးနောက်တွင် ကျွန်တော်နှင့်အစ်ကို သိပ်စကားမပြောဖြစ်တော့ပါ။ တစ်အိမ်တည်းတွင် အတူနေပြီး တစ်ယောက်၏မျက်နှာကို တစ်ယောက်က အချိန်တိုင်းနီးပါး မြင်နေရတာတောင်မှ စကားမပြောဖြစ်ကြသည်မှာ တွေးကြည့်လျှင် ရင်နာဖို့ တော်တော်ကောင်းလှပါသည်။

သော်နှင့် စိတ်ဆိုးစိတ်ကောက်ကြလျှင် သော်က ဘယ်သောအခါမှ စတင်ချော့မော့ခဲ့ခြင်း မရှိခဲ့ဘဲ ကျွန်တော့်ဘက်ကနေသာ စတင်ချော့မော့ခဲ့ရခြင်းများနှင့်သာ နေသားတကျဖြစ်ခဲ့ပါသည်။ ကျွန်တော့်ဘက်ကမှ အလျှော့မပေးခဲ့ဘဲ သော့်လိုသာ နေနိုင်ခဲ့မည်ဆိုလျှင် သော်နှင့်ကျွန်တော်ကြားက ဆက်ဆံရေးသည် ယခုထက်ပင် စောစီးစွာ ပြတ်တောက်သွားခဲ့မည်မှာ သေချာခဲ့ပါသည်။

ထို့ကြောင့် တစ်စုံ‌တစ်ယောက်နှင့် ပြဿနာဖြစ်လျှင် ကျွန်တော့်ဘက်ကသာ စတင်အလျှော့ပေးသင့်သည်ဟူသည့်အသိစိတ်သည် ကျွန်တော့်ထံတွင် ကပ်ငြိနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီထင်ပါသည်။

အစ်ကို့ကိုလည်း ကျွန်တော့်ဘက်က စတင်၍ အလျှော့ပေးသင့်သည်ထင်ပါသည်။ အလျှော့ပေးရအောင်လည်း ကျွန်တော်ဟာ အစ်ကို့အပေါ်မှာ အမှားလုပ်ထားတာမျိုးလည်း မရှိပါ။ ဒါဆိုရင် အစ်ကိုကလည်း ကျွန်တော့်အပေါ်မှာ အမှားလုပ်ထားတာမျိုးလည်း မရှိပါ။ အစ်ကိုနှင့်ကျွန်တော် တစ်ယောက်ကိုတစ်ယောက် စကားမပြောနိုင်ဖြစ်နေရသည့် ပြဿနာ၏ အရင်းအမြစ်က ဘာများလဲ။

ဒီအတိုင်း အစ်ကို့ကို အခြားမိန်းမတစ်ယောက်နဲ့ တွဲမြင်လိုက်ရတာကို အသားမကျသေးရုံ၊ ဂရုမစိုက်နဲ့လို့ဆိုတိုင်း ဂရုမစိုက်ဘဲနေနေ၍ စိတ်ဆိုးနေရုံပါပဲ။

အကယ်၍ ကျွန်တော့်ဘက်က အလျှော့မပေးဘဲ ထားလိုက်မယ်ဆိုရင်၊ မာနတွေကို ရှေ့တန်းတင်ပြီး အစ်ကို့ကို မခေါ်မပြောဖို့ကိုပဲ ရွေးချယ်လိုက်မယ်ဆိုရင် အစ်ကိုဟာ သော့်လိုမျိုး ကျွန်တော်နဲ့ အဝေးဆုံးကို ထွက်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့မှာလား။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now